တောင်ကိုရီးယားနိုင်ငံဟာ လူငယ်လူရွယ်တို့ကြား အရက်သောက်သုံးမှု မြင့်တက်နှုန်းကို လျှော့ချဖို့နဲ့ အရက်သောက်လေ့ရှိတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ဖို့ နာမည်ကျော်တွေ ပါဝင်တဲ့ အရက်ကြော်ငြာတွေကို တားမြစ်ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အဲ့ဒီလို တားမြစ်ပိတ်ပင်ဖို့ ကျန်းမာရေးနဲ့ လူမှုဘဝဖူလုံးရေး ဝန်ကြီးဌာနက အဆိုပြု တင်သွင်းလာတာဖြစ်ပြီး အစောဆုံး လာမယ့်နှစ်ကနေစတင်ပြီး ယမကာ ထုတ်ပိုးမှုနဲ့ ကြော်ငြာမှုတွေကနေ နာမည်ကျော်ကြားသူရဲ့ မျက်နှာဖော်ပြမှုကို ဖယ်ရှားဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
အသက်မပြည့်သေးဘဲ အရက်သောက်သုံးသူ မြင့်တက်လာမှုကို တုံ့ပြန်ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစဖို့ အခုလိုမျိုး တားမြစ်ပိတ်ပင်ရေးအစီအစဉ်ကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
တောင်ကိုရီးယားမှာ တရားဝင်အရက်သောက်သုံးခွင့် ရှိတဲ့အသက်အရွယ်ကတော့ ၁၉ နှစ်ဖြစ်ပါတယ်။ အဲ့ဒီတာဝန်ရှိသူရဲ့ အဆိုအရ အခု ဒီဇင်ဘာလကုန်ကနေစလို့ ဆိုဂျူပုလင်းတွေနဲ့ အရက်ကြော်ငြာတွေမှာ နာမည်ကျော်ကြားသူတွေ ပါဝင်မှုကို တားမြစ်မယ့် တရားဝင် သတိပေးချက်ကို ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
အရင်တုန်းကလည်း အသက် ၂၁ အရွယ်နဲ့ ဆိုဂျူကြော်ငြာခဲ့တဲ့ K-pop စတား IU နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ် ကိစ္စတွေလည်း ဖြစ်ပေါ်ခဲ့ရပါတယ်။
၂၀၁၂ ခုနှစ်မှာ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ အမျိုးသားကျန်းမာရေး မြှင့်တင်မှု ဥပဒေအရ အရက်ကြော်ငြာတွေမှာ အသက် ၂၄ နှစ်အောက် နာမည်ကျော်ကြားသူတွေအနေနဲ့ အရက်ကြော်ငြာတွေမှာ ပါဝင်ခွင့်ကို တားမြစ်ဖု့ိ ဖော်ပြထားပါတယ်။ အဲ့ဒီဥပဒေကြမ်းက အကောင်အထည် ပေါ်လာခဲ့တာ မရှိပေမယ့် အခုတော့ ကျန်းမာရေးဝန်ကြီးဌာနက အရက် ထုတ်ပိုးမှုတွေမှာ နာမည်ကျော်ကြားသူတွေ ပါဝင်မှုကို ဖယ်ရှားဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျွမ်းကျင်သူတွေရဲ့အဆိုအရ တောင်ကိုရီးယားနိုင်ငံရဲ့ အရက်ကြော်ငြာတွေမှာ အမျိုးသမီး အဆိုတော် ပါဝင်မှု များပြားလာတာနဲ့အမျှ နိုင်ငံအတွင်းမှာ အမျိုးသမီး အရက် သောက်သုံးသူနှုန်း အဆမတန် မြင့်တက်လာတယ်လို့လည်း သိရပါတယ်။ အဆိုတော် IU နဲ့ လီဟိုရီတို့ဟာလည်း ၂၀၀၇ ခုနှစ်ကစလို့ နိုဝင်ဘာလကစလို့ Lotte Liquor ရဲ့ Chumchurum အရက်ကြော်ငြာမှာ ပါဝင်ဖို့ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာတော့ Red Velvet အဖွဲ့ဝင် Irene ဟာလည်း IU ၄ နှစ်ကြာ တာဝန်ယူခဲ့တဲ့ Chamisul အရက်ကြော်ငြာရဲ့ အဓိကမော်ဒယ်နေရာမှာ အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ အရက်သောက်သုံးမှု ဆိုးကျိုးတွေကို တောင်ကိုရီးယားမှာ ဆိုးဆိုးရွားရွားကြုံတွေ့နေရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
Ref: asiaone
You may also like these stories:
နေပူပူမှာ အရက်အလွန်အကျွံ သောက်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးများ
ကိုရီးယားအနုပညာရှင်တွေနဲ့ သူတို့အကြိုက်ဆုံး အစားအစာများ
ဆေးခြောက်စိုက်ခင်းတွေအပြင် ဆေးခြောက် Resort တခုကိုပါ ဖွင့်လှစ်လိုက်တဲ့ မိုက်တိုင်ဆန်