• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟေမန်ဆောင်း သီချင်းများနဲ့ ဒိုင်တွေကို သဘောကျစေခဲ့တဲ့ Myanmar Idol

by ချစ်ပိုး
6 December 2019
in Entertainment
A A
ယခုတပတ် ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Idol ပြိုင်ပွဲဝင်များ / Myanmar Idol's Facebook

ယခုတပတ် ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Idol ပြိုင်ပွဲဝင်များ / Myanmar Idol's Facebook

20.8k
VIEWS
Share on FacebookShare on Twitter

Myanmar Idol Season 4 ပြိုင်ပွဲကြီး ယှဉ်ပြိုင်မှုများက အရှိန်တက်လာတာနဲ့အမျှ ပြိုင်ပွဲဝင်တွေဟာ ဒီဇင်ဘာ ၅ ရက်နေ့မှာတော့ ဟေမန်ဆောင်း သီချင်းတွေနဲ့အတူ သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။

အခု သီတင်းပတ်မှာတော့ Top Finalists ၆ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုမ်း၊ နော်စေးစေးထူး၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က သီဆို ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
350
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
403
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
909

ပထမဆုံးအနေနဲ့ ဒိုင် ၃ ဦးရဲ့ ပြိုင်ပွဲတခုလုံးမှာ တကြိမ်သာ အသုံးပြုခွင့်နဲ့ Safe ထားတဲ့ နော်စေးစေးထူးက အဆိုတော် Lလွန်းဝါ သီဆိုထားတဲ့ “ဆောင်းအိပ်မက်” သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ရာ ဒိုင်များက ချီးကျူးစကားများ ဆိုခဲ့ကြပါတယ်။

ဒုတိယတယောက် အနေနဲ့ ယောကီးက ဘိုဖြူ သီဆိုထားတဲ့ “လက်တီး” သီချင်းကို ချင်းရိုးရာ အကဖြင့် တွဲဖက် သီဆိုယှဉ်ပြိုင်ခဲ့ရာ ရှမ်းသီချင်းကို ချင်းအကနဲ့ သီဆိုသွားလို့ တိုင်းရင်းသားတွေရဲ့ စည်းလုံးမှုကို ဖော်ပြနိုင်ခဲ့တယ်လို့ ဒိုင်တွေက ချီးကျူးခဲ့ပါတယ်။

အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ အေးမြဖြူက တေးသံရှင် စိုင်းထီးဆိုင်ရဲ့ “ဒီဆောင်းတည”ဆိုတဲ့ နာမည်ကြီး သီချင်းကို မူရင်း တေးသံရှင်ပုံစံနဲ့ မတူဘဲ မိန်းကလေး တယောက် နေရာက ပြန်လည် သီဆိုခဲ့ပြီး ရသတမျိုး ပေးစွမ်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပတ်က Bottom ထိုင်ခဲ့ရပေမယ့် ယခုတပတ်မှာတော့ သူမရဲ့သီဆိုမှုအပေါ် ဒိုင်များက ချီးကျူးစကားများ ဆိုခဲ့ပါတယ်။

ဘင်ဂျမင်ဆုမ်းက တေးသံရှင် ဗစ်တာခင်ညို သီဆိုထားတဲ့ “ဒီဇင်ဘာ မနက်ခင်း” သီချင်းကို သူ့ဟန်ပန် အတိုင်း အကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ နာမည်ကြီး အဆိုတော်တွေရဲ့ သီချင်းကို ဖျက်နေတယ်လို့ ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျနေတဲ့ ဘင်ဂျမင်က ဒိုင် ၃ ယောက်စလုံးရဲ့ အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။

ဆောင်းဦးလှိုင် ရေးစပ်ပေးထားတဲ့ “ဆွေး” လို့ အမည်ပေးထားတဲ့ သီချင်းကိုတော့ ချင်းတိုင်းရင်းသူ ပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုန်က ကိုယ်ပိုင်သီဆိုဟန် စတိုင်အပြည့်နဲ့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရှေ့အပတ်က Bottom ထိုင်ခဲ့ရတဲ့ မူးလာက အဆိုတော် ဖိုးချို သီဆိုထားတဲ့ “လွမ်းညအိပ်မက်”ဆိုတဲ့ သီချင်းကို ကြိုးစားမှုအပြည့်နဲ့ ကောင်းမွန်စွာ သီဆိုယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိခဲ့သလို ဒိုင်တွေကလည်း သဘောကျ ချီးကျူးခဲ့ကြပါတယ်။

Myanmar Idol Season 4 ရဲ့ အမှတ်တရ စိုးလွင်လွင် သီချင်းများ သီဆိုမှုမှာတော့ မူးလာ၊ အေးမြဖြူ၊ ထက်အဉ္ဇလီတို့ Bottom ထိုင်ခဲ့ရပြီး ထက်အဉ္ဇလီ ထွက်ခွာသွားခဲ့ရပါတယ်။ ယခု တပတ်မှာလည်း ပြိုင်ပွဲကနေ ဘယ်သူ ထွက်ခွာရမလဲဆိုတာ ရင်ခုန်နေကြသလို Wild Card နဲ့ ဘယ်သူပြန်လာရမလဲ ဆိုတာကိုပါ ရင်ခုန်နေကြပါတယ်။

