မင်းသား လီဒုံဝုဟာ သူ့ရဲ့လာမယ့် ဒရာမာ အသစ်မှာ ဂူမီဟို (မြေခွေးလူသား) အဖြစ် သရုပ်ဆောင်နိုင် ချေ ရှိပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မင်းသားရဲ့ အေဂျင်စီမှ ကိုယ်စားလှယ်တဦးက “လီဒုံဝုဟာ လက်ရှိမှာ ‘Tale of Gumiho’ လို့ အမည်ရတဲ့ tvN ရဲ့ ဒရာမာအသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
တကယ်လို့သာ ဆွေးနွေးမှုတွေ အောင်မြင်မယ်ဆိုရင်တော့ မင်းသားဟာ ဒဏ္ဍာရီလာ အမြီး ၉ ချောင်းပါ မြေခွေး(ဂူမီဟို) အဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဂူမီဟိုနဲ့ ပတ်သက်တဲ့ ဒရာမာတွေတော်တော်များများရှိပေမယ့် “Tale of Gumiho” ဒရာမာကတော့ အမျိုးသား ဂူမီဟိုတယောက်အကြောင်း ခေါင်းဆောင်နေရာကနေ ရိုက်ကူးမယ့် ပထမဆုံး ဒရာမာဖြစ်ပါတယ်။ တချိန်တခါတုန်းက ဘဲ့ဒူဒယ်ဂန် တောင်ကြောတလျှောက်မှာ သက်ရှိနတ်ဘုရားအဖြစ် ကြီးစိုးခဲ့ပြီး ဒီနေ့ခေတ်မှာ မြေပြင်ကမ္ဘာနဲ့ မြေအောက်ကမ္ဘာကြားမှာ တရားဝင်ဆက်သွယ်ပေးသူအဖြစ် ဆောင်ရွက်နေတဲ့ ဂူမီဟိုအကြောင်း ဇာတ်အိမ်တည်မှာလည်း ဖြစ်ပါတယ်။
အမျိုးသားဂူမီဟိုရဲ့ အလုပ်ကတော့ တစ္ဆေသရဲပုံပြင်တွေ ကြီးစိုးထားတဲ့ ၂၁ ရာစု ခေတ်သစ်ကမ္ဘာမှာ နှောင့်ယှက်မှုတွေ လုပ်ဆောင်သူတွေကို ခြေမှုန်းရမှာဖြစ်ပါတယ်။ အဲ့ဒီ ဒရာမာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
တကယ်လို့်သာ မင်းသား လီဒုံဝုဟာ ဒီဒရာမာကို လက်ခံဖြစ်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ထုတ်လွှင့်ခဲ့တဲ့ OCN ရုပ်သံလိုင်းရဲ့ “Strangers” ဇာတ်လမ်းတွဲပြီးတဲ့နောက် ပထမဆုံး ဒရာမာမှာ ပြန်လည် ပါဝင်လာမှာလည်း ဖြစ်ပါတယ်။ မင်းသားက လက်ရှိမှာတော့ “Because I Want To Talk” ဆိုတဲ့ Talk-show အစီအစဉ်ကိုလည်း တင်ဆက်နေပါတယ်။
မင်းသား လီဒုံဝုဟာ မကြာသေးခင်တုန်းက GQ မဂ္ဂဇင်းရဲ့ မစ်ကီမောက်စ် စုစည်းမှုမှာ ၂၀၁၉ ခုနှစ်ရဲ့ “Man of the Year” အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ “Because I Want To Talk” အစီအစဉ်မှာလည်း “Goblin” ဒရာမာမှာ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဂုံယိုးနဲ့ ပါဝင်ခဲ့ပြီး သူတို့ ပါဝင်ခဲ့ကြတဲ့ အပိုင်းကို ပရိသတ်တွေက အထူးသဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။
Ref: soompi
You may also like these stories:
အသက်လေးဆယ်ဝန်းကျင်ထိ နုပျိုချောမောနေဆဲ လူပျိုကြီးစာရင်းဝင် ကိုရီးယားမင်းသားများ
၅ နှစ်အကြာမှာ ဇာတ်လမ်းတွဲသစ် ပြန်လည် ရိုက်ကူးတော့မယ့် မင်းသမီး ကင်တေဟီး
ကင်ဆာရောဂါ ခံစားခဲ့ပြီး ၂ နှစ်အကြာမှာ ပရိသတ်ရှေ့မှောက် ပြန်ရောက်လာခဲ့တဲ့ ကင်ဝူဘင်