ပြီးခဲ့တဲ့ ဇူလိုင်လမှ တရုတ်အဆိုတော် ဝမ်လိဟုန်ဟာ Men’s Health မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အသုံးပြုဖို့ရှိတဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။ အဲ့ဒီပုံမှာ သူက “တပတ်ကို ၆ ကြိမ်နဲ့ တနှစ်ခွဲလောက် အလေးတုံးတွေ မခဲ့ပြီးတဲ့နောက် ရလဒ်တချို့ကို စတင်မြင်တွေ့လာခဲ့ရပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ဒါပေမယ့် အခုလိုမျိုး Gym မှာ လေ့ကျင့်ခန်းတွေလုပ်ခဲ့ပေမယ့် ၁၉၉၈ ခုနှစ်ကစလို့ သူနဲ့ လက်တွဲလုပ်ကိုင်ခဲ့တဲ့ စပွန်ဆာ ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ရဖို့ ဖြစ်လာခဲ့ပါတယ်။
Oriental Daily မီဒီယာရဲ့အဆိုအရ သတ္ထုဆားရေကုမ္ပဏီက မင်းသားဟာ အသက် ၄၃ နှစ်ရှိနေပြီဖြစ်လို့ မာကတ်တင်း ကမ်ပိန်းတွေကနေ ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ကုမ္ပဏီဟာ Wahaha ထုတ်ကုန် တွေမှာ ပိုပြီးငယ်ရွယ်တဲ့ နာမည်ကျော်ကြားသူနဲ့သာ အလေးပေးဖော်ပြရင် ပိုကောင်းတယ်လို့ ထင်မြင်လို့ ပုံစံအသစ် ပြောင်းလဲရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ရင်းနှီးခဲ့လို့ အဆိုတော် ဝမ်ဘက်ကနေ ကြော်ငြာခ တိုးတောင်းခဲ့တာမျိုး မလုပ်ခဲ့ပေမယ့် အခုလိုမျိုး ကြော်ငြာ မူဝါဒပြောင်းလဲမှုမျိုးနဲ့ ကြုံတွေ့လာရတာမျိုးလည်း ဖြစ်ပါတယ်။ အဆိုတော် ဝမ်ဟာ ၁၉၉၈ ခုနှစ်က တက်သစ်စ လူငယ်တဦးအဖြစ် ရှိနေခဲ့စဉ်ကာလမှာ ကုမ္ပဏီက သူ့အပေါ် လောင်းကြေးထပ်ခဲ့တဲ့ ကျေးဇူးရှိတာကြောင့် အခုလိုမျိုး ကြော်ငြာခကို ထပ်တိုးတောင်းခဲ့ခြင်း မရှိခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် အဆိုတော် ဝမ်ဟာ အခုအချိန်အထိ လူများစွာအတွက် အားကျ အတုယူဖွယ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သူဟာ လော့စ်အင်ဂျလိစ်မြို့မှာ ကျင်းပတဲ့ အမေရိကန်-အာရှဖျော်ဖြေရေး ထိပ်သီးအစည်းအဝေးမှာ Game Changer ဆုနဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။
အဲ့ဒီပွဲမှာ ထောက်ခံသူတွေကို သူက “လူငယ်တဦးက အကြံပေးဖို့ ဘယ်အချိန်ပဲ တောင်းခံလာတာပဲဖြစ်ဖြစ် မိသားစုကို ကြင်နာဖို့ပဲ ကျနော် ပြောမိမှာပါ။ မိသားရဲ့ အားပေးထောက်ခံမှု မရှိရင် ဒီအနုပညာလုပ်ငန်းမှာ ရှင်သန်ဖို့ ခက်ခဲပါလိမ့်မယ်” လို့ ဆိုပါတယ်။
အဆိုတော် ဝမ်ဟာ “Lust, Caution” နဲ့ “Little Big Soldier” တို့ အပါအဝင် ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Ref: asiaone
You may also like these stories:
UK နိုင်ငံရဲ့ ဆယ်စုနှစ်တာအတွင်း အကောင်းဆုံး အနုပညာရှင် ဖြစ်လာတဲ့ Ed Sheeran
သီချင်းစာသားတွေမှာ အမျိုးသမီး အဆိုတော်ကို စော်ကား သီဆိုလို့ ကိုရီးယား Rapper ထောင်ချခံရ
အသက် ၂၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ အမေရိကန် Hip Hop အဆိုတော် Juice Wrld