Entertainment

ဘောလိဝုဒ် အက်ရှင်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတဲ့ မင်းသား The Rock

Want create site? Find Free WordPress Themes and plugins.

မင်းသား Dwayne Johnson (The Rock) ဟာ ဘောလိဝုဒ် အနုပညာလောကကို သဘောကျပြီး တနေ့ ဘောလိဝုဒ် ရုပ်ရှင်တခုမှာ ပါဝင်လာနိုင်ချေရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ကမ္ဘာကျော် ဟောလိဝုဒ်စတား The Rock ဟာ အိန္ဒိယအက်ရှင်ကားမှာ သရုပ်ဆောင်မယ်ဆိုရင် ပျော်ဖို့ကောင်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မင်းသားဟာ ဘောလိဝုဒ် အနုပညာလောကထဲက နာမည်ကျော်တချို့နဲ့လည်း ရင်းနှီးသူဖြစ်ပါတယ်။ မင်းသားဟာ “Baywatch” ရုပ်ရှင်မှာ မင်းသမီး ပရီယန်ကာချိုပရာနဲ့ သရုပ်ဆောင်ခဲ့ဖူးသလို ဆိုရှယ်မီဒီယာမှာ မင်းသား Varun Dhawan နဲ့လည်း ရင်းနှီးသူဖြစ်ပါတယ်။

မကြာခင် ရုံတင်တော့မယ့် “Jumanji: The Next Level” ရုပ်ရှင်ပရိုမိုးရှင်းပွဲမှာ The Rock ကို မကြာခင် ဘောလိဝုဒ် အနုပညာလောကဘက် ခြေဦးလှည့်နိုင်ပါသလားဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါ မင်းသားက “ကျနော် မဖြစ်နိုင်ဘူးလို့ မပြောပါဘူး။ ဘောလိဝုဒ်နဲ့ ဘောလိဝုဒ် သမိုင်းကို တော်တော်လေး လေးစားပါတယ်” လို့ ဆိုပါတယ်။

ဘောလိဝုဒ်ရဲ့ မင်းသား Varun နဲ့ပတ်သက်လို့ မင်းသား The Rock က “သူက ပရိသတ်တဦးဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေ မရှိခင်ကတည်းက ကျနော်သူနဲ့ သိခဲ့တာပါ။ ပြီးတော့ သူဟာ အိန္ဒိယမှာ နာမည်ကျော်စတား တယောက်ဖြစ်တယ်ဆိုတာ ကျနော် သိပါတယ်။ ဒါကြောင့် တနေ့မှာတော့ ဘောလိဝုဒ် အက်ရှင်ရုပ်ရှင်တခုမှာ ခင်ဗျားတို့ ကျနော့်ကို မြင်ကောင်း မြင်ရနိုင်ပါတယ်”

“ကျနော်တို့ဆီမှာ ထူးခြားတဲ့ အိန္ဒိယပရိသတ်တွေ အများကြီး ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ကျနော် တော်တော်လေး ပျော်ရွှင်မိပါတယ်။ ကျနော်တို့ အဲ့ဒီအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် တနေ့ကျရင် ကျနော့်ကို ဘောလိဝုဒ် ရုပ်ရှင်တခုထဲမှာ မြင်ကောင်းမြင်ရနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

နပန်းသမားကနေ မင်းသားဖြစ်လာခဲ့တဲ့ The Rock ဟာ ဝင်ငွေကောင်းတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ တဲ့ မင်းသား တယောက်အနေနဲ့ လူသိများတဲ့အပြင် စာရေးဆရာနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တဦးလည်း ဖြစ်ပါတယ်။

မင်းသားဟာ “The Mummy Returns”,” Journey 2: The Mysterious Island”, “Hercules”, “Snitch”, “Moana” နဲ့ “Fast & Furious Presents: Hobbs & Shaw” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ အထူးအောင်မြင်ခဲ့တဲ့ “Jumanji” ရုပ်ရှင်ရဲ့ ဒုတိယမြောက်ဇာတ်လမ်း “Jumanji: The Next Level” မှာတော့ သူဟာ ထုတ်လုပ်သူ အနေနဲ့လည်း ပါဝင်ထားပါတယ်။

Ref: hindustantimes

You may also like these stories:

၂၀၀၈ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး နောက်အိမ်ထောင်ပြုဖို့ ချီတုံချတုံ ဖြစ်ခဲ့ရတဲ့ မင်းသား The Rock

၂၀၂၁ ခုနှစ်ကုန်မှာ ပြသမယ့် The Rock ရဲ့ ရုပ်ရှင်အသစ်မှ ဇာတ်ကောင်ပိုစတာ ထွက်ပေါ်လာ

ခြေတဖက်မဲ့ နပန်းချန်ပီယံအကြောင်း ရိုက်မယ့် ရုပ်ရှင်အတွက် စိတ်လှုပ်ရှားနေတဲ့ The Rock

“Fast & Furious 9” မှာ ဧည့်သည်သရုပ်ဆောင် အနေနဲ့သာ ပါဝင်တော့မယ့် The Rock

Did you find apk for android? You can find new Free Android Games and apps.
Loading