ထိုင်းဂူအကြောင်း ရိုက်ကူးထားတဲ့ "The Cave" ရုပ်ရှင် မြန်မာနိုင်ငံမှာ ရုံတင်ပြသပြီ
၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ ထမ့်လုံလှိုဏ်ဂူအတွင်း ပျော်ပွဲစားသွားရင် ဂူထဲမှာ ပျောက်ဆုံးသွားတဲ့ တောဝက်ဘောလုံး အသင်းသားတွေကို အားလုံးပဲ မှတ်မိကြဦးမယ် ထင်ပါတယ်။ သူတို့ကို ကယ်ဆယ်ဖို့အတွက် ထိုင်းအစိုးရဟာ နိုင်ငံတကာ အကူအညီနဲ့ အသည်းအသန် ကြိုစားပြီးနောက်မှာတော့ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အစာနဲ့ ရေသန့် မရှိတဲ့ လှိုဏ်ဂူအတွင်း ၁၁ ရက်ကြာ ပိတ်မိနေတဲ့ ဒီဖြစ်ရပ်ကို ထိုင်းနိုင်ငံဖွား၊ အိုင်းရစ်လူမျိုး ဒါရိုက်တာ Tom Waller က ရုပ်ရှင် ရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်ရှင်အမျိုးအစားကတော့ ဒရာမာ၊ သည်းထိတ်ရင်ဖို၊ လျှို့ဝှက်ဆန်းကြယ် ဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့Trailer ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာတော့ နိုဝင်ဘာလ ၂၁ ရက်နေ့က စတင် ရုံတင်ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင်ပြသနေပြီ ဖြစ်ပါတယ်။
ရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် Netflix, Ivanhoe Pictures ကုမ္ပဏီတို့ ပူးပေါင်းရိုက်ကူးခဲ့တာဖြစ်ပြီး ထိုင်းအစိုရကလည်း ပူးပေါင်းကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တောဝက်အသင်းသားတွေကို ဂူထဲက လွတ်မြောက်လာပြီးကတည်းက ရုပ်ရှင်၊ စာအုပ်နဲ့ သတင်းမှတ်တမ်း စတာတွေ ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပြီး The Cave ရုပ်ရှင်ကတော့ ပထမဆုံးထွက်ရှိလာတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လှိုဏ်ဂူအတွင်းက လွတ်မြောက်ပြီး ၁ နှစ်ကျော် အတွင်း အပြီးသတ် ရိုက်ကူးနိုင်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ IMDb မှာ Rating (6.8) အထိ ရရှိထားပါတယ်။
ဒီရုပ်ရှင်ကို ပထမဆုံးအနေနဲ့ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်
Ref. AFP, IMDb, Variety
You may also like these stories:
ဂန်းစတားပုံစံ သရုပ်ဆောင်ဖို့ ကိုရီးယား ဂန်းစတားတွေကို လေ့လာနေတဲ့ ကောင်းမြတ်စံ
“Planet of the Apes” ရုပ်ရှင်သစ် ရိုက်ကူးရေး Disney မှာ ပြုလုပ်နေပြီ