Myanmar Idol Season 4 ရဲ့ ၇ပတ်မြောက် ယှဉ်ပြိုင်မှုပြီးဆုံးသွားတဲ့အချိန်မှာတော့ ပြိုင်ပွဲဝင် ယောကီးဟာ မဲအနည်းဆုံးနဲ့ မနေ့ကယှဉ်ပြိုင်မှုအပြီးမှာ ပြိုင်ပွဲမှထွက်ခွာသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။
ယောကီးထွက်သွားပြီးတဲ့နောက်မှာတော့ နောက်တပတ်မှာ နှစ်တိုင်းပြန်လည်ခေါ်ယူနေကျဖြစ်တဲ့ ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာသွားသူများထဲမှ ပရိသတ်ရဲ့ တဖန်မဲပေးမှုနဲ့ ပြိုင်ပွဲကိုပြန်လည်ယှဉ်ပြိုင်စေတဲ့ Wild Card ဆိုတာရှိပါတယ်။ ယခုနှစ်မှာလည်း Channel 9 Wild Card ဆိုတာနဲ့ ပရိသတ်များရဲ့ မဲအများဆုံးလူက ပြိုင်ပွဲကို ပြန်လည်ရောက်ရှိလာရတော့မှာပဲဖြစ်ပါတယ်။
Wild Card ဖြင့် ပရိသတ်များက သူတို့ချစ်တဲ့ပြိုင်ပွဲဝင်ကို ပြန်လည်ခေါ်ယူချင်တယ်ဆိုရင်တော့ ဒီဇင်ဘာ ၁၃ရက်နေ့ Result Show ပြီးဆုံးသွားတဲ့အချိန်မှစတင်ပြီး ၁၄ရက်နေ့ည ၁၁နာရီအထိ Vote ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ Season 4 ရဲ့ဆန်ခါတင်ရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင် ၁၁ဦးဟာဆိုရင်တော့ အခုအချိန်မှာ Top 4 သာကျန်ရှိတော့တာဖြစ်ပြီး ထွက်ခွာသွားခဲ့တဲ့ ပြိုင်ပွဲဝင် ၇ဦးထဲမှ ပြန်လည်ရွေးချယ်ရမှာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ည Result Show မှာတော့ ပရိသတ်များအတွက် အပျော်များနဲ့ ပြီးဆုံးသွားခဲ့တဲ့ညလို့ပြောရအောင် Bottom ၃ဦးရွေးချယ်ပြီးတဲ့အချိန်မှာတော့အဆိုတော်မေခလာရဲ့ သီဆိုဖျော်ဖြေမှုကတော့ ပြိုင်ပွဲဝင်များ ၊ ဒိုင်များသာမက တီဗီမှတဆင့်ကြည့်ရှုနေတဲ့ ပရိသတ်များကိုပါ ပျော်ရွှင်မှုရသတခုပေးစွမ်းနိုင်ခဲ့ပါတယ်။
Bottom ၃ဦးအနေနဲ့ ယောကီး ၊ ဘင်ဂျမင်ဆုမ်း ၊ အက်စတာ တို့က ထိုင်ခဲ့ရပြီး ဒီ ၃ဦးထဲက မဲအနည်းဆုံးဖြင့် ယောကီးကထွက်ခွာသွားခဲ့ရတာပဲဖြစ်ပါတယ်။
ယောကီးကတော့ ထင်ရှားကျော်ကြားသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်မှုမှာတော့ ဒိုင် ၃ဦးရဲ့ ကောမန့်ကောင်းများ ကိုရရှိခဲ့ပေမယ့် ပရိသတ်များရဲ့မဲပေးရွေးချယ်မှုအရ အနည်းဆုံးအနေနဲ့ ပြိုင်ပွဲမှ ထွက်ခွာသွားရတာပဲဖြစ်ပါတယ်။
“သူများတွေက ကျနော့်ကိုရုပ်ဆိုးတယ်လို့ပြောပေမယ့်လည်း အရမ်းချစ်ပေးကြလို့ ကျနော့်ရဲ့ Fan တွေကို ကျေးဇူးတင် ပါတယ်။ ဒီအဆင့်အထိ Voting တွေပေးပြီးခေါ်လာတဲ့သူတွေ ပြည်တွင်းပြည်ပက သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့်တို့မြို့က ကျောင်းသားလေးတွေကအစ သူတို့ရတဲ့မုန့်ဖိုး ၁ရာ ၂ရာကအစ ဆရာမတွေဆီ အပ်ပြီး ကျနော့်အတွက် Vote ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်” လို့ ယောကီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
ပရိသတ်များအနေနဲ့လည်း ကိုယ်အားပေးတဲ့သူကို လွတ်လပ်စွာအားပေးနိုင်ပြီး တခြားပြိုင်ပွဲဝင်ကို မတိုက်ခိုက်ကြဖို့ အတွက်လည်း ပြောခဲ့ပါတယ်။
နောက်ဆုံးဆန်ခါတင် ၄ဦးအနေနဲ့တော့ ဘင်ဂျမင်ဆုမ်း ၊ မူးလာ ၊ အက်စတာနဲ့ အေးမြဖြူတို့ကျန်ရှိနေပြီး နောက်တပတ်မှာတော့ Wils Card ဖြင့် ပြန်လည်ရောက်ရှိလာမယ့် ပြိုင်ပွဲဝင်တို့ဟာဆိုရင် ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ နဲ့ တခြားသော သီချင်းတပုဒ် စုစုပေါင်း တဦးကို ၂ပုဒ်စီဖြင့် သီဆိုယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။
You may also like these stories:
Myanmar Idol မှာ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ဆန်းများကို ပရိသတ်များ စောင့်ကြည့်နေရ
“Myanmar Idol ခရီး ပြီးဆုံးသွားပေမယ့် အနုပညာခရီး အခုမှ စမှာပါ”လို့ တန်ခွန်ကျော် ပြော
Wild Card နဲ့ခေါ်ရင် ပြန်လာဖို့ ဒိုင်တွေပြောတဲ့အတိုင်း လေ့ကျင့်နေတဲ့ နေလင်းကျော်