တောင်ကိုရီးယား အမျိုးသမီးအဆိုတော် အဖွဲ့ဖြစ်တဲ့ Blackpink ရဲ့ ပရိသတ်တွေဟာ အဖွဲ့ရဲ့ အေဂျင်စီက အယ်လ်ဘမ်အသစ် ထုတ်ပေးဖို့ ကိစ္စကြန့်ကြာနေတာနဲ့ ပတ်သက်လို့ စိတ်ဆိုး ဒေါသထွက်နေတယ်လို့ သိရပါတယ်။
အဖွဲ့ဝင် ၄ ဦး ပါဝင်တဲ့ Blackpink အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ်ကို အမြန်ဆုံးထုတ်ပေးဖို့ YG အင်တာတိန်းမန့်ကို တောင်းဆိုတဲ့ ကမ်ပိန်းတခုကိုလည်း စတင်ခဲ့ကြပြီး ဖြစ်ပါတယ်။ Lisa, Jisoo, Jennie နဲ့ Rose တို့ပါဝင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ Coachella Festival ပွဲတော်မှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။
အဖွဲ့လိုက် ဖျော်ဖြေပွဲတွေကို ပြုလုပ်ပြီး ပရိသတ်တွေနဲ့ ပိုမိုနီးစပ်အောင် လုပ်ဆောင်ခဲ့ကြပေမယ့် အခုကာလတွင်းမှာ အယ်လ်ဘမ်အသစ်ကို ဖြန့်ချိခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ နောက်ဆုံး ထွက်ရှိထားတဲ့ သီချင်းကတော့ ပြီးခဲ့တဲ့ ဧပြီလမှ ဖြန့်ချိခဲ့တဲ့ “Kill This Love” သီချင်းဖြစ်ပါတယ်။
အဖွဲ့ရဲ့အနုပညာ လှုပ်ရှားမှု ရပ်ဆိုင်းနေရာကို ဖြိုခွင်းဖို့အတွက် YG က အဖွဲ့ရဲ့ နာမည်ကျော်ကြားမှုနဲ့ လူသိထင်ရှားဖြစ်မှုကို ဘာကြောင့် အသုံးမချသလဲဆိုတဲ့ အကြောင်းအရင်းကို ပရိသတ်တွေက သိရှိလိုနေတာ ဖြစ်ပါတယ်။
အဖွဲ့ဝင် Lisa ကတော့ TCC Asia ရဲ့ ၂၀၁၉ ခုနှစ်အတွက် အာရှမှ အလှဆုံးမျက်နှာစာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ပြီး အဖွဲ့ဝင် Jennis ကတော့ နံပါတ် ၃ နေရာမှာ ရပ်တည်နေခဲ့တာကိုတွေ့ရပါတယ်။ YG ရဲ့ အလျင်လိုမှု ပျက်ကွက်နေခဲ့တာကြောင့် ပရိသတ်တွေက ထရပ်ကား တစီးကို ငှားရမ်းပြီး ကမ်ပိန်းအတွက် ဆောင်ရွက်ခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ အဲ့ဒီကားကို ဆိုးလ်မြို့မှာရှိတဲ့ YG အင်တာတိန်းမန့် အဆောက်အဦတည်ရှိရာ နေရာမှာ တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီကားပေါ်မှာတော့ အဖွဲ့အတွက် ပရိုမိုးရှင်းတွေ ပိုမိုပြုလုပ်ဖို့ ကုမ္ပဏီကို တောင်းဆိုတဲ့ သတင်းစကားတွေကို တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ တောင်းဆိုချက်တွေထဲမှာ အဖွဲ့ဝင် ၄ ဦးလုံးကို တကိုယ်တော် ပရောဂျက်တွေ လုပ်ဆောင်ပေးရေး နဲ့ ကဏ္ဍစုံအစီအစဉ်တွေမှာ ပါဝင်စေဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ Blackpink အဖွဲ့ဟာ ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ ကျင်းပခဲ့ဲ့တဲ့ Mnet Asian Music Awards ဆုပေးပွဲမှာ ဆုအသီးသီးအတွက် လျာထားခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့ဟာ ဆုပေးပွဲမှာ ဖျော်ဖြေခဲ့ခြင်း မရှိခဲ့သလိုနာမည်ကျော်ကိုရီးယား အမျိုးသမီးအဖွဲ့ဆုကို TWICE အဖွဲ့က ရရှိခဲ့ပါတယ်။
ဒါ့အပြင် ပရိသတ်တွေစာ YG ဌာနချုပ်ရဲ့ အပြင်ဘက်မှာ ဘေလ်ဘုတ်တခုကို ထောင်ခဲ့ကြပြီး အဲ့ဒီဘေလ်ဘုတ်မှာ အဖွဲ့ရဲ့ နာမည်ကျော်သီချင်းတွေကို ဆက်တိုက် လွှင့်ထုတ်နေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တဦးက “သူတို့တွေ (YG) က ငါတု့ိကို လုပ်ခဲ့တဲ့ တူညီတဲ့ ဂီတဗီဒီယိုတွေကို ထပ်ခါတလဲလဲ သူတို့ကို ကြည့်ခိုင်းမယ်” လို့ အွန်လိုင်းမှာ တင်ခဲ့တာကို တွေ့ရပါတယ်။
Blackpink အဖွဲ့ဟာ သူတို့ ပွဲဦးထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစလို့ မူရင်းသီချင်း ၁၃ ပုဒ်သာ ဖြန့်ချိနိုင်ခဲ့ပါတယ်။ YG ကတော့ အဖွဲ့ဟာ လက်ရှိမှာ ဂျပန် နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်နေပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ အယ်လ်ဘမ်အတွက် သီချင်းတွေကို အသံသွင်းယူနေပြီလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
Ref: straitstimes
You may also like these stories:
အာရှရဲ့ အလှဆုံးအမျိုးသမီးအဖြစ် Blackpink အဖွဲ့ဝင် ထိုင်းနိုင်ငံသူ Lisa သတ်မှတ်ခံရ
Coachella ပွဲတော်ကြီးမှာ အောင်မြင်မှု စိုက်ထူနိုင်ခဲ့တဲ့ BlackPink
Forbes မဂ္ဂဇင်းရဲ့ “30 Under 30 Asia” စာရင်းမှာပါဝင်ခဲ့တဲ့ BLACKPINK နဲ့ CL