"Black Panther 2" ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ Rihanna ကို မျက်စိကျနေတဲ့ Marvel
“Avengers: Endgame” ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်း
၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Black Panther” ရုပ်ရှင်ဟာ Marvel Studio အတွက် ကောင်းမွန်တဲ့ အလှည့်အပြောင်း တခုနဲ့အတူ ကြည့်ရှုသူတွေရဲ့ စိတ်ကျေနပ်မှုကို ရရှိစေခဲ့ပါတယ်။ Black Panther ရုပ်ရှင်ဟာဆိုရင် အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ဖူးတာဖြစ်သလို Box Office ရဲ့ ဝင်ငွေမှတ်တမ်းမှာလည်း ပုံစံကောင်းတခုအနေနဲ့ ရပ်တည်နိုင်ခဲ့ဖူးပါတယ်။
နောက်ဆက်တွဲ ရုပ်ရှင်အတွက်တော့ အခုချိန်ဟာ စောလွန်းနေသေးတာ ဖြစ်ပေမယ့် သရုပ်ဆောင်ရွေးချယ်မှုတွေ၊ ဇာတ်ညွှန်း ရေးသားမှုတွေကတော့ စတင် လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဒါ့အပြင် အဆိုတော် Rihanna ကိုလည်း “Black Panther 2” ရုပ်ရှင်မှာ ထည်သွင်းပါဝင်စေဖို့ Marvel အနေနဲ့ စိတ်ဝင်စားနေတာ ဖြစ်ပြီး အဓိကဇာတ်ကောင်နေရာ တနေရာအတွက် ရွေးချယ်ကမ်းလှမ်းသွားဖို့ ဖြစ်တယ်လို့ နောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင် ရွေးချယ်မှုအတွက် အခုလို သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပေမယ့် Marvel နဲ့ Rihanna တို့ကြား တရားဝင် တွေ့ဆုံဆွေးနွေးမှုတော့ မရှိသေးပါဘူး။
Marvel နဲ့အပြိုင် Warner Bros.ကုမ္ပဏီကလည်း Poison ဇာတ်ကောင်အတွက် စိတ်ဝင်စားနေတာ ဖြစ်တာကြောင့် အဆိုတော် Rihanna ကို Batman ဗီလိန်အဖြစ်ပဲ တွေ့မြင်ရမလား၊ Black Panther 2 ရုပ်ရှင်ထဲက မင်းသမီး အနေနဲ့ တွေ့မြင်ရမလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com