ဇနီးဖြစ်သူ အဆိုတော် Miley Cyrus နဲ့ လမ်းခွဲလိုက်တာမကြာသေးတဲ့ မင်းသား Liam Hemsworth ကတော့ အခုအချိန်မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတခုနဲ့ ကြုံတွေ့နေရပါတယ်။
မင်းသား Liam ဟာ သူ့ရဲ့ရုပ်ရှင် “Isn’t It Romantic” ဆိုတဲ့ရုပ်ရှင် ရိုက်ကွင်းမှာ ပါပါရာဇီတဦးက ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံကို Instagram အကောင့်မှာ တင်ခဲ့တဲ့အတွက် Splash News နဲ့ Picture Agency တို့ရဲ့ တရားစွဲဆိုမှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသားဟာ ကိုယ့်ပုံကိုယ်ပြန်တင်လို့ တရားစွဲခံလိုက်ရတာပဲ ဖြစ်ပါတယ်။
E! News မီဒီယာကနေရရှိခဲ့တဲ့ အချက်အလက်တွေအရ ရုပ်ရှင်ထုတ်လုပ်ရေး ပြင်ပရိုက်ကွင်းမှာ သရုပ်ဆောင်နေတဲ့ မင်းသားရဲ့ ပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဆရာရဲ့ ဓာတ်ပုံကို ခွင့်ပြုချက် မရှိဘဲ တင်ခဲ့တာကြောင့် မူပိုင်ခွင့်ချိုးဖောက်မှု စွဲချက်ကို ရင်ဆိုင်နေရာတာ ဖြစ်တယ်လို့ သိရပါတယ်။
အမှုဆိုင်ရာ အချက်အလက်တွေမှာတော့ မင်းသား Liam ဒါမှမဟုတ် သူ့ရဲ့ Instagram စာမျက်နှာအတွက် တာဝန်ရှိသူ တဦးဦးဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၅ ရက်နေ့တုန်းက သူ့ရဲ့အကောင့်မှာ အဲ့ဒီဓာတ်ပုံကို တင်ခဲ့ပြီး “Isn’t It Romantic” ရုပ်ရှင်ရဲ့ ပရိုမိုးရှင်း Instagram စာမျက်နှာကိုလည်း Tag တွဲတင်ပေးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအချက်အလက်တွေမှာ “Liam ဒါမှမဟုတ် သူ့ကိုယ်စား လုပ်ဆောင်ပေးနေတဲ့ တစုံတယောက်ဟာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တုန်းက အဲ့ဒီဓာတ်ပုံကို မင်းသားရဲ့ Instagram Story မှာ နှစ်ခါတင်ခဲ့ပါတယ်။ တနေ့တည်းမှာပဲ Teen Choice Movie Awards မှာ Isn’t It Romantic ရုပ်ရှင်အတွက် မဲပေးကြဖို့ လူတွေကို တိုက်တွန်းဖို့ Instagram Story မှာလည်း ထည့်သွင်းခဲ့ပါတယ်”လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို အကြောင်းအရာတွေကြောင့် မင်းသား Liam ဟာ မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် ဒေါ်လာ ၁ သိန်းခွဲပေးရ နိုင်ချေရှိနေပါတယ်။ မင်းသားရဲ့ လုပ်ဆောင်ချက်ဟာ တမင် ရည်ရွယ်ချက်ရှိပြီး အန္တရာယ်ရှိကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် မင်းသားဟာ မူပိုင်ခွင့်အက်ဥပဒေ အခန်း ၅၀၄ စီ ၂ အရ ထိခိုက်ခဲ့ရမှုတွေအတွက် ဒေါ်လာ ၁ သိန်းခွဲကို ပေးဆောင်ရမှာဖြစ်ပြီး ဥပဒေက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အမှန်တကယ် ထိခိုက်ခဲ့ရမှုတွေကိုလည်း တရားလိုတွေဘက်ကနေ ရှင်းလင်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: men’shealth
You may also like these stories:
လက်ထပ်ပြီး ၇ လအကြာမှာ လမ်းခွဲလိုက်တဲ့ Miley Cyrus နဲ့ Liam Hemsworth
Miley Cyrus ကျန်းမာစေဖို့နဲ့ ရှေ့လျှောက်ပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့တဲ့ Liam Hemsworth