နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကြောင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအတွက် ဖြေရှင်းရန် နယ်သာလန်နိုင်ငံကို ရောက်ရှိနေပါတယ်။ ဒီအမှုအတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ICJ တရားရုံးမှာ အမှုစတင်စစ်ဆေးခဲ့ပါတယ်။
အမှုရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ မြန်မာလူမျိုး၊ တိုင်းရင်းသား လူမျိုးတိုင်း က သူမအတွက် အားပေးထောက်ခံပွဲတွေ ပြုလုပ်ခဲ့ကြ သလို သရုပ်ဆောင် ဇဏ်ခီကလည်း အချက်အလက်နဲ့ ရှင်းပြဖို့ ကြိုးစားနေတဲ့ အချိန်မှာ လူတချို့တော် တော်များများ မြန်မာFacebook အကောင့်သုံးတဲ့သူတွေအနေနဲ့ နိုင်ငံတကာသတင်းတွေရဲ့အောက်မှာ မိုက်မိုက်ရိုင်းရိုင်းတွေ Comment တွေ မပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
“ကျနော် ရခိုင်အရေးစဖြစ်ပြီး နိုင်ငံတကာ Mainstream Media တွေမှာ မြန်မာနိုင်ငံကိုစပြီး တိုက်ခိုက်တဲ့အချိန်ကနေ စပြီးတော့ သူတို့ရဲ့ Page တွေအောက်မှာ ထိရောက်သည်ဖြစ်စေ၊ မထိရောက်သည်ဖြစ်စေ Comment Section တွေမှာ ချက်ကျလက်ကျ Fact တွေ Link တွေနဲ့ တုန့်ပြန်မှုတွေလုပ်ခဲ့ပါတယ်။ သူတို့ပြောတဲ့ထဲမှာ မှားတာတွေရော မှန်တာတွေရော ပါပါတယ်။ မှားတာတွေပိုများပါတယ်”
“ မနေ့က ICJ မှာအဖွင့်အဆိုပြုခြင်းတွေ အတိုင်းပါပဲ။ ယနေ့ကမ္ဘာမှာမြန်မာကိုထင်တဲ့ မြင်တဲ့အမြင်က ဗုဒ္ဓဘာသာ အစွန်းရောက်တွေနေတဲ့နိုင်ငံ၊ ပြီးတော့ အင်မတန်မယဉ်ကျေးတဲ့ မိုက်ရိုင်းတဲ့လူတွေနေတဲ့ နိုင်ငံဆိုပြီးတော့ပဲ ဖြစ်ပါတယ်။ အစွန်းရောက်ကိစ္စကတော့ အားလုံးသိကြတဲ့ မီးမွှေးတဲ့သူတွေရှိတယ် မီးရှို့တဲ့သူတွေ တွေရှိတယ်။ အဲ့ဒီ့ထဲပါသွားတဲ့ အစစ်တွေလည်းရှိတယ်။ ဆိုတော့ အဲ့ဒီ့ကိစ္စကတော့ တော်တော်လေးရှင်းရခက်ပါတယ်။ ဒါပေမယ့် ကျနော်အရှိကို အရှိအတိုင်းပဲ Comment Section တွေမှာ ပြောပြခဲ့တယ်။ ဘယ်သူမှမယုံပါဘူး။ ဒါကခဏ ထားပါ”
“စိတ်ပျက်စရာ အကောင်းဆုံးကဘာလဲဆိုတော့ ကျနော်တို့က ဒီဘက်မှာ အချက်အလက်နဲ့ရှင်းပြဖို့ကြိုးစား နေတဲ့ အချိန်မှာ တချို့တော် တော်များများ မြန်မာအကောင့်တွေက မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲကြဆိုကြပါတယ်။ မြန်မာလိုတွေ ရော Broken English တွေရော စုံလို့။ အဲ့ဒီတော့ Online ပေါ်မှာတခြားလူမျိုးတွေအတွက်က World Media ကပြောနေတာတွေက မမှားလောက်ဘူးပဲဆိုပြီး တစ်ခါတည်းဖြစ်သွားကြရော”လို့ ဇဏ်ခီက ရေးသားထားပါတယ်။
