မင်းသား Henry Cavill က “Man of Steel” နောက်ဆက်တွဲ ဇာတ်လမ်းတခု ရှိလာနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။ မင်းသား Henry ဟာ Superman အဖြစ် ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်မှာ ပွဲဦးထွက် ပါဝင်လာခဲ့တာဖြစ်ပြီး နောက်ထပ် ထွက်လာမယ့် နောက်ဆက်တွဲ ရုပ်ရှင်အကြောင်းကိုတော့ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
မင်းသား Henry ဟာ ခရစ်ပတွန်ဂြိုဟ်က နောက်ဆုံးကျန်ရှိသူအဖြစ် “Batman v Superman: Dawn of Justice” နဲ့ “Justice League” ရုပ်ရှင်တို့မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
မင်းသား Henry က “Man of Steel” နောက်ဆက်တွဲကို ဖန်တီးမယ်ဆိုရင် တော်တော်လေးကို ထူးခြားမှာဖြစ်ပြီး သူ့အနေနဲ့လည်း DC Comics ရဲ့ ကမ္ဘာကျော် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်နေရမှာ ပါဝင်ရဖို့ မပြီးသေးဘူးလို့ ဆိုပါတယ်။
Fox 5 ရုပ်သံရဲ့ Kevin McCarthy နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာပဲ Justice League ရုပ်ရှင်ကို ဒါရိုက်တာ Zack Snyder ဖန်တီးထားတဲ့ ဗားရှင်းနဲ့ ပြန်လည်ပြသပေးဖို့ လှုပ်ရှားမှုအကြောင်း မေးမြန်းခဲ့တာဖြစ်ပေမယ့်သူ့အနေနဲ့ကတော့ အနာဂတ် Superman ရုပ်ရှင်အတွက်ပဲ အာရုံပိုစိုက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကိစ္စတွေ ဘယ်လို ပြောင်းလဲလာမယ်ဆိုတာကိုပဲ ကြည့်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကျနော့် အတိတ်ရဲ့ ကဏ္ဍတခုမှာတော့ အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာကိုပဲ ကျနော် ပိုပြောချင်ပါတယ်”
“အနာဂတ် Superman အတွက် ကာတွန်းစာအုပ်တွေထဲကနေ အဲ့ဒီဇာတ်ကောင်ကို ကျနော် ဘယ်လိုပုံဖော်နိုင်မလဲဆိုတာ၊ Man of Steel နဲ့ဘယ်လိုမျိုး ကောင်းကောင်းမွန်မွန် ချိတ်ဆက်မယ်ဆိုတာပဲ စဉ်းစားပါတယ်။ Man of Steel က ကျနော်သိပ်ကြိုက်တဲ့ ရုပ်ရှင်ပါ။ ဘာတွေကျန်ဦးမလဲဆိုတဲ့ ဇာတ်လမ်းကို ကျနော် ပြောပြချင်ပါသေးတယ်”လို့ မင်းသားက ဆိုပါတယ်။
အသက် ၃၆ နှစ်အရွယ် မင်းသားက နောက်ဆက်တွဲရုပ်ရှင် တကယ်ဖြစ်လာမလားဆိုတဲ့ မေးခွန်းကိုတော့ အတိအကျ ဖြေသွားခဲ့တာမျိုး မရှိပါဘူး။ သူက “ဘာမှတော့ မပြောနိုင်သေးပါဘူး။ ထူးခြားမယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်”လို့ ဆိုပါတယ်။
မကြာသေးခင်တုန်းကလည်း မင်းသား Henry ဟာ Superman နေရာကနေ သရုပ်ဆောင်ဖို့ လက်မလျှော့ချင်သေးတဲ့ အကြောင်းနဲ့ အဲ့ဒီ ဇာတ်ကောင်အတွက် ပေးဆပ်စရာတွေအများကြီး ရှိနေသေးတယ်လို့ ပြောဆိုထားပါတယ်။
Ref: asiaone
You may also like these stories:
ခန္ဓာကိုယ်ဝနေလို့ James Bond နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းပယ်ခံလိုက်ရတဲ့ Henry Cavill
Joker နောက်ဆက်တွဲရုပ်ရှင်မှာ တွေ့မြင်ရနိုင်ခြေရှိတဲ့ Superman နဲ့ Lex Luthor
Superman အဖြစ် သရုပ်ဆောင်ဖို့ Warner Bros နဲ့ ဆွေးနွေးနေတဲ့ မိုက်ကယ်ဘီဂျော်ဒန်