Entertainment

ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 4 ရဲ့ ၈ ပတ်မြောက် ပြိုင်ပွဲကြီးမှာတော့ ပြိုင်ပွဲဝင်များက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ သီချင်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဆိုပါ ၈ပတ်မြောက် Performance Show မှာတော့ နောက်ဆုံးကျန်ရှိတဲ့ Top 4 ပြိုင်ပွဲဝင်များအပြင် ပရိသတ်များရဲ့ မဲပေးရွေးချယ်မှုကြောင့် ပြန်လည်ရောက်ရှိလာခဲ့တဲ့ တန်ခွန်ကျော်တို့ ၅ဦးက ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပထမဆုံးအနေနဲ့ ပရိသတ်များရဲ့ မဲပေးခေါ်ဆောင်မှုကြောင့် ပြိုင်ပွဲသို့နောက်တကြိမ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ တန်ခွန်ကျော်က “တပြည်သူ မရွှေထား” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်တွေရဲ့ မှတ်ချက်ကောင်းများကို ရရှိခဲ့ပါတယ်။

ပြိုင်ပွဲဝင်တလျှောက် ဝေဖန်မှုများစွာနဲ့ ယခုအထိ ကြိုးစားယှဉ်ပြိုင်ဆဲဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ ဇော်ဝင်းထွဋ်သီဆိုထားခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ “အချစ်သည်လေပြေ” ဆိုတဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ ယှဉ်ပြိုင်မှုမှာတော့ ဒိုင်များက သူ့ရဲ့ ကိုယ်ပိုင်ဖန်တီးထားမှုနဲ့ သီချင်းကိုသီဆိုသွားတဲ့အတွက်လည်း ချီးကျူးခဲ့ပါတယ်။

ပြိုင်ပွဲဝင်များထဲမှ အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ အေးမြဖြူကတော့ “မျက်ဝန်းလဲ့ပြာပြာ” ဆိုတဲ့သီချင်းကို အပိုင်နိုင်ဆုံးသီဆိုပြိုင်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့အချစ်တော် ပြိုင်ပွဲဝင် မူးလာကတော့ “မပြိုသည့်မိုး” ဆိုတဲ့သီချင်းကို စန္ဒယားဆရာ Andrew ကောင်းရဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ တီးခတ်မှုဖြင့် လိုက်ဖက်ညီအောင် သီဆိုယှဉ်ပြိုင်သွားနိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီးမင်းများရဲ့ အထူးချီးကျူးမှုကို ရရှိခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းယှဉ်ပြိုင်မှုရဲ့ နောက်ဆုံးပြိုင်ပွဲဝင်အနေနဲ့ အက်စတာက “ မြင့်မိုရ်ထက်မြင့်သော” သီချင်းနဲ့ သီဆိုဖို့ အစမှာပဲ အမှားအယွင်းတခုကို ပြုလုပ်ခဲ့မိခဲ့ပါတယ်။ ဒီအတွက် အကဲဖြတ် ဒိုင်များကတော့ ခွင့်လွှတ်ခဲ့ပေမယ့် လည်း မမှားသင့်တဲ့အမှားတခုဖြစ်တယ်လို့ ဝေဖန်မှုများရှိခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ဝင်တေး သီချင်းယှဉ်ပြိုင်မှုမှာတော့ အက်စတာတယောက်သာ အမှားအယွင်းတခုဖြစ်ခဲ့ပေမယ့် ကျန်တဲ့ ပြိုင်ပွဲဝင်များကတော့ အမှားကင်းကင်းနဲ့ ကြိုးစားယှဉ်ပြိုင်သွားတာကို တွေ့ရပါတယ်။

နောက်တကြိမ် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ သီချင်းများဖြင့် ယှဉ်ပြိုင်မှုမှာတော့ မူးလာက အရင်ဆုံး “သံမဏိလိပ်ပြာ” ၊ အေးမြဖြူ က “ကောင်းကင်မေမေ” ၊ အက်စတာကတော့ “နေ့သစ်” ၊ ဘင်ဂျမင်ဆုမ်းကတော့ “ကမ္ဘာမြေအတွက်သီချင်း” ၊ တန်ခွန်ကျော်ကတော့ “ကမ္ဘာမြေကြီးကျန်းမာစေ” ဆိုတဲ့ သီချင်းများနဲ့ အသီးသီးယှဉ်ပြိုင်ခဲ့ကြပါတယ်။

၈ပတ်မြောက် ယှဉ်ပြိုင်မှုမှာတော့ Wild ကဒ်နဲ့ ပြိုင်ပွဲဝင်တယောက်ပြန်လည်ခေါ်ယူခဲ့တဲ့အတွက် ဒီကနေ့ Result Show မှာတော့ ပြိုင်ပွဲဝင် ၂ဦး ထွက်ခွာရမှာပဲဖြစ်ပါတယ်။

You may also like these stories:

“Myanmar Idol မှာ ပရိသတ် ရွေးပေးတဲ့သူက Winner ဖြစ်မှာပဲ”လို့ တင်ဇာမော် ပြော

“နှာခေါင်းနဲ့ Vote မပေးနဲ့ပြောလည်း ပရိသတ်က သူကြိုက်တာ သူပေးနေမှာပဲ”လို့ ပိုးမီ ပြော

သီချင်းဆို ပြိုင်ပွဲတွေအပေါ် အမြင်ပြောပြတဲ့ အဆိုတော် ဟေမာနေဝင်း

Did you find apk for android? You can find new Free Android Games and apps.
Loading