• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Now & Ever” ရုပ်ရှင်မှာ ဇာတ်ဝင်တေးကို သီဆိုခဲ့တဲ့ အဆိုတော် ရှိုင်း

by ယုဖြူဟန်
11 December 2019
in Entertainment
A A
အဆိုတော်ရှိုင်း / ဝေဝေနှင်း / ဧရာဝတီ

အဆိုတော်ရှိုင်း / ဝေဝေနှင်း / ဧရာဝတီ

3.7k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “Now &Ever” ရုပ်ရှင်ဇာတ်ကားထဲမှ ဇဏ်ခီ ကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်ဝင်တေး “လူယောင်ဆောင်” သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော် ရှိုင်းကတော့ သူဆိုထားတာကို သီချင်းနဲ့ လူမတွဲမိကြဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“သီချင်းနဲ့ လူနဲ့ မတွဲမိဘူးဆိုတာ ကျနော်ကိုယ်တိုင်က သီချင်းတွေက ထွက်တယ်။ ဒါပေမယ့် Music Video သိပ်မထွက်ဘူး။ လူကိုယ်တိုင်ကလည်း Facebook မှာ Active သိပ်မဖြစ်တဲ့အခါကျတော့ ကျနော့်သီချင်းကို သိကြပြီး လူကိုသိပ်မသိကြဘူး။ Now &Ever က ဇာတ်ဝင်တေးဆိုရင်လည်း ကျနော့်နာမည်ကို တချို့ကသိတယ်။ ဒါပေမယ့် ကျနော်ဆိုမှန်း မသိကြဘူး” လို့ အဆိုတော် ရှိုင်းက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
117
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
605

“Now & Ever” ရုပ်ရှင်ဇာတ်ကားရဲ့ Fan Meeting မှာတော့ “လူယောင်ဆောင်” သီချင်းကို ပရိသတ်တွေနဲ့ တွေ့ဆုံကာ သီဆိုဖျော်ဖြေခဲ့တဲ့အတွက် လူနဲ့ သီချင်း တွဲပြီးတော့ သတိထားမိခဲ့ကြတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၂ ပတ်ကလုပ်ခဲ့တဲ့ Time City က ပွဲမှာလားမသိဘူး။ သွားဆိုတယ်။ အဲ့တုန်းကတော့ ကျနော်နဲ့တွဲပြီး သတိထားမိသွားတယ်” လို့ ရှိုင်းက ပြောပါတယ်။ ဇဏ်ခီတို့နဲ့ လက်တွဲလုပ်ကိုင်ဖြစ်တဲ့အကြောင်းကိုလည်း ရှိုင်းက အခုလို ဆိုပါတယ်။

“ကိုဇဏ်တို့နဲ့ ဘယ်လိုလက်တွဲဖြစ်သွားတာလဲ ဆိုတော့ အစက ကျနော်က သိတောင်မသိဘူး။ ကိုဇဏ်ကို မသိတာ မဟုတ်ဘူး။ လာပြီးကမ်းလှမ်းမယ်လို့မထင်တာ ဒါပေမယ့် Central Base ကနေ ဖုန်းဆက်တယ်။ သူတို့ရိုက်တဲ့ရုပ်ရှင်မှာ ဇာတ်ဝင်တေး ဆိုစေချင်တယ်။ အိုကေ လုပ်မယ်ပေါ့။ သူတို့နဲ့သွားတွေ့တော့မှ ကိုဇဏ်က ဇာတ်ကားနဲ့ ကိုက်မယ့် ဇာတ်ဝင်တေးကို ဖန်တီးထားပြီးသားရှိတယ်။ သူဆိုထားတဲ့အကြမ်းကိုပြပြီး ကျနော့်ပုံစံနဲ့ ဆိုထားတာပေါ့” လို့ ပြောပါတယ်။

ဇာတ်ဝင်တေး သီဆိုဖို့အတွက် ရှိုင်းကို ရွေးချယ်တဲ့အကြောင်းကလည်း ကွာလတီတခု ရှိတာကြောင့်လို့ ခံစားမိတယ်လို့ ဆိုပါတယ်။