Myanmar Idol Season 4 မှာတော့ ဆန်ခါတင်ပြိုင်ပွဲဝင် ၁၁ ယောက်အနက် လက်ရှိမှာတော့ ပြိုင်ပွဲဝင် ၆ ယောက်သာ ကျန်ရှိနေပြီး အကဲဖြတ်ဒိုင်များအဖြစ် အောင်ကိုလတ်၊ တင်ဇာမော်၊ ဖြူဖြူကျော်သိန်းတို့က သုံးသပ်ချက်များပေးပြီး ပရိသတ်များက မဲပေးရွေးချယ်ရတဲ့ စနစ်နဲ့ တင်ဆက်နေတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များရဲ့ ဒီတပတ် “ဟေမန်ဆောင်း သီချင်းများ” ဖျော်ဖြေမှုမှာတော့ ဒိုင်တွေရဲ့ မှတ်ချက်စကားများဟာ ကောင်းလွန်းတယ်ဆိုတဲ့ မှတ်ချက်ပေးမှုများကြောင့် ပရိသတ်အချို့ကလည်း ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။

You may also like these stories:

Wild Card နဲ့ခေါ်ရင် ပြန်လာဖို့ ဒိုင်တွေပြောတဲ့အတိုင်း လေ့ကျင့်နေတဲ့ နေလင်းကျော်

Myanmar Idol မှာ Wild Card နဲ့ ပြန်ခေါ်ခံရရင် ကြိုးစားပြချင်သေးတဲ့ ခြူးစစ်ဟန်

Myanmar Idol ကို Wild Card နဲ့ ပြန်သွားချင်ပေမယ့် မမျှော်လင့်ထားတဲ့ ထက်အဉ္ဇလီ

Your Thoughts …
Tags: Myanmar IdolSeason 4သီချင်းဆိုပြိုင်ပွဲ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မေမဒီ ၊ ပိုးမီ ၊ ယွန်း နဲ့ မူးလာ / ဝေဝေနှင်း / ဧရာဝတီ

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

by ယုဖြူဟန်
7 August 2020
29.1k

“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။

အဆိုတော် မိုင်းမိုင်ဆိုင်း  / Mai Mai Seng's Facebook

PDF တပ်ဖွဲ့ဝင် ဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

by ဧရာဝတီ
3 August 2021
17.9k

ကျနော့်လိုပဲ အားလုံး စွန့်လွှတ်ပြီး PDF ထဲ ဝင်လာသူ ညီအစ်ကို မောင်နှမများစွာ ရှိပါတယ်။ ကျနော့်ထက်တောင် အရင်းအနှီးကြီးတဲ့သူတွေ ဒုနဲ့ဒေးပါ။

Final အထိ တက်လှမ်းသွားတဲ့ ပြိုင်ပွဲဝင် ၄ ဦး / The Voice Myanmar

The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်

by ယုဖြူဟန်
14 December 2020
5.5k

ဖိုင်နယ်ပွဲကို တက်လှမ်းသွားတဲ့ ပြိုင်ပွဲဝင်တွေကတော့ Team YC မှ Error ၊ Team ကျားပေါက်မှ တွမ်ပီး၊ Team နီနီခင်ဇော်မှ ခင်ရတနာစိုး၊ Team R ဇာနည်မှ N Oo L...

Myanmar Idol Season 4 ပြိုင်ပွဲဝင်များ (ဓာတ်ပုံ - Myanmar Idol Facebook Page)

ပရိသတ်များ အားမရခဲ့တဲ့ “Myanmar Idol Season 4 ရဲ့ စိုးလွင်လွင် သီချင်းများ သီဆိုမှု ည”

by ယုဖြူဟန်
29 November 2019
19.7k

ယခင်က စိုးလွင်လွင် သီချင်းများနဲ့ ကြီးပြင်းခဲ့ပြီး ရင်းနှီးခဲ့သူများကတော့ အကြိုက်တွေ့ခဲ့ခြင်း မရှိဘဲ ဝေဖန်မှုများ ရှိနေတာလည်း တွေ့ရပါတယ်

အဆိုတော် ချမ်းမြေ့မောင်ချို  / Chan Myae Mg Cho's Facebook

ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော်အခွေ တနှစ်ပြည့် ကျေးဇူးတင်စကား

by ယုဖြူဟန်
23 December 2020
22k

“အခုတော့ မောင်ချို့ရဲ့ Milestone လေးတွေရဲ့ နှုတ်ဖျားမှာ မောင်ချို့ Album ထဲကသီချင်းလေးတွေ စွဲထင်ခဲ့တာ ၁ နှစ်တောင် ပြည့်သွားခဲ့ပြီ။

“The Voice Myanmar Season 3” သီချင်းဆိုပြိုင်ပွဲ

The Voice Myanmar Season 3 မှာ လူသိပြီးသား အဆိုတော်တွေ ပိုမိုပါဝင်လာ

by ယုဖြူဟန်
21 September 2020
21.8k

ဘဝကတော့ ပြိုင်ပွဲကို ပြန်လာပြိုင်တာဟာ သူ့ကို လူအများသိစေခဲ့တဲ့ ပြိုင်ပွဲကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ ပြိုင်ပွဲမှာ ပြောခဲ့ပါတယ်။

Next Post
ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေချိန်မှာ ဒီလို နိုင်ငံခြားငွေ လဲလှယ်တဲ့ အခါ ငွေစက္ကူ အဟောင်း၊ အသစ် ပြဿနာဟာ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်နေတယ် / Reuters

ဒေါ်လာဈေးကျမှု ထိန်းချုပ်ရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ဝယ်ယူ

နယူးဇီလန် လေကြောင်းလိုင်းမှာ တည့်ခင်း ဧည့်ခံမယ့် ကော်ဖီခွက်

ဝါးစားလို့ရတဲ့ ကော်ဖီခွက်တွေ အသုံးပြုတော့မယ့် နယူးဇီလန် လေကြောင်းလိုင်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate