နာမည်ကျော် ဟောလိဝုဒ်မင်းသား Ryan Reynolds ဟာ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်လွှင့်မယ့် “Running Man” အစီအစဉ်ရဲ့ အပိုင်းတခုမှာ ပါဝင်လာမယ်လို့ သိရပါတယ်။
အဲ့ဒီ သတင်းကိုတော့ Running Man အစီအစဉ်မှာ တင်ဆက်သူအဖြစ် ပါဝင်တဲ့ Yoo Jae Suk က Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ တင်ဆက်သူ Yoo က ဓာတ်ပုံ ၃ ပုံနဲ့အတူ Ryan Reynolds နဲ့ “6 Underground” မှာ အတူတူ သရုပ်ဆောင်ထားတဲ့ Adria Arjona၊ Melanie Laurent တို့နဲ့အတူ Tag တွဲပြီး တင်ထားတာ ဖြစ်ပါတယ်။
မင်းသားဟာ ပျော်ပျော်နေတတ်တဲ့သူ ဖြစ်တဲ့အတွက် ကမ္ဘာကျော် “Running Man” ရုပ်သံအစီအစဉ်မှာ မင်းသားရဲ့ ပွဲဦးထွက် ပါဝင်လာမှုကို နိုင်ငံတကာ ပရိသတ်တွေက အထူးစောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။
မင်းသား Ryan ဟာ ကိုရီးယားကဏ္ဍစုံ အစီအစဉ်တွေနဲ့ စိမ်းသူတော့ မဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း “The King of Mask Singer” အစီအစဉ်မှာ အဆိုတော်တဦးအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက သူဟာ ကိုရီးယားနိုင်ငံကို “Deadpool 2” ရုပ်ရှင်ပရိုမိုးရှင်းအတွက် ရောက်ရှိနေခဲ့တာ ဖြစ်ပြီး “Tomorrow” ဆိုတဲ့သီချင်းကို အဿထိုရ်မြင်း (Unicorn) ဝတ်စုံဝတ်ပြီး ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ်မှာ ပါဝင်တဲ့ ဒိုင်လူကြီးတွေကတော့ သူတို့ရှေ့မှာသီဆိုနေတာ ကမ္ဘာကျော် စတားတဦး ဆိုတာကို မသိဘဲ အင်္ဂလိပ်အသံအထွက် ကောင်းမွန်ပေမယ့် ပြီးပြည့်စုံတဲ့ သီချင်းသီဆိုမှုတော့ မဟုတ်ဘူးဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။ “Deadpool” မင်းသားဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကိုရီးယား ဖျော်ဖြေသူတွေကို ချစ်မြတ်နိုးကြောင်း အမြဲပြောဆိုလေ့ ရှိသူဖြစ်ပါတယ်။
အခုလိုမျိုး ကိုရီးယားကဏ္ဍစုံ အစီအစဉ်တခုမှာ ပါဝင်လာခဲ့ဖူးတဲ့ နိုင်ငံတကာ ကျော်ကြားသူကတော့ မင်းသား Ryan တယောက်တည်း မဟုတ်ပါဘူး။ နာမည်ကျော် ဘတ်စ်ဘော စတား Stephen Curry နဲ့ အကို ဖြစ်သူ Seth Curry တို့ဟာလည်း “Infinite Challenge” အစီအစဉ်မှာ ပါဝင်ခဲ့ဖူးပါတယ်။
“Running Man” အစီအစဉ်တခုမှာဆိုရင် “Mission Impossible Fallout” ရုပ်ရှင်ထဲက မင်းသား Tom Cruise ၊ မင်းသား Henry Cavil နဲ့ မင်းသား Simon Pegg တို့လည်း ပါဝင်ခဲ့ဖူးပါတယ်။
Ref: Kpopstarz
You may also like these stories:
“Running Man” အစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ Tom Cruise နဲ့ အဖွဲ့သားများ
ကိုရီးယား ရုပ်သံ အစီအစဉ်တခုမှာ ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ မင်းသား Ryan Reynolds
Marvel မှာ Deadpool ပါဝင်လာမယ်လို့ မင်းသား Ryan Reynolds အရိပ်အမြွက် ပြော