အမေရိကန် ဟစ်ဟော့ပ်အဆိုတော် တဦးဖြစ်တဲ့ Juice Wrld ဟာ တနင်္ဂနွေနေ့၊ မနက်အစောပိုင်းက Chicago’s Midway လေဆိပ်မှာ လေဖြတ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပါးစပ်ကနေ သွေးတွေ အန်ချိန်မှာ အနီးဆုံးမှာရှိတဲ့ ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ပေမယ့် အသက်ကို ကယ်တင်နိုင်ခြင်း မရှိခဲ့ပါဘူး။
မကြာခင်မှာ အသက် ၂၁ နှစ်ပြည့်မှာ ဖြစ်တဲ့ Juice Wrld ရဲ့ သေဆုံးမှုကို ဆေးရုံတာဝန်ရှိသူတွေက အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ Juice Wrld ဟာ သူ့ရဲ့ အနုပညာနာမည်ကို နာမည်ကျော် ရက်ပ်ပါ တူးပတ်ခ်ရဲ့ ၁၉၉၂ ခုနှစ်က ရုပ်ရှင်တခုဖြစ်တဲ့ Juice ကို မှီငြမ်းပြီး ပေးထားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Lucid Dreams” လို့ အမည်ပေးထားတဲ့ သီချင်းကြောင့် အဓိကအောင်မြင်မှုကို ရရှိခဲ့ပြီး Lil Yachty နဲ့ Travis Scott စတဲ့ အဆိုတော်တွေနဲ့ သီချင်းတွေ တွဲဖက်လုပ်ပြီး ပရိသတ် အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
သေဆုံးမှုဟာ ကျန်းမာရေးကြောင့်သာ ဖြစ်တယ်လို့ ပြောဆိုထားပြီး သူ့ရဲ့သေဆုံးမှုဟာ လူငယ်တွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ပြောဆိုသူတွေလည်း ရှိနေပါတယ်။ တက်သစ်စ လူငယ် အနုပညာရှင်တယောက်ဖြစ်တဲ့ Juice Wrld ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး နာမည်ကျော်အနုပညာရှင်တွေကလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းကြောင်းတွေ ရေးသားထားတာကို တွေ့ရပါတယ်။
Ref. Insider
You may also like these stories:
တွဲဖက် မင်းသမီးနဲ့ လက်ချင်းကိုင်မိလို့ ဇနီးဖြစ်သူကို တောင်းပန်လိုက်တဲ့ Justin Timberlake
ဆေးခြောက်လုပ်ငန်း လောကထဲ ဝင်ရောက်လာတဲ့ အဆိုတော် Jay-Z
၁၀ နာရီအတွင်း ကြည့်ရှုသူ ၃ မီလီယံ ကျော်သွားတဲ့ “Earth” Music Video