Entertainment

ဘယ်သွားသွား ပရိသတ်တွေ သိစေချင်လို့ The Model Academy ပြိုင်ပွဲဝင်ပြိုင်ခဲ့တာလို့ မော်ဒယ် Dee ပြော

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်က ပြုလုပ်ပြီးခဲ့တဲ့ The Model Academy ပြိုင်ပွဲမှာ First Runner up ရရှိခဲ့တဲ့ မော်ဒယ် Dee က Winner မဖြစ်ခဲ့လို့ ဝမ်းနည်းမိပေမယ့် စိတ်နှစ်ပြီးအကောင်းဆုံး ကြိုးစားပြနိုင်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခုပြိုင်ပွဲပြီးနောက် ဓာတ်ပုံတွေ ရိုက်တယ်။ ကြော်ငြာတွေ ရိုက်ဖို့ရှိတယ်။ ရှိုးတွေ လျှောက်ဖို့လည်းရှိပါတယ်။ ပြိုင်ပွဲမှာ တော့ ကိုယ်လည်း Winner ရချင်တယ်။ စိတ်နှစ်ပြီး အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒါပေမယ့် First Runner up ရခဲ့တယ်။ First Runner up ရတော့ ဝမ်းနည်းပေမယ့် ကိုယ်ကြိုးစားသလောက် ပြန်ရတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့် တယ်။ Dee ကျေနပ်ပါတယ်”

“ ကိုငြိမ်းချမ်းကို စပြိုင်ကတည်းက သတိထားမိတာ သူ့မှာ ဆန်းသစ်တဲ့ အိုင်ဒီယာလည်း ရှိတယ်။ အရမ်းလည်း ကြိုးစားတယ်။ အဲ့အတွက် သူ Winner ရတယ်ပေါ့။ သူ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။ သူက တကယ့်ကို ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပါတယ်” လို့ Dee က ဧရာဝတီကို ပြောပါတယ်။

ပြိုင်ပွဲပြီးသွားတဲ့အခါ ပရိသတ်တွေပိုပြီး သတိထားမိလာကြလို့ ပျော်ရွှင်မိကြောင်းလည်း ဆိုပါတယ်။

“Fan တွေရော၊ မိသားစုတွေရော အရမ်းအားပေးကြလို့ ကျေးဇူးတင်ပါတယ်။ Dee ပြိုင်ပွဲဝင်ပြိုင်ဖြစ်တာလည်း အစက Dee ကိုဆိုရင် မော်ဒယ်အသိုင်းအဝိုင်းကလောက်ပဲ သိကြတယ်။ Fan မရှိဘူး။ မီဒီယာတွေ မသိဘူး။ အဲ့အတွက် Fan တွေ ရှိချင်တယ်။ ဘယ်သွားသွား Dee ဆိုတာကို သိစေချင်လို့ ပြိုင်ပွဲပြိုင်ဖြစ်တာပါ”

“ အခုနောက်ပိုင်း လည်း Dee အနုပညာအလုပ်တွေ လုပ်နေ ပါတယ်။ Dee ဒီတိုင်း မရပ်ချင်ပါဘူး။ ဒီထက်ပိုပြီး လည်း အနုပညာ အလုပ်တွေ လုပ်ချင်ပါသေးတယ်။ Dee က Next Top Model လည်း ပြိုင်ချင်ပါတယ်”လို့ Dee ကပြောပါတယ်။

မော်ဒယ်ကို ဝါသနာပါတဲ့ Dee က သရုပ်ဆောင်အလုပ်ကိုတော့ အခွင့်ရရင်လုပ်ချင်တယ်လို့ ဆိုပါတယ်။

“Dee က မော်ဒယ်ဘက်ကို ပိုဝါသနာပါတယ်။ သရုပ်ဆောင်တော့ အခွင့်ရရင်လုပ်ချင်တယ်။ ဘယ်လို ကာရိုက်တာပဲ လငှား လာငှားလုပ်နိုင်မယ်လို့ထင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ့်ကိုကို မင်းသမီးတယောက် အနေနဲ့တော့ သိပ်သဘော မကျဘူး။ Miss လည်းမကြိုက်ဘူး။ Miss က ကျတော့ အရမ်းအိန္ဒြေရှိပြီး အမျိုးသမီး ကောင်းတယောက်လိုပုံစံလေး ဆိုတော့ Dee နဲ့ မဖြစ်ဘူး”

“ Dee က မော်ဒယ်ပုံစံ ကျားကျားလျားလျား ဖြစ်တော့ မော်ဒယ်ဘက်ကို ပိုအားသန်တယ်။ Miss တော့ ပြိုင်ဖြစ်မှာ မဟုတ်ပါဘူး။ ဝေဖန်တာတွေ Bad Comment ရရင် အရမ်းအားငယ်ပြီး ငိုတယ်။ အခုနောက်ပိုင်း Bad Comment ပေးရင်သူ့တို့ အကောင့်ကို သွားကြည့်လိုက်တယ်”

“အဲ့ကျရင် အရမ်းရယ်ချင်တယ်။ အဲ့ကျရင် မကြည့်တော့ ဘူး။ အရင်ကလိုတော့ စိတ်ကဝမ်း မနည်းတော့ဘူး။ Bad Comment ပေးရင် ရယ်လိုက်တယ်။ နောက် Dee ကို သွားခေါမရုပ်ဆိုးတယ်ဆိုပြီး ဝိုင်းဆဲတဲ့ အထိဖြစ် တယ်။ အခုတော့ ဒါတွေ ကိုသိပ်ဂရုမစိုက်တော့ဘူး”

“ သူတို့က မင်းသမီးပုံစံချောချောလှလှလေးပဲ တွေ့နေလေ။ နိုင်ငံခြားမှာ လည်းသွားကျဲတာတို့ အသားမည်းတာတို့ ရှိပါတယ်။ မော်ဒယ်ပုံစံဆန် တာကို နားမလည်လို့ပဲ ပြောကြတာလို့ သဘောထား လိုက်တယ်။ ”လို့ Dee က ပြောပါတယ်။

Dee ကတော့ The Model Academy ပြိုင်ပွဲမှာ Winner ဖြစ်မယ်လို့ ပရိသတ်များက ထင်ကြေးပေးခဲ့ကြပေမယ့် ပြိုင်ပွဲမှာ ငြိမ်းချမ်းကို ရှုံးနိမ့်ခဲ့ပြီး First Runner up နဲ့သာ ကျေနပ်ခဲ့ရတာပါ။

You may also like these stories:

ဇင်အောင်ရဲ့ ဝေဖန်မှုများကို နားထောင်ချင်တဲ့အတွက် Model Academy ဝင်ပြိုင်မယ့် ယမုံ

“The Model Academy က လိုအပ်တဲ့ အပိုင်းကိုပဲ တင်ပြတာပါ”လို့ ဇင်အောင် ပြော

“The Model Academy က Reality Show ဖြစ်တဲ့အတွက် Public ကို ချပြခဲ့တာ”လို့ သန္တာလှိုင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading