Entertainment

သီချင်းစာသားတွေမှာ အမျိုးသမီး အဆိုတော်ကို စော်ကား သီဆိုလို့ ကိုရီးယား Rapper ထောင်ချခံရ

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားအမျိုးသား Rapper တဦးဟာ သူရဲ့ သီချင်းတွေနဲ့ ဖျော်ဖြေပွဲတွေမှာ အမျိုးသမီး Rapper တဦးကို လိင်ပိုင်းဆိုင်ရာအရ စော်ကားသီဆိုခဲ့ကြောင်း အထူးတရားရုံးက ဒီဇင်ဘာလ ၁၂ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

Kim Dae-woong လို့ အမည်ရတဲ့အဆိုတော် Black Nut ကို ထောင်ဒဏ် ၆ လနဲ့ ဆိုင်းငံ့ကာလ ၂နှစ်ချမှတ်လိုက်တာဖြစ်ပြီး လူမှုလုပ်ငန်းတွေကို နာရီပေါင်း ၁၆၀ ကြာလုပ်ဆောင်ဖို့လည်း အမိန့်ချခံခဲ့ရတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Indigo Child” နဲ့ “Too Real” သီချင်းနှစ်ပုဒ်ထဲမှာ အမျိုးသမီး အဆိုတော် KittyB ကို လိင်ပိုင်းဆိုင်ရာအရ စော်ကားတဲ့ အငြင်းပွားဖွယ် စကားလုံးတွေ ထည့်သွင်းထားတယ် ဆိုပြီး စွပ်စွဲခံရတဲ့ Black Nut ဟာ အောက်တရားရုံးတွေမှာလည်း အလားတူ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၃၀ အရွယ်အဆိုတော် Black Nut ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ ၄ ခုအတွင်းမှာ KittyB နာမည်ကို ဖော်ပြပြီး လိင်ပိုင်းဆိုင်ရာအရ စော်ကားခဲ့တဲ့ ဖျော်ဖြေမှုတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အဆိုတော် Black Nut ကတော့ အငြင်းပွားဖွယ် စာသားတွေဟာ ဟစ်ဟော့ပ် သီချင်းအမျိုးအစား အတွင်းမှာပဲ ရေးသားဖော်ပြထားတာဖြစ်ပြီး KittyB ကို စော်ကားဖို့ ရည်ရွယ်ချက် မရှိတဲ့အကြောင်း ပြောဆိုခဲ့ပေမယ့် အောက်တရားရုံးတွေက သူ့ရဲ့ လျှောက်လဲချက်ကို လက်မခံခဲ့ပါဘူး။

ဒေသတွင်း တရားရုံးတခုကတော့ KittyB ရဲ့ နာမည်ကို သီချင်းစာသားတွေထဲမှာ ဖော်ပြခဲ့ပြီး စာသားတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ဆဲရေးတိုင်းထွာမှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အယူခံတရားရုံးတခုကတော့ တခြားယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ လုပ်ငန်းတွေမှာလို ဟစ်ဟော့ပ် သီချင်းအမျိုးအစားမှာသာ အဲ့ဒီလို ဖော်ပြချက်မျိုးနဲ့ လုပ်ဆောင်ရင် တရားမျှတတယ်လို့ ယုံကြည်ဖို့ မဖြစ်နိုင်ကြောင်းလို့ ဆိုပြီး Black Nut ရဲ့ အပြစ်မရှိကြောင်း ငြင်းဆိုချက်ကို ပလပ်ခဲ့ပါတယ်။

Ref: Yonhap

You may also like these stories:

အချမ်းသာဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာတဲ့ ရီဟားနား

တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်တွေ ပါဝင်တဲ့ အရက်ကြော်ငြာတွေကို တားမြစ်ဖို့ စဉ်းစားနေ

“Love with Flaws” မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ချာအင်ဟာ ကွယ်လွန်

Did you find apk for android? You can find new Free Android Games and apps.
Loading