“ဘာကြောင့်ရွေးချယ်လဲ ဆိုတာကိုတော့ ပြောမပြတတ်ဘူး။ ကိုယ့်ကိုယ်ကို အမွှန်းတင်ရာ ရောက်မှာစိုးလို့။ ဘာပဲဖြစ်ဖြစ် သူတို့က ကွာလတီတခုကိုအလေးထားတဲ့သူတွေဆိုတော့ ကျနော့်မှာ သူတို့လိုချင်တဲ့ကွာလတီ သူတို့လိုချင်တဲ့ ဆိုနိုင်တဲ့ အားရှိလို့ ကမ်းလှမ်းတယ်လို့ ခံစားရတယ်” လို့ ရှိုင်းက ပြောပါတယ်။

အခုဆိုရင်လည်း “လူယောင်ဆောင်” သီချင်းက ပရိသတ်များ ကြိုက်နှစ်သက်ရတဲ့ သီချင်း ဖြစ်ခဲ့ပြီး ဇဏ်ခီတို့ကြောင့် ရှိုင်းကိုလည်း လူပိုသိစေတာဟာ အကျိုးအမြတ် တခုဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုဇဏ်တို့ကို ချစ်တဲ့သူတွေက ကျနော့်ကိုလည်း သိသွားကြတာပေါ့။ ကျနော့်အတွက်တော့ အလုပ်တွဲလုပ်လိုက်ခြင်းရဲ့ အကျိုးအမြတ်တခုပေါ့။ နောက်ပိုင်းကျရင် ကျနော်သီချင်းတွေ ဆက်လုပ်နေဦးမှာပါပဲ။ သီချင်းအသစ်တွေလည်း ထွက်မယ်။ နောက်ထပ်ပရိသတ်တွေ အများကြီးနဲ့လည်း တွေ့ချင်ပါသေးတယ်” လို့ ရှိုင်းက ပြောပါတယ်။

ရှိုင်းကတော့ သူ့ရဲ့ပထမဆုံး တကိုယ်တော်အခွေဖြစ်တဲ့ “Perfector” ကို မနှစ်က သူ့ရဲ့မွေးနေ့မှာထွက်ရှိထားပြီး သီချင်းအသစ်တွေကိုလည်း အွန်လိုင်းပေါ်ကတဆင့် တင်ပေးသွားမယ်လို့ သိရပါတယ်။

You may also like these stories:

“Now And Ever” ရုပ်ရှင်ကနေ သိန်းပေါင်း ၁၁၀၀ ကျော် ဝင်ငွေခွန် ဆောင်မည်

“Now & Ever” ရုပ်ရှင်မှာ ဒေါက်တာ မျိုးကို ကာရိုက်တာအတွက် ကြိုးစားခဲ့တဲ့ မင်းညို


Your Thoughts …
Tags: Now & Everအဆိုတော်ရှိုင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ဒါရိုက်တာ ခရစ္စတီးနားခီ  / ဝေဝေနှင်း / ဧရာဝတီ

ဘဝတလျှောက်လုံး ရုပ်ရှင် ၁၀ ကားခန့် ရိုက်ဖို့ ရည်ရွယ်ထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

by ယုဖြူဟန်
22 October 2019
11.6k

“ကျမဘဝတလျှောက်လုံးမှာ အမြဲဆုတောင်းတာက မသေခင် ၁၀ ကားလောက် ရိုက်သွားရရင် ကျေနပ်ပါတယ်။ ဒါကြောင့် ဒီ ၁၀ ကားထဲက နောက် ၇ ကားကတော့ ပုံစံ မတူတာလေးတွေပဲ စဉ်းစားထားပါတယ်”

