Entertainment

စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ရုပ်ရှင်ဆုပေးပွဲမှာ "လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားမှ ဆု ၆ ဆု ရရှိ

Want create site? Find Free WordPress Themes and plugins.

စင်ကာပူနိုင်ငံမှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ “2019 Awards Programme Asian Academy Creative Awards” ဆုပေးပွဲမှာ “ လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားဟာ ဆု ၆ ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ ထုတ်လုပ်ရေးအနေနဲ့ အခုလို မြန်မာနိုင်ငံ ကိုယ်စားပြု ရုပ်ရှင်ထူးချွန်ဆုတွေ သွားရောက်ယူရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ဒီပွဲကြီးက စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ၂ ကြိမ်မြောက် ပွဲလည်း ဖြစ်ပါတယ်။ ပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် အနေနဲ့ မြန်မာပြည်ကနေ ရရှိတာ ကျနော်တို့ဇာတ်ကားပါ။ စင်ကာပူနိုင်ငံဘက် ရုပ်ရှင်ပညာရှင်တွေ ကိုယ်တိုင်ရွေးချယ်တဲ့ ဆုပေးပွဲကြီးဆိုလည်း မမှားပါဘူး။ ကျနော်တို့အနေနဲ့ အာဆီယံနိုင်ငံ အားလုံးနဲ့ ယှဉ်ပြိုင်တဲ့ ပွဲပါပဲ”လို့ Brave Entertainment မှ ဦးစိုးလှိုင်က ပြောပါတယ်။

အဆိုပါ “လိပ်ပြာစံအိမ်” ဇာတ်ကားကိုတော့ Brave Entertainment မှ ထုတ်လုပ် ရိုက်ကူးထားတာဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့က စင်ကာပူနိုင်ငံရှိ Singapore Historic Victoria Theatre မှာ အခမ်းအနားကို စတင်ခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆုပေးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆုပေးပွဲ အခမ်းအနားကိုတော့ ဝတ်မှုံရွှေရည်နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က တက်ရောက်ခဲ့ကြပါတယ်။

ရရှိခဲ့တဲ့ဆုတွေကတော့ “Best Actress in a Leading Role” ဆုကို ဝတ်မှုံရွှေရည်၊ “Best Actress in a Supporting Role” ဆုကို ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ “Best Cinematography” ဆုကို Tearawat Rujinatham ၊ “Best Direction (Fiction)” ဆုကို Chartchai Ketnust ၊ “Best Feature Film” ဆုကို Brave Empire ထုတ်လုပ်ရေး ၊ “Best Theme Soung” Or “Title Theme” ဆုကို Until We Meet Again By Pongprom Slitwong na Atuthaya From Brave Empire Entertainment တို့က ရရှိခဲ့တာဖြစ်ပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကိုတော့ ထိုင်း ဒါရိုက်တာက ရိုက်ကူးထားပြီး မြန်မာသရုပ်ဆောင်များဖြစ်ကြတဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်တွင်းမှာ ရုံတင်ပြသခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကမှာ ဝင်ငွေရရှိမှုနှုန်း အမြင့်ဆုံး ရုပ်ရှင်ဇာတ်ကား ၁၀ ကားစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

You may also like these stories:

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်မှာ ဝတ်မှုံရွှေရည်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ Ryu Sang Wook

Fan Meeting က ရတဲ့ ငွေကြေးနဲ့ အလှူလိုက်ရတဲ့အတွက် ပီတိဖြစ်နေတဲ့ ဝတ်မှုံရွှေရည်

“အပြင်မှာ အရမ်း အစွဲအလမ်းကြီးပြီး ချစ်တတ်တဲ့သူ တယောက်ပါ”လို့ ပြောတဲ့ ဝတ်မှုံရွှေရည်

Did you find apk for android? You can find new Free Android Games and apps.
Loading