• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သားနဲ့သမီးကို သူ့အရိပ်အမိုး မခံစေချင်တဲ့ အဆိုတော် ချစ်ကောင်း

by ယုဖြူဟန်
7 December 2019
in Entertainment
A A
အဆိုတော် ချစ်ကောင်းနဲ့ သား ဂျူနီယာချစ်ကောင်း  / Junior Chit Kaung's Facebook

အဆိုတော် ချစ်ကောင်းနဲ့ သား ဂျူနီယာချစ်ကောင်း / Junior Chit Kaung's Facebook

4.9k
VIEWS
Share on FacebookShare on Twitter

သီချင်းဆိုတဲ့နေရာမှာ အသီးသီး ပါရမီ ရှိကြတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ချစ်ကောင်းကတော့ သားသမီးများကို မိဘထက်သာတဲ့သူတွေ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“သူတို့ကို ဖြစ်စေချင်တာပေါ့။ မိဘထက်သာတဲ့ သားသမီးပဲ ဖြစ်စေချင်တယ်။ ကိုယ်ထက် ပိုတာကို မြင်ချင်တာ။ သင်လည်း မသင်ဘူး။ ကိုယ့်အရိပ်အမိုးကို မခံစေချင်တာ။ ကိုယ့်ဟန်တွေ၊ ကိုယ့်စတိုင်တွေ၊ ပါဝါတွေ သူတို့အပေါ်မှာ ဘာမှ ပေးမကျချင်ဘူး။ သူတို့ဘာသာနေ၊ သူတို့ဘာသာလုပ် အဲ့လို ထားတာ”လို့ ချစ်ကောင်းက ပြောပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.5k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
452
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

သားသမီးများအပေါ်မှာ ရည်ရည်ရွယ်ရွယ်နဲ့ ဘယ်အရာကိုမှ မလုပ်ခိုင်းဘဲ အချိန်ရောက်ရင် ဖြစ်သွားလိမ့်မှာဖြစ်ပြီး သားသမီးမှ မဟုတ်ဘဲ လူငယ်တွေကိုလည်း သာစေချင်တယ်လို့ ဆိုပါတယ်။

“မိဘဆိုတာကတော့ ဖြစ်စေချင်တဲ့စိတ်ဆိုတာ သေတဲ့အထိ ဖြစ်မှာလေ။ အဲ့အပေါ်မှာကို ဘာမှ ရည်ရည်ရွယ်ရွယ်ကြီးနဲ့ မလုပ်ခိုင်းဘူး။ အချိန်ရောက်ရင် သူ့ဟာနဲ့သူ ဖြစ်သွားလိမ့်မယ်။ အချိန်ပဲ။ သားသမီးကို အဖေထက် သာစေချင်တာ ကိုယ့်ရဲ့မှန်ကန်သော စိတ်ပါ။ သားသမီးရယ်မှ မဟုတ်ပါဘူး။ ကိုယ်တွေထက်ငယ်တဲ့ ကလေးတွေကိုလည်း အဲ့လိုလေးပေါ့။ သာအောင် လုပ်စေချင်တယ်”လို့ ချစ်ကောင်းက ပြောပါတယ်။

သမီးဖြစ်သူ အိမ့်ချစ်နဲ့ သားဖြစ်သူ ဂျူနီယာချစ်ကောင်းတို့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

သမီးဖြစ်သူ အိမ့်ချစ်နဲ့ သားဖြစ်သူ ဂျူနီယာချစ်ကောင်း

“ညီအစ်ကို၊ မောင်နှမဖြစ်ပေမယ့် တစိတ်စီပဲ သမီးက ပူပူလောင်လောင် ခုန်ပေါက်ပြီး ဆိုနိုင်တာမျိုး ဖြစ်သလို သားကကျတော့လည်း အဲ့လိုမျိုး ဖြစ်ချင်မှဖြစ်တာ။ သားကတော့ အေးတယ်။ ဒီကောင်က ရေလိုသွားတာ။ အဲ့တော့ မတူဘူး” လို့ ချစ်ကောင်းက ပြောပါတယ်။