သရုပ်ဆောင် ဇဏ်ခီ  / ဝေဝေနှင်း / ဧရာဝတီ

“Now & Ever” ရုပ်ရှင်အတွက် ဇာတ်ဝင်တေး ၆ ပုဒ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဇဏ်ခီ

by ယုဖြူဟန်
22 October 2019
11.3k

ကိုယ်တိုင်ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းရေးသားထားပေမယ့်လည်း သရုပ်ဆောင်တယောက်အနေနဲ့ ခေါင်းထဲမှာမထားဘဲ ရေးသားပြီး ဒါရိုက်တာနဲ့ အမြင်ချင်း ဖလှယ်ပြီး ဖန်တီးကြတာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင်ဝတ်မှုံရွှေရည်  / ချစ်ပိုး / ဧရာဝတီ

“Now & Ever” ရုပ်ရှင်က ပေးတဲ့ Message က အရမ်းကောင်းတယ်လို့ ဝတ်မှုံရွှေရည် ပြော

by ချစ်ပိုး
3 November 2019
64.6k

“ ဒီဇာတ်ကားအကုန်လုံးက သရုပ်ဆောင်တာရော ရိုက်ကူးရေးပိုင်းရော ဇာတ်ညွှန်းရော အကုန်လုံးကပြောစရာ မလိုပါဘူး။ ဇာတ်ကားကြည့်တာ သရုပ်ဆောင်တွေကို ကြည့်တာမဟုတ်ဘူးပေါ့။

ဒါရိုက်တာ ခရစ္စတီးနားခီ  / ဓာတ်ပုံ - Christina Kyi's Facebook

“Now & Ever” ကို မြန်မာကားဖြစ်အောင် ရိုက်မယ့် ဒါရိုက်တာ ခရစ္စတီးနားခီ

by ယုဖြူဟန်
22 September 2018
22.8k

“အရင်ကနဲ့တော့ မတူဘူးပေါ့နော်။ ဒီကားကကျတော့ အချစ်ကား၊ ကျမကားတွေ များသောအားဖြင့်က အချစ်ဘက်ကို ဦးတည်ပြီး မရိုက်ထားဘူးလေ။

သရုပ်ဆောင်ပိုင်ဖြိုးသု / ချစ်ပိုး / ဧရာဝတီ

“Now & Ever” ရုပ်ရှင် ရိုက်ကူးရင်း ခံစားခဲ့ရတဲ့အကြောင်း ပြောပြတဲ့ ပိုင်ဖြိုးသု

by ချစ်ပိုး
3 November 2019
12.4k

ကိုယ့်ဇာတ်ကောင်စိတ်တွေ ဝင်နေတော့ တချို့ စကားလုံးလေးတွေဆို ဇာတ်ညွှန်းထဲမပါဘူး။ ရိုက်နေရင်းဖြစ်လာတဲ့ စကားလုံးလေးတွေလည်း ပါတယ်”

သရုပ်ဆောင်ဇဏ်ခီ /  ထက်ဝေ / ဧရာဝတီ

“ပြီးခဲ့တဲ့ ကား၂ကားထက် Level မြင့်အောင် ကြိုးစားကြမှာပါ”

by ယုဖြူဟန်
10 December 2018
15k

“သေချာတော့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဇာတ်လမ်းကတော့ ပြောရမယ်ဆိုရင် အပြင်မှာကျနော်မြင်ဖူးထားတဲ့ US ကမြန်မာလင်မယားပဲ။ သူတို့နဲ့နည်းနည်းဆင်တယ်။

Next Post
ကန်ကြီးထောင့်မြို့ ဟွာမန်အထည်ချုပ် အလုပ်သမားများ သပိတ်မှောက်

ကန်ကြီးထောင့်မြို့ ဟွာမန်အထည်ချုပ် အလုပ်သမားများ သပိတ်မှောက်

ကလေးတွေအတွက် ထိရောက်တဲ့ ဆေးပညာ၊ နည်းပညာ အကာအကွယ်တွေ လိုအပ်နေပါတယ်

ရာသီဥတုပြောင်းလဲလာမှုဟာ နောင်မျိုးဆက်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate