• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၂၀၁၉ ခုနှစ်မှာ ပရိသတ်ရင်ထဲ စွဲထင်ကျန်ရစ်စေခဲ့တဲ့ ကိုရီးယားအနုပညာရှင်များ

by Aurora
15 December 2019
in Entertainment
A A
ပရိသတ်အားပေးမှုရရခဲ့တဲ့ အနုပညာရှင်များ

ပရိသတ်အားပေးမှုရရခဲ့တဲ့ အနုပညာရှင်များ

9.1k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ်ကလည်း တဖြည်းဖြည်းကုန်ဆုံးတော့မယ်အချိန်မှာ တနှစ်တာပတ်လုံး ပြသခဲ့တဲ့ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲတွေထဲက ပရိသတ်ရင်ထဲ စွဲထင်ကျန်ရစ်စေခဲ့တဲ့ သရုပ်ဆောင်တွေအကြောင်းကို ဝေမျှပေးချင် ပါတယ်။

ပရိသတ်တွေကတော့ သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့ ပီပြင်လွန်းလို့ သဘောကျနှစ်သက်ခဲ့ကြတာပါ။ စာဖတ်သူတွေနဲ့ အကြိုက်ချင်းထပ်တူကျမယ့် သရုပ်ဆောင်ရှိမလား ကြည့်ရအောင်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
298
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
751
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
431

Jang Dong Yoon

ပထမဆုံးတယောက်ကတော့ မကြာခင်ပြသသွားတဲ့ “The Tale of Nokdu” ထဲက မင်းသား ဂျန်ဒိုယွန်းပါ။ မြန်မာပရိသတ်တွေကတော့ မုဆိုးမလေးဆိုပြီး ချစ်စနိုးခေါ်ခဲ့ကြတဲ့ ဂျန်ဒိုယွန်းဟာ ဒီဇာတ်ကားထဲမှာ မုဆိုးမ အဖြစ်နဲ့ရော၊ သူ့ဘဝ အစစ်မှန်ကို ရှာဖွေနေတဲ့ နော့ဒူးအဖြစ်နဲ့ပါ စရိုက်နှစ်မျိုးလုံးကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင် ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ကပဲ ဇာတ်လမ်းတိုတခုမှာ သရုပ်ဆောင်ဖူးခဲ့ပြီး “The Tale of Nokdu” ကတော့ သူ့ရဲ့ ပထမဆုံးအဓိက ဇာတ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

Lee Jae Wok

မင်းသား လီဂျေးဝုခ်ကတော့ ဂျစ်ကန်ကန်ကောင်လေးပုံစံနဲ့ လိုက်ဖက်ပေမယ့် အပြင်မှာတော့ သိပ်ကိုဖော်ရွေတတ်သူ တယောက်ပါ။ သူ့ကို ၂၀၁၉ နှစ်စပိုင်းက ထွက်ရှိခဲ့တဲ့ “Search:WWW” ကားထဲမှာ မင်းသမီး လီဒါဟီး နဲ့အပြိုင် သရုပ်ဆောင်နိုင်ကတည်းက ပရိသတ်သတိထားမိခဲ့ပေမယ့် တလောကမှ ပြီးသွားတဲ့ “Extraordinary You” ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲ ပိုရောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အထွန်းတောက်ဆုံး ကြယ်တပွင့်လို့လဲ မှတ်ချက်ပြုခံထားရသူပါ။

Ong Seong Wu

အွန်ဆောင်ဝူးကိုတော့ ပရိသတ်တွေ ပထမဆုံးစသိခဲ့ကြတာ အဆိုပြိုင်ပွဲ “Produce 101” မှာ ယှဉ်ပြိုင်ကတည်းက မင်းသားတယောက်ရဲ့ ရုပ်ရည်မျိုးရှိတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အဆိုတော်အဖြစ်ပွဲ ထွက်ခဲ့သလို သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပါတယ်။ ပွဲဦးထွက်အဖြစ် “Moments of 18” မှာတော့ အထက်တန်းကျောင်းသား ဆယ်ကျော်သက်တဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

Jang Ki Yong

မင်းသား ဂျန်ဂီယောင်းကတော့ အောင်မြင်တဲ့မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်တယောက်ဖြစ်လာသူပါ။ ဇာတ်လမ်းတွဲ အများအပြားမှာ သရုပ်ဆောင်ခဲ့ဖူးပေမယ့် ၂၀၁၉ ခုနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ “Search: WWW” ဇာတ်ကားမှာ ပတ်မိုဂွန်အဖြစ် ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါ့ပြင်သူ့ရဲ့ ပထမဆုံး ပွဲ ဦးထွက်ရုပ်ရှင်ဖြစ်တဲ့ “Bad Guys: Reign of Chaos” မှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် သရုပ် ဆောင်ထားပါတယ်။