တသက်လုံးက မြန်မာလူမျိုးတွေဟာ ယဉ်ကျေးပျူငှါတယ်ဆိုတဲ့အမြင်ဟာ အခုကမ္ဘာမှာ မရှိတော့ဘူးလို့လည်း ဇဏ်ခီက သူရဲ့ Facebook မှာ ရေးသားထားပြီး ယနေ့မြန်မာဟာ သမိုင်းမှာအကျဉ်းတန်ဆုံး အခြေအနေတခုမှာရောက်နေတယ်လို့ဆိုထားပါတယ်။
“မနေ့က ICJ မှာပြောနေတာတွေကို Live ကြည့်နေရင်း စိုးရိမ်တဲ့အတိုင်းပဲ အောက်ကနေ ဆဲဆိုတဲ့မန့်တွေတက် လာပါတယ်။ အဲ့ဒီ့ထက်ပိုဆိုးတာက လူမျိုးရေးနဲ့ပတ်သက်တဲ့ဟာတွေပါ။ အခု အရင်ကလိုမဟုတ်တော့ပါဘူး။ Unicode ဆိုတော့ ဘာသာပြန်ရတာ အရမ်းလွယ်သွားပြီ။ ပြီးတော့ Media တွေကလည်း Comment တွေအကုန်လုံးကို လိုက်ဖတ်ကြည့်နေကြတယ်။ ကောင်းတာကို ရှာတာမဟုတ်ပါဘူး။ အဆိုးဆုံးတွေကိုရှာနေကြတာ”
“ ပြီးရင် အခါသင့်ရင်သင့်သလို အဲ့ဒီ့အဆိုးဆုံးသော Comment တွေကို Highlight တွေနဲ့ သူတိုရဲ့ Channel တွေမှာတင်ပြကြ မှာဖြစ်ပါတယ်။ တသက်လုံးက မြန်မာလူမျိုးတွေဟာ ယဉ်ကျေးပျူငှါတယ်ဆိုတဲ့ အမြင်ဟာ အခုကမ္ဘာမှာ မရှိတော့ပါဘူး”
“ယနေ့မြန်မာဟာ သမိုင်းမှာ အကျဉ်းတန်ဆုံးအခြေအနေတခုမှာ ရောက်နေပါတယ်။ ဒါကို ပေါ့ပေါ့တန်တန်မတွေးမိ ကြပါစေနဲ့။ နိုင်ငံ့ပုံရိပ်ကို အဖတ်ဆယ်နိုင်ဖို့အတွက် အားလုံးမှာတာဝန်ရှိပါတယ်။ ပါတီမတူတာတွေ နိုင်ငံရေးအမြင်မတူ တာတွေ လူပုဂ္ဂိုလ်စွဲတွေ ဘေးဖယ်ထားရမယ့်အချိန်ပါ”
“ တဦးတယောက်ချင်းဆီအနေနဲ့ ဘာမှမလုပ်ပေးနိုင်ရင်တောင် Social Media Page တွေ International News Page တွေမှာ မဆဲမဆိုခြင်းအားဖြင့်ကူညီပေးကြပါ။ Comment ပေးချင်ပြီဆိုရင်လည်း အချက်အလက်နဲ့ (မဆဲမဆိုပဲ) Comment ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ”လို့ ဇဏ်ခီက သူရဲ့ Facebookပေါ်မှာ ရေးသားထားပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ဖြေ ရှင်းနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ပြသသည့် ထောက် ခံပွဲများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် ပြည်နယ်နှင့်တိုင်း တချို့ရှိ မြို့ပေါ်များတွင် ပြုလုပ်လျက်ရှိပါတယ်။
You may also like these stories:
တရားဥပဒေနဲ့ ပတ်သက်ပြီး မြန်မာပြည်က အမှုတွေအကြောင်း ရိုက်ဖို့ရှိတယ်လို့ ဇဏ်ခီ ပြော
ဇဏ်ခီနဲ့ ခရစ္စတီနားခီတို့ နှစ်ယောက်ကြားမှာ Third Wheel ဖြစ်ခဲ့ရတဲ့ ပိုင်ဖြိုးသု
“Now & Ever” ရုပ်ရှင်အတွက် ဇာတ်ဝင်တေး ၆ ပုဒ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဇဏ်ခီ