Entertainment

“နှာခေါင်းနဲ့ Vote မပေးနဲ့ပြောလည်း ပရိသတ်က သူကြိုက်တာ သူပေးနေမှာပဲ”လို့ ပိုးမီ ပြော

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 2 မှပြိုင်ပွဲဝင်တယောက်ဖြစ်ခဲ့တဲ့ ပိုးမီကတော့ အခုလက်ရှိ Season 4 မှာ ဝေဖန်မှုများနေတဲ့ နားနဲ့နားထောင်ပြီး Vote ပေးကြဖို့နဲ့ နှာခေါင်းနဲ့ Vote မပေးကြဖို့ဆိုတဲ့ စကားက ဘယ်လောက်ပြောပြော ပရိသတ်ကတော့ ကြိုက်နေတဲ့သူကိုတော့ လူတိုင်းက ဆက်ကြိုက်နေမှာပဲလို့ ပြောပါတယ်။

“ပရိသတ်ကတော့ သူ့အကြိုက်သူရှိတာပဲလေ။ နားနဲ့နားထောင်ပါ နှာခေါင်းနဲ့ နားမထောင်ပါနဲ့ ဘယ်လောက်ပြောပြော ဒီတယောက်ကိုချစ်နေရင် ဘယ်လောက်ပြောပြော ဒီနားကကြိုက်နေတာလေ။ အပြစ်ပြောလို့မရဘူး။ သူကြိုက်တာသူ ပေးတာလေ”

“ Voting စနစ်ဖြစ်နေတာကြောင့် ဒါကြီးကိုအရမ်းမခံစားနဲ့ ပြိုင်ပွဲဝင်တွေက ကိုယ်လျှောက်ချင်တဲ့လမ်းကို ရောက်နေပြီ။ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားသွား အကောင်းဆုံးကြိုးစားတာအတွက် ထိုက်တန်တာက ရောက်လာမှာပါ” လို့ ပိုးမီကပြောပါတယ်။

Season 1 မှ Season 3 ထိ အမျိုးသားပြိုင်ပွဲဝင်များသာ Winner ရရှိခဲ့တာကြောင့် ဒီနှစ်မှာတော့ အမျိုးသမီး Winner ရစေချင်တယ်လို့ ဆိုပါတယ်။ ဒီလို အမျိုးသမီး Winner ရစေချင်ပေမယ့် အမျိုးသမီးများကိုသာ Voting ပေးနေတာ မဟုတ်ဘူးလို့ သိရပါတယ်။

“Vote ပေးဖြစ်ပါတယ်။ မိန်းကလေးကိုရစေချင်လို့ မိန်းကလေးကိုပဲ ပေးနေတာတော့ မဟုတ်ဘူး။ ဒီတပတ်ဒီတယောက်ကို ကြိုက်ရင် အဲ့လူကိုပေးလိုက်တယ်။ နောက်တပတ်ကျ အဲ့လူကိုကြိုက်ချင်မှ ကြိုက်တော့တာလေ” လို့ ပိုးမီကပြောပါတယ်။

ပိုးမီကတော့ သူငယ်ချင်းများကြားမှာလည်း အမျိုးသမီး Winner ရဖို့အတွက် လောင်းကြေးထပ်ထားသေးတယ်လို့ သိရပါတယ်။

Myanmar Idol ရဲ့ စီနီယာပြိုင်ပွဲတယောက်ဖြစ်တဲ့အတွက် အခုလက်ရှိပြိုင်ပွဲဝင်များကိုလည်း ပိုးမီက သူ့အမြင်ကိုအခုလိုပဲ ဆိုပါတယ်။

“အားလုံးပဲ မောင်လေးတွေ ညီမလေးတွေ ပိုးမီတို့လည်းအရှေ့မှာအများကြီးကြိုးစားခဲ့ရတော့ ဒီလိုအချိန်မှာ အရမ်းခက်ခဲ နေမှာ ယုံကြည်ပါတယ်။ ဒါပေမယ့် အားမလျော့ပါနဲ့ ကြိုးစားပါ။ လက်တကမ်းပဲ လိုပါတော့တယ်။ ပန်းတိုင်ရောက်တော့ မှာပါ” လို့ ပြောပါတယ်။

ပိုးမီရဲ့ အချစ်ရေးနဲ့ပတ်သက်လို့လည်း အသည်းကွဲနေတာ အချိန် ၁နှစ်ကျော်ကြာခဲ့ပြီလို့ ဆိုပါတယ်။

“အသည်းကွဲတာ ၁နှစ်ကျော်ကျော်လောက်ရှိပြီ။ နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးတဲ့လူတယောက်ရှိခဲ့ဖူးတယ်။ အခုအချိန်မှာတော့ အသားကျအောင်ကြိုးစားနေပါတယ်။ အသားလည်းကျနေပါပြီ။ ဒါပေမယ့် တခါတလေလွမ်းတာပေါ့။ ပိုးမီက အရမ်းချစ်တတ်တယ်။ မကောင်းဘူး။ တော်ရုံတန်ရုံ သိပ်မချစ်ရဲတော့ဘူး။ အချစ်သစ်လည်း မရှာသေးဘူး”လို့ ပိုးမီကပြောပါတယ်။

ချစ်သူက သူ့အပေါ်မထင်မှတ်တဲ့အကြောင်းအရာတခု ၊ အပြုအမူတခုကြောင့် ကွဲကွာခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“ဘယ်လိုအကြောင်းအရာတွေကြောင့် ကွဲသွားတာလဲဆိုရင် မထင်မှတ်တဲ့ အကြောင်းအရာပေါ့။ ကိုယ်မထင်မှတ်တဲ့ အကြောင်းအရာ အပြုအမူတခုသူလုပ်သွားတာ ကိုယ်လည်းရှော့အရမ်းရသွားတယ်” လို့ ပြောပါတယ်။

ပိုးမီကတော့ ပြိုင်ပွဲပြီးနောက်မှာတော့ ကိုယ်ပိုင်သီချင်းဖြစ်တဲ့ “အလိုက်တသိ” သီချင်းနဲ့ ပရိသတ်အားပေးမှုများစွာရရှိခဲ့ပြီး နောက်ပိုင်းမှာလည်း သီချင်းအသစ်များ ထွက်ရှိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading