Entertainment

ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး Emma Stone

Want create site? Find Free WordPress Themes and plugins.

“La La Land”, “Amazing Spider” စတဲ့ ရုပ်ရှင်တွေနဲ့ ပရိသတ် ချစ်ခင်မှုကို ရရှိထားပြီးသားဖြစ်တဲ့ မင်းသမီး Emma Stone ဟာ ဒီဇင်ဘာလ ၅ ရက်နေ့က သူမရဲ့ ချစ်သူနဲ့ စေ့စပ်လိုက်ပြီလို့ သိရပါတယ်။

Dave McCary လို့ အမည်ရတဲ့ သူမရဲ့ ချစ်သူနဲ့ ချစ်ဇာတ်လမ်းကို ၂၀၁၇ ခုနှစ်ကတည်းက ပရိသတ်အား ချပြခဲ့ပြီး ၂၀၁၉ ရောက်တော့ စေ့စပ်လိုက်တာဖြစ်ပါတယ်။ စေ့စပ်လိုက်တဲ့ အကြောင်းကို Dave McCary က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာဖြစ်ပြီး ဓာတ်ပုံမှာ Emma က သူမရဲ့ လက်စွပ်ကို ပြထားခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ Emma အစီအစဉ် တင်ဆက်သူအနေနဲ့ ပါဝင်ခဲ့တဲ့ SNL (Saturday Night Live) ဆုပေးပွဲမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ Dave McCary က ဒါရိုက်တာအဖြစ် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ မင်းသမီး Emma Stone ဟာ မင်းသား Andrew Garfield နဲ့ ၄ နှစ်ကြာ တွဲခဲ့ပေမယ့် သူတို့ရဲ့ဇာတ်လမ်းဟာ ၂၀၁၅ ခုနှစ်မှာ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ မှာ အတွဲအနေနဲ့ ပရိသတ်အရှေ့ကို ရောက်လာတဲ့ Emma နဲ့ Dave တို့ဟာ စေ့စပ်ပြီးနောက်မှာ လက်ထပ်ပွဲအတွက် စီစဉ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့ နှစ်ဦး စေ့စပ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပရိသတ်တွေကလည်း ပျော်ရွှင်စွာ အားပေးခဲ့ကြတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ Emma ဟာ အသက် ၃၁ နှစ် ရှိပြီဖြစ်ပြီး Dave ကတော့ အသက် ၃၅ နှစ် ရှိပြီလို့ သိရပါတယ်။

Ref. globalnews

You may also like these stories:

Tom Felton နဲ့တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသမီး Emma Watson

အပြင်မှာလည်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အနုပညာရှင်များ

ချစ်သူ Cooke Maroney နဲ့ လက်ထပ်လိုက်တဲ့ မင်းသမီး ဂျန်နီဖာလောရန့်စ်

Did you find apk for android? You can find new Free Android Games and apps.
Loading