ခရစ္စမတ်နဲ့နှစ်သစ်ကူးရုံးပိတ်ရက်တွေဟာ နီးကပ်သထက်နီးကပ်လာပြီဖြစ်လို့ တော်တော်များများက လာမယ့် အားလပ်ရက်တွေအတွက် ပြင်ဆင်နေကြပြီးဖြစ်ပါလိမ့်မယ်။ အခုဖော်ပြပေးမယ့်ရုပ်ရှင်စာရင်းကတော့ အားလပ်ရက် တွေမှာ အေးအေးဆေးဆေး အနားယူကုန်ဆုံးလိုသူတွေအတွက် ကြည့်ရှုသင့်တဲ့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ခရစ္စမတ်ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။
(၁) Kalus
2D animation ရုပ်ရှင်တကားဖြစ်တဲ့ Kalus ဟာ Netflix ကနေ ပြသခဲ့တာဖြစ်ပြီး Disney ရဲ့ Frozen နဲ့ Pixar ရဲ့ Toy Story တို့လိုပဲ အောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။ စာပို့သမားတယောက်ရဲ့ အကြောင်းကို တိကျသေသပ်တဲ့ Storyboard ၊ ဝါရင့်သရုပ်ဆောင်တွေရဲ့ အသံနဲ့ တွဲဖက်ဖန်တီးထားတာပါ။
(၂) Last Christmas
Last Christmas ရုပ်ရှင်ကားကတော့ ပရိသတ်တွေအားပေးမှုရရှိထားတဲ့ မင်းသမီး Emilia Clarke ရဲ့ ရုပ်ရှင်တကား ပဲဖြစ်ပါတယ်။ Comedy ၊ Drama ၊ Romance အမျိုးအစားရုပ်ရှင်တကားဖြစ်ပြီး အဝတ်အစားဒီဇိုင်းတွေကိုလည်း အာရုံစိုက်ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတွေ အကြိုက်တွေ့စေမှာပါ။
(၃) Let It Snow
အဓိကသရုပ်ဆောင်တွေအနေနဲ့ Kiernan Shipka , Shameik Moore နဲ့ Joan Cusak တို့ပါဝင်ထားပြီး ခရစ္စမတ်အကြိုအချိန်ကာလနောက်ခံ Comedy , Romance အမျိုးအစားရုပ်ရှင်တကားပဲဖြစ်ပါတယ်။ Netflix မှာ ပြသပြီး ရုပ်ရှင်နာမည်ကို စာအုပ်နာမည်အတိုင်းထုတ်လုပ်ဖန်တီးခဲ့တာပါ။
(၄) Holiday in The Wild
Honeymoon ခရီးရဲ့ ဒုတိယရက်မတိုင်ခင် အာဖရိကမှာ ခင်ပွန်းဖြစ်သူထားရစ်ခံခဲ့ရတဲ့ အမျိုးသမီးတယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ Comedy , Drama , Romance အမျိုးအစားရုပ်ရှင်တကားဖြစ်ပြီး အာဖရိကရဲ့ လှပတဲ့ လွင်ပြင်ကျယ်တွေနဲ့ ရှုခင်းတွေပါ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Ref. www.harpersbazaar.com