Constantine ရုပ်ရှင်ကို စွဲစွဲလမ်းလမ်း ကြည့်ခဲ့ဖူးတဲ့ DC Fan တွေတိုင်း Keanu Reeves ကို အဓိကဇာတ်ကောင် နေရာအတွက် ထပ်မံတွေ့မြင်ရဖို့ကို မျှော်လင့်နေကြမယ် ထင်ပါတယ်။ John Wick ရုပ်ရှင်နဲ့ နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှု ပိုရရှိခဲ့တဲ့ Keanu Reeves ဟာဆိုရင် ၂၀၁၉ ခုနှစ် တနှစ်လုံးဟာ သူ့နှစ်လို့တောင် ပြောလို့ရလောက်တဲ့အထိ ထင်ပေါ်ကျော်ကြား အောင်မြင်နေပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာဆိုရင်လည်း သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို ခပ်စိပ်စိပ် တွေ့မြင်နေရပြီး ရုပ်ရှင်တွေအပြင် Toy Story 4 မှာ အသံသရုပ်ဆောင်အနေနဲ့လည်း ပါဝင်ခဲ့ပါသေးတယ်။ John Wick နောက်ဆက်တွဲရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေဆဲဖြစ်ပေမယ့် WB ကုမ္ပဏီနဲ့ လက်တွဲဖို့ကိုတော့ Keanu Reeves ဘက်က ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။
The Matrix 4 ရုပ်ရှင်အတွက်လည်း သဘောတူညှိနှိုင်းမှု တချို့ ရှိခဲ့တာဖြစ်ပြီး Marvel Studio ဘက်ကနေလည်း Keanu Reeves ကို ဇာတ်ကောင်နေရာ တနေရာအတွက် ချဉ်းကပ်နေတာ အချိန်ကြာခဲ့ပြီ ဖြစ်ပါတယ်။ Speed နဲ့ Point Breaker စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အရင်က Keanu Reeves ကိုအောင်မြင်စေခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Constantine မှာ သူ့ရဲ့သရုပ်ဆောင် ဟန်ပန်တွေကို ပရိသတ်တွေက နှစ်ခြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
Box Office မှတ်တမ်းတွေအရ ရုပ်ရှင်ဟာ ဒေါ်လာ ၂၃၀ မီလျံအထိ ဝင်ငွေ အမြတ်အစွန်း ရရှိခဲ့ပြီး Warner Bros. ကုမ္ပဏီဘက်ကတော့ Keanu Reeves ကို ပြန်လည် လက်တွဲဖို့ ဆန္ဒရှိခဲ့ပါတယ်။ Keanu Reeves ဘက်ကနေ အခုကိစ္စကို စဉ်းစားပေးဖို့ လိုလားနေတာဖြစ်တယ်လို့ Warner Bros. ရဲ့နီးစပ်ရာ အသိုင်းအဝိုင်းကနေ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေတာပါ။
Ref. wegotthiscovered.com
ဆက်စပ်ဖတ်ရှုရန်
“The Matrix 4” ရုပ်ရှင်အတွက် သရုပ်ဆောင် စတင်ရွေးချယ်နေပြီဖြစ်တဲ့ Warner Bros
“John Wick: Chapter 4” ပြသမယ့် တရားဝင် Release Date ထွက်ရှိလာ
“Matrix 4” ရုပ်ရှင်မှာ Neo အဖြစ် မင်းသား Keanu Reeves ပြန်လည် ပါဝင်လာမည်