Lee Do Hyun

“Hotel Del Luna” ဇာတ်ကားမှာ မင်းသား ချွဲထယ်ဂျွန် နေရာအစားထိုးဝင်ရောက်ခဲ့တဲ့ မင်းသား လီဒိုဟွန်ကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာ လီဒိုဟွန်ဟာ ဂိုချန်မြောင်နေရာ ကနေ တကယ့်ကို သဘာဝကျကျနဲ့ သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီး IU နဲ့လည်း အပေးအယူမျှခဲ့တာကြောင့် ပရိသတ်တွေ သဘောကျနှစ်သက်ခဲ့ရပြန်ပါတယ်။

Rowoon

Rowoon ကိုတော့ K-Pop Idol Group SF9 နဲ့တွဲမြင်ကြမှာပါ။ Idol ဆိုတဲ့အတိုင်း ချောမောမှုကတော့ ပထမတန်းစား ဖြစ်သလို “Extraordinary You” မှာ ပါဝင် သရုပ်ဆောင်ပြန်တော့လည်း သရုပ်ဆောင်ပိုင်းမှာပါ ထူး ချွန်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။

Ref: Soompi

Your Thoughts …
Tags: Jang Dong Yoonကိုရီးယားဇာတ်လမ်းတွဲ
Aurora

Aurora

Contributor

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

by အောင်ခမ်း
18 December 2023
2.5k

ရာသီချိန်လုပ်သားစေလွှတ်မှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက လာရောက် လျှောက်ထားသူများကို ပါတီဝင်အဖြစ် မှတ်ပုံတင်ခိုင်းခြင်းနှင့် ဝန်ဆောင်ခအနေဖြင့် လူတဦးလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ဝန်းကျင်အထိ ကြိုတင်ငွေ ပေးသွင်းခိုင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

by ဧရာဝတီ
31 January 2024
1.4k

လက်ရှိတွင် ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်နေသည့် ကာလအတွင်း အိမ်ပြန်ခွင့် မရသေးသူများကို ဆက်လက်နေထိုင်ခွင့်ပေးထားကြောင်း

မမြင်ရသော ခြေထောက်

မမြင်ရသော ခြေထောက်

by မောင်စူးစမ်း
11 August 2024
1.3k

ဂျပန်ကို လေ့လာလျှင် အထူးစပါယ်ရှယ် အခြေအနေ (Special Circumstances) ကို သိရန်လိုသည်ဟု ပြောလေ့ ရှိပုံတို့ကို ကီနီချီအိုမေ က ဖော်ပြထားသည်။ ဤအစွဲအလမ်းကို ဝေဖန်လည်း ဝေဖန်သည်။

အရှေ့တောင်အာရှ EV ကား ဈေးကွက်ကို တရုတ် BYD သိမ်းပိုက်ထား

အရှေ့တောင်အာရှ EV ကား ဈေးကွက်ကို တရုတ် BYD သိမ်းပိုက်ထား

by ဧရာဝတီ
29 June 2024
721

BYD ဟာ ဒေသတွင်း ရောင်းအား အကောင်းဆုံး ဖြစ်ပြီး EV ကားဈေးကွက်ရဲ့ ၄၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားလျက် ရှိကြောင်း…

နည်းပညာ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး စနစ်သစ်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သူ အယ်လ်ဗင် တော်ဖလာ  / Reuters

ခေတ် ၅ ခေတ်၊ လှိုင်း ၃ လှိုင်း နဲ့ မြန်မာ

by ထက်မြက်
6 January 2019
29.9k

တာဝန်ယူသူတွေဟာ အရင်က အတွေးအခေါ်နဲ့ အရင်က လုပ်နည်းလုပ်ဟန် အတိုင်း လုပ်ဆောင် နေမယ် ဆိုရင် ဘယ်တော့မှ အသစ်ကို ရောက်မှာ မဟုတ်ဘူး။

Next Post
အစဉ်အလာကြီးသော

အစဉ်အလာကြီးသော

နှလုံးကျန်းမာရေး ကောင်း, မကောင်း ဒီနည်းလမ်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။

စက္ကန့် ၃၀ အတွင်း နှလုံးကျန်းမာရေး အခြေအနေကို သိနိုင်မယ့် နည်းလမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate