နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ Miss Universe အလှမယ်ပြိုင်ပွဲကို တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ အတ္တလန်တာမြို့မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှာ အသက် ၂၆နှစ်အရွယ် တောင်အာဖရိက အလှမယ် Zozibini Tunzi က ရရှိခဲ့ပြီး အာဖရိကနိုင်ငံတွေအတွင်းမှာ Miss Universe သရဖူကို ရရှိခဲ့တဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်ပါတယ်။
သူမဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး လိင်ခွဲခြားမှုအရ အကြမ်းဖက်နှိပ်စက်ခြင်းတွေကို တားဆီးရေးမှာ ပါဝင်သူတဦးလည်း ဖြစ်ပါတယ်။ Zozibini Tunzi ဟာ အမျိုးသမီးတိုင်းက သဘာဝအတိုင်း လှပတဲ့ အရာတွေရှိပြီး အမျိုးသမီးတိုင်းဟာ သူတို့ရဲ့ အရှိတရားကို လက်ခံပြီး ပျော်ရွှင်အောင် နေတတ်ဖို့ အရေးကြီးကြောင်းကို အဓိကထား ပြောဆိုခဲ့ပါတယ်။
သူမဟာ သရဖူကို ရရှိမယ့်အချိန်မှာ လက်အုပ်ချီဟန် ပြုလုပ်ခဲ့တာကြောင့် သူမရဲ့ ရိုကျိုးမှုကို လူအများက သဘောကျခဲ့ကြပါတယ်။ ၂၀၁၉ အတွက် Miss Universe သရဖူကို ၂၀၁၈မှာ ဆုရရှိခဲ့တဲ့ ဖိလစ်ပိုင်မယ်က လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ ၂၀၁၉ခုနှစ် Miss Universe သရဖူရဲ့ နာမည်ကို “ပေါင်းစည်းခြင်းရဲ့ စွမ်းအား “လို့ သရဖူ ပြုလုပ်သူတွေက အမည်ပေးထားပါတယ်။
သရဖူကို ၁၈ ကာရက်ရှိတဲ့ ရွှေနဲ့ပြုလုပ်ထားပြီး စိန်ပွင့်ပေါင်း ၁၇၇၀ နဲ့ စီခြယ်ထားပါတယ်။ အလယ်မှာ ၆၈ ကာရက်ရှိတဲ့ ရွှေကို ထည့်ထားပြီး ဒီသရဖူဟာ တိုက်ကြီး ၇ တိုက်က အမျိုးသမီး အားလုံးရဲ့ ပေါင်းစည်းမှုကို ဖော်ပြလိုရင်း ဖြစ်တယ်လို့ သိရပါတယ်။
တောင်အာဖရိကမယ်ဟာ နောက်ဆုံး ဆန်ခါတင်ပွဲမှာ Puerto Rico မယ်နဲ့ Mexico မယ်တို့ကို ကျော်ဖြတ်ပြီး သရဖူကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
Ref. inside
You may also like these stories:
၂၀၁၉ မယ်စကြာဝဠာပြိုင်ပွဲမှာ အကောင်းဆုံး နိုင်ငံကိုယ်စားပြု ဝတ်စုံဆုကို မလေးရှားအလှမယ် ရရှိ
Miss Universe Myanmar ဖြစ်ချင်တဲ့ အိပ်မက် တကယ်ဖြစ်ခဲ့လို့ ပျော်နေတဲ့ အလှမယ် ဆွေဇင်ထက်