'Wonder Woman 1984' ရုပ်ရှင်မှာ စတန့်ပြကွက်တွေလုပ်ရင်း ကျောရိုးဒဏ်ရာရခဲ့တဲ့ Gal Gadot
မင်းသမီး Gal Gadot ဟာ “Wonder Woman” ရုပ်ရှင်အသစ်အတွက် ဒါရိုက်တာ Patty Jenkins ရဲ့ တောင်းဆိုမှုနဲ့ စတန့်ပြကွက်တွေကို လူစားမထိုးဘဲ သရုပ်ဆောင်ရာကနေ ကျောရိုးဒဏ်ရာ အနည်းငယ်ရရှိခဲ့လို့ ရိုက်ကွင်းခဲ့နေ ခေတ္တအနားယူခဲ့ရတယ်လို့ သိရပါတယ်။
အစ္စရေးမင်းသမီး Gadot ဟာ အက်ရှင်ဇာတ်ဝင်ခန်း တော်တော်များများ ပါဝင်တဲ့ “Wonder Woman 1984” ရုပ်ရှင်မှာ အမေဇုန်စစ်သည်တော် Diana Prince အဖြစ် ပြန်လည်သရုပ်ဆောင်ထားပါတယ်။ Cirque du Soleil ဖျော်ဖြေရေးအဖွဲ့ရဲ့ ကျွမ်းကျင်သူတွေက အန္တရာယ်ရှိတဲ့ စတန့်ပြကွက်တွေကို ပါဝင်ခဲ့တာ ဖြစ်ပေမယ့် ရုပ်ရှင်ထဲမှာ မြင်တွေ့ရမယ့် ဇာတ်ဝင်ခန်းအများစုကို မင်းသမီး Gadot ကိုယ်တိုင် သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။
မင်းသမီးက “ကျမတို့ ဝါရှင်တန်က ပန်ဆယ်ဘေးနီးယားရိပ်သာလမ်းကို ပိတ်ချလိုက်တယ်။ ပြီးတော့ ဝိုင်ယာကြိုးတွေ၊ ကိရိယာတန်ဆာပလောတွေကို ကီလိုမီတာတွေ မိုင်တွေနဲ့ ချီပြီး ပြင်ဆင်တယ်။ ဒါမှ ကျမက အိုလံပစ်ပြိုင်ပွဲမှာ အူစိန်ဘော့ပြေးတဲ့နှုန်းနဲ့ ပြေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အသက် ၃၄ နှစ်အရွယ် မင်းသမီးဟာ သူလုပ်ဆောင်ခဲ့တဲ့အလုပ်အတွက် ဂုဏ်ယူပေမယ့် ဒါရိုက်တာ Jenkins စိတ်တိုင်းကျ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ခံစားနာကျင်ခဲ့ရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ မင်းသမီးက “သူက ကျမရဲ့ အကောင်းဆုံး အရင်းနှီးဆုံး သူငယ်ချင်းတယောက်ပါ။ မလုပ်နိုင်ဘူးလို့ သူ့ကို ပြောဖို့ဆိုတာ တော်တော်လေး ခက်ပါတယ်။ ပြီးတော့ သူ့မှာ ပြင်းပြတဲ့ စိတ်ရှိပါတယ်” လို့လည်း ပြောခဲ့ပါတယ်။
ပြီးတော့ မင်းသမီးက “Patty နဲ့ ကျမရဲ့ရပ်တည်ချက်ကို စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားကြည့်တယ်။ သူက ကျမ ဘာပြောချင် တယ်ဆိုတာကို သိတယ်။ ဒါပေမယ့် ဒီလိုလေးလုပ်လိုက်ရင် ပိုကောင်းသွားမလား မသိနိုင်ဘူးလေ လို့ ပြောမိတယ်။ တကယ့်ကိုပဲ ရုပ်ပိုင်းဆိုင်ရင် ထိခိုက်တဲ့အခိုက်အခန့်တွေ ဖြစ်ခဲ့တယ်”
“ ဘာကြောင့်လဲဆိုတော့ ရိုက်ကွင်းမှာ ကျောရိုးဒဏ်ရာတော်တော်များများ ရခဲ့ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ လုပ်ရတာ တန်ပါတယ်။ အကြိမ်နည်းနည်းလောက် ဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါမှာ တကယ့်ကိုပဲ တန်ဖိုးရှိပါတယ်” လို့ ဆိုပါတယ်။
မင်းသမီး Gadot နဲ့ ဒါရိုက်တာ Jenkins တု့ိဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့ မှာ ပြုလုပ်ခဲ့တဲ့ Comic Con Expo ပွဲမှာလည်း သူတို့ရဲ့ ရုပ်ရှင်အတွက် ပရိုမိုးရှင်းတွေကို ပြုလုပ်ခဲ့ပြီး ပရိသတ်တွေအတွက် ရုပ်ရှင်အမြည်းဗီဒီယိုအသစ်ကိုလည်း မျှဝေခဲ့ပါတယ်။
Pedro Pascal, Kristen Wiig, နဲ့မင်းသား Chris Pine တို့ပါဝင်ထားကြတဲ့ “Wonder Woman 1984” ရုပ်ရှင်ကို လာမယ့် ၂၀၂၀ ပြည့်နှစ် ဇွန်လမှာ ရုံတင်ပြသဖို့ ရှိနေပါတယ်။
Ref: aceshowbiz
You may also like these stories:
၂၀၂၀ ပြည့်နှစ်မှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ အခြေအနေ ကောင်းနေတဲ့ “Shazam” ရုပ်ရှင်