Entertainment

ဇင်အောင်ရဲ့ ဝေဖန်မှုများကို နားထောင်ချင်တဲ့အတွက် Model Academy ဝင်ပြိုင်မယ့် ယမုံ

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်က ကျင်းပ ပြီးစီးခဲ့ပြီး၊ ပြိုင်ပွဲတလျှောက် ဝေဖန်မှုများ မြင့်တက်ခဲ့တဲ့ Model Academy ပြိုင်ပွဲကြီးရဲ့ နောက်ထပ် Season တခုမှာ ဝင်ပြိုင်မယ့် မော်ဒယ် ယမုံက ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပြိုင်ပွဲတွေတော့ နောက်ထပ်ပြိုင်ဖို့ မရှိတော့ဘူး။ ပြိုင်မယ်ဆိုရင်တော့ Miss ပြိုင်ပွဲတွေထက် မော်ဒယ်ပြိုင်ပွဲ တခုခုကို ပြိုင်မလားပေါ့နော်။ အရမ်းလည်း စိတ်ဝင်စားနေတာ ဆိုတော့။ ကိုယ့်ဘက်ကတော့ မသေချာသေးဘူး။ အခုအချိန်ကတည်းကတော့ ကြိုပြီးပြင်ဆင်နေတယ်။ နောက်အစီအစဉ်တခုက ဘယ်တော့စမလဲ မသိပေမယ့် ကိုယ့်ဘက်ကတော့ Body ရော Skin ပိုင်းရော အစစအရာရာ ပြင်ဆင်နေတယ်။ Model Academy ကို Join မလားလို့ပေါ့” လို့ ယမုံက ပြောပါတယ်။

The Model Academy စီစဉ်သူ ဇင်အောင်နဲ့လည်း အပြင်မှာ Personal အရ ခင်မင်လျက်ရှိပြီး သူက စိတ်ထဲရှိတာကို အမှန်အတိုင်း တည့်တည့်ပြောတဲ့အတွက် လူတွေက မုန်းကြတာလို့ ယမုံက ပြောပါတယ်။

“ယမုံတို့အနေနဲ့ကျတော့ ကိုဇင်အောင်နဲ့ ခင်နေတော့ ကိုဇင်အောင် ပြောလိုက်တဲ့အခါတွေဆိုရင် သူကတော့ စိတ်ထဲမှာ ရှိတဲ့ဟာကို ဒဲ့ကြီးပြောလိုက်လို့လူတွေက မုန်းကြတာလေ။ ယမုံကျတော့ ကိုဇင်အောင်ရဲ့ဝေဖန်တာကို ပြန်နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ချင်လို့ ဝင်ပြိုင်တာမျိုးပေါ့” လို့ ယမုံက ပြောပါတယ်။

ပြင်ဆင်မှုအနေနဲ့လည်း ခန္ဓာကိုယ်နဲ့ အသားအရေပိုင်းကို ဂရုစိုက်ပြင်ဆင်နေပြီး ပြိုင်ပွဲက ဝေဖန်မှုများလည်းရှိလာမယ့် အပေါ်လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“အဓိကကတော့ ကိုယ့်ဘက်က ဓာတ်ပုံရိုက်ရင် ဘယ်လို Mood ရှိရမယ်။ သေချာတာက Model တယောက်ဖြစ်ဖို့အတွက် Body လည်းရှိရမယ်။ Skin လည်းကောင်းဖို့တော့ လိုတယ်လို့ ထင်တယ်။ Public Figure ဖြစ်သွားမှာဆိုတော့ ပြီးတော့ ဝေဖန်မှုရှိတယ်ဆိုတာကလည်း နားမလည်တဲ့သူတွေကြောင့်ပါ”

“ယမုံတို့အနေနဲ့ကျတော့ ကိုဇင်အောင်နဲ့က Personal အရလည်းခင်နေကြတာဆိုတော့ ကိုဇင်အောင်က စကားတခွန်း ပြောလိုက်ရင် သူဘာကိုလိုချင်လို့ လူတယောက်ကို ဖြစ်စေချင်လို့ပြောတာမှန်း နားလည်တော့ အဲဒါကြောင့်ပိုပြီး ပြိုင်ချင်တာပေါ့” လို့ ယမုံက ပြောပါတယ်။

ယခင်က Miss ပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတာကြောင့် ပြိုင်ပွဲများက အခြေခံသဘောတရားများ တူညီကြမှာဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းများကို လက်ခံနိုင်မယ်ထင်တယ်လို့ ဆိုပါတယ်။

“ယမုံလည်း Miss ပြိုင်ပွဲတွေဝင်ပြီးတော့ Camp တွေလည်းဝင်နေရတော့ အခြေခံအရတော့တူတယ်ဆိုတော့ နေနိုင်မယ် ထင်ပါတယ်။ ကိုယ်ဘယ်လောက်ထိ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာထက် သူတို့ပြောတဲ့ ကောမန့်တွေအရ သူတို့ရဲ့ Challenge တွေလုပ်ရင်းနဲ့ ကိုယ့်အတွက်ပညာတွေ အတွေ့အကြုံတွေကို လိုချင်လို့ ပြိုင်တာဆိုမှန်လိမ့်မယ်” လို့ ယမုံက ပြောပါတယ်။

မော်ဒယ်တယောက်အနေနဲ့ ရပ်တည်လျက်ရှိတဲ့ ယမုံက သရုပ်ဆောင်အလုပ်အနေနဲ့ “ကိုယ်ပွား” ၊ “မြမြ” ရုပ်ရှင်ဇာတ်ကားများကိုလည်း ရိုက်ကူးထားပါတယ်။
You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading