Entertainment

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့နာမည် အကျော်ကြားဆုံး မော်ဒယ်အဖြစ် Kendall Jenner သတ်မှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ထိပ်တန်းမော်ဒယ်တွေဆိုတာ အဓိက ဖက်ရှင်လုပ်ငန်းတွေအတွက် ကမ်ပိန်းတွေနဲ့ လျှောက်လှမ်း အစီအစဉ်တွေမှာ ပါဝင်ရုံသာမက ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း သူတို့ကို လေးစားအားကျသူတွေအတွက် အဓိက အရင်းအမြစ် ဖြစ်နေတတ်ပါတယ်။

လူထုကိုလွှမ်းမိုးနိုင်မှုနဲ့ အတက်ကြွဆုံးဖြစ်တဲ့သူကတော့ ပရိသတ်ပေါင်း သန်း ၁၀၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ Kendall Jenner ပဲ ဖြစ်ပါတယ်။ Models.com ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ Twitter, Facebook နဲ့ Instagram တို့မှာ ရှိတဲ့ Follower စုစုပေါင်းအရေအတွက်ကို ကြည့်မယ်ဆိုရင် အသက် ၂၄ နှစ်အရွယ် မော်ဒယ် Kendall ဟာ ၂၀၁၉ ခုနှစ်အတွက် နာမည်အကျော်ကြားဆုံး မော်ဒယ်အဖြစ် ရပ်တည်နေတာကို တွေ့ရ့ပါတယ်။

သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ Follow လုပ်ခံရဆုံး မော်ဒယ်ဖြစ်တဲ့အတွက် သူ့ရဲ့ လက်ရှိနေရာကနေ ဘယ်သူကမှ ဖယ်ရှားလို့ မရနိုင်သေးပါဘူး။ သူ့ရဲ့ အစ်မတွေဖြစ်တဲ့ Kylie Jenner နဲ့ Kim Kardashian တို့လိုပဲ အလှပဂေး Kendall ဟာ Instagram, Facebook နဲ့ Twitter တို့မှာ Follower စုစုပေါင်း ၁၆၄ သန်း ရှိတယ်လို့ ဆိုပါတယ်။

သူ့ကို ကျော်တက်ပြီး နာမည်အကျော်ကြားဆုံး မော်ဒယ်နေရာကို ရယူဖို့ဆိုရင်တော့ အဲ့ဒီယှဉ်ပြိုင်သူတွေဟာ Follower ၁၀ သန်းလောက် ရအောင် လုပ်ဖို့ လိုနေပါသေးတယ်။ အနီးစပ်ဆုံး ယှဉ်ပြိုင်နိုင်တဲ့သူကတော့ မော်ဒယ် Gigi Hadid ဖြစ်ပြီး ဆိုရှယ်မီဒီယာ ၃ ခုလုံးမှာ Follower ၆၄ သန်းသာ ရရှိနေပါသေးတယ်။

သူတို့နှစ်ဦးရဲ့ အနောက်မှာတော့ မော်ဒယ် Cara Delevingne (Follower သန်း ၆၀)၊ မော်ဒယ် Chrissy Teigen (၃၉ သန်း)၊ မော်ဒယ် Emily Ratajkowski (၃၂ သန်း) တို့ အသီးသီး ရပ်တည်နေပါတယ်။ အခု လူကြိုက်အများဆုံး မော်ဒယ်တွေထဲမှာ လက်ရှိ သက်ငယ်တမ်း မော်ဒယ်တွေလည်း ပါဝင်သလို လျှောက်လှမ်းထက်မှာ လမ်းလျှောက်ခြင်း မရှိတော့ပေမယ့် ကြော်ငြ ာကမ်ပိန်းတွေမှာ ပါဝင်နေဆဲ မော်ဒယ်တွေလည်း ပါဝင်ကြပါတယ်။

Follower သန်း ၃၀ နီးပါးပိုင်ဆိုင်ထားတဲ့ Tyra Banks ကတော့ နံပါတ် ၆ နေရာမှာ ရှိနေပြီး နာမည်ကျော် မော်ဒယ် Miranda Kerr ကတော့ Follower ၂၅ သန်းနဲ့ နံပါတ် ၉ နေရာမှာ ရှိနေပါတယ်။

Ref:asiaone

You may also like these stories:

ချစ်သူသက်တမ်း ၂ နှစ်အကြာမှာ လမ်းခွဲလိုက်တဲ့ Kylie Jenner နဲ့ Travis Scott

Did you find apk for android? You can find new Free Android Games and apps.
Loading