Entertainment

၂၀၂၀ ပြည့်နှစ်မှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ

Want create site? Find Free WordPress Themes and plugins.

မင်းသမီး Gal Gadot ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က “Wonder Woman 1984” ရုပ်ရှင်ရဲ့ ပထမဆုံး အမြည်းဗီဒီယိုကို ဝေမျှခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက ဘရာဇီးနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Comic Con ပွဲအတွင်းမှာလည်း ရုပ်ရှင်ရဲ့ ပထမဆုံး အမြည်းဗီဒီယိုကို ပြသခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီး ဒါရိုက်တာ Patty Jenkins ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်မှာတော့ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်မယ့် Wonder Woman ရဲ့ သွက်လက်တဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျည်ဆံတွေကို လက်နဲ့ ရိုက်ထုတ်တဲ့ ပြကွက် အပါအဝင် နတ်ဘုရားတပိုင်း ဖြစ်နေတဲ့ Wonder Woman ရဲ့ အစွမ်းတွေကို ပထမရုပ်ရှင်မှာထက် ပိုမိုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မင်းသမီး Gadot ဟာ Endemol Shine North America, Endemol Shine Israel တို့နဲ့အတူ အစ္စရေးမှုခင်း ဒရာမာ “Queens” ကို အမေရိကန်ဗားရှင်းအနေနဲ့ ပုံဖော်ဖို့ ကြိုးပမ်းနေပါတယ်။ The Hollywood Reporter မီဒီယာရဲ့အဆိုအရ မင်းသမီးဟာ အဲ့ဒီဇာတ်လမ်းကို ခင်ပွန်းဖြစ်တဲ့ ထုတ်လုပ်သူ Jaron Varsano နဲ့အတူ ထုတ်လုပ်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က Israeli HOT မှာ ပြသခဲ့ပြီးနောက် လူကြည့်အများဆုံး စီးရီးဖြစ်ခဲ့တဲ့ အဲ့ဒီဒရာမာဟာ မိသားစုစီးပွားရေး ပြိုင်ဘက် မိသားစုရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတဲ့ မိသားစုထဲက အမျိုးသမီးတွေရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

မင်းသမီး Gadot က “တကယ့်ကိုပဲ လူမှုဘဝကို ထင်ဟပ်ပြီး မှန်ကန်တဲ့ ပုံစံနဲ့ ဇာတ်ကောင်တွေကို ဖော်ပြနိုင်ဖို့ ဒီလို အချက်အလက်မျိုးက တော်တော်လေး ရှားပါးပါတယ်” လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မင်းသမီးဟာ My Dearest Fidel နဲ့ Hedy Lamarr စီးရီးတွေကိုလည်း ထုတ်လုပ်နေပါတယ်။ မင်းသမီး ပါဝင်သရုပ်ဆောင်ထားတဲ့ “Wonder Woman 1984” ရုပ်ရှင်ကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ဆိုဗီယက်ယူနီယံနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကြားထဲ Diana Prince ပါဝင်လာခဲ့ရပြီးတဲ့နောက် Cheetah လို့အမည်ရတဲ့ စူပါလူသား ဗီလိန်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ပထမဆုံး Wonder Woman ရုပ်ရှင်မှာ သေဆုံးခဲ့ပြီလို့ ယူဆရတဲ့ ချစ်သူ Steve နဲ့လည်း ပြန်လည်ဆုံတွေ့ရတဲ့အကြောင်း ပုံဖော်ထားပါတယ်။

Ref: hindustantimes

You may also like these stories:

“Wonder Woman 1984” ရုပ်ရှင်အတွက် ပိုစတာအသစ် ထွက်ပေါ်လာ

တတိယမြောက် ‘Wonder Woman’ ရုပ်ရှင်ကို စီစဉ်နေပြီလို့ ဒါရိုက်တာဆို

သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေ ပါဝင်လာတဲ့ Release The Synder’s Cut လှုပ်ရှားမှု

Did you find apk for android? You can find new Free Android Games and apps.
Loading