သမီးဖြစ်သူကတော့ သူနဲ့ ပိုမိုနီးစပ်ပြီး သားဖြစ်သူကတော့ နည်းနည်းအလှမ်းဝေးတယ်လို့ ဆိုပါတယ်။

“သမီးကတော့ ပိုနီးစပ်တာပေါ့။ ကိုယ့်အငွေ့အသက် အများကြီးရတာပေါ့။ သားငယ်ကျတော့ နည်းနည်းလေး လှမ်းမယ်။ သူက အေးတယ်။ သင်ပေးလည်း ရောက်မှာ မဟုတ်ဘူး။ ဒီအလုပ်တွေကရောက်အောင် သင်လို့မှ မရတာ။ သူ့ဟာသူ နဂိုကတည်းက သူကိုယ်တိုင်ကလည်း သူ့နဂို အနေအထားလေးကိုက အေးတယ်။ အေးတော့ ကိုယ်တွေလိုတော့ မဖြစ်လောက်ဘူး”လို့ ချစ်ကောင်းက ပြောပါတယ်။

အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့ မောင်နှမ နှစ်ယောက်ကတော့ ၂၀၂၀ သင်္ကြန်အပြီးလောက်မှာ အခွေထွက်ဖို့ရှိတယ်လို့ သိရပါတယ်။ ချစ်ကောင်းအနေနဲ့လည်း ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အဆိုတော် တူးတူး၊ ဟေမာနေဝင်းတို့နဲ့ အတူ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမယ့် 80’s Classics Live Show မှာ ပါဝင် ဖျော်ဖြေသွားဖို့ ရှိပါတယ်။

You may also like these stories:

အချစ်ရေးအကြောင်း ပြောပြတဲ့ အဆိုတော် အိမ့်ချစ်

“ပြန်ဆိုတေးကို နားမလည်ဘဲ ဝေဖန်တာ လုံးဝ ဂရုမစိုက်ဘူး”လို့ ပြောတဲ့ အိမ့်ချစ်

မိသားစုကို ဦးဆောင်နေရတဲ့သူဖြစ်လို့ အသက် ၃၀မှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ့် အိမ့်ချစ်

Your Thoughts …
Tags: သားနဲ့သမီးအဆိုတော် ချစ်ကောင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဆိုတော် ချစ်ကောင်း / Chit Kaung’s Facebook

“သူများသီချင်းနဲ့ ရပ်တည်တာ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတာပဲ”လို့ဆိုတဲ့ ချစ်ကောင်း

by ချစ်ပိုး
20 June 2018
63.3k

“ရှိုးတခု လုပ်တယ်။ ကိုယ်တို့က ကိုယ်တို့သီချင်း ကိုယ်တို့ဆိုတယ်။ သူတို့က သူများသီချင်း ဆိုပြီး အခကြေးငွေ ယူသလို ဖြစ်နေတယ်။ အဲ့တာတော့ သတိထားဖို့တော့ လိုတယ်” လို့ ချစ်ကောင်းက ဆိုပါတယ်။

အဆိုတော် ချစ်ကောင်း  / Chit Kaung’s Facebook

“ဒီဘက်ခေတ်က တိုးတက်တယ်၊ နွေးထွေးမှု မရှိဘူး” ဆိုတဲ့ အဆိုတော် ချစ်ကောင်း

by ချစ်ပိုး
24 June 2018
9.9k

ကျနော်တို့ ဖြတ်သန်းလာတဲ့ အနှစ် ၃၀ ကျော်လောက်ကြီးရဲ့ ဖြတ်သန်းမှုအတွက်ကကျတော့ Album တခွေလုံးပဲ ပရိသတ်ကို ပေးချင်တယ်။

Next Post

‘‘မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်’’ (ရုပ်/သံ)

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့

လူကြိုက်အများဆုံး မြို့ ၁၀၀ စာရင်းမှာ အဆင့် ၇ နေရာက ရပ်တည်ခဲ့တဲ့ ဒူဘိုင်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate