အသက် ၈နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ် Ryan Kaji ဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆သန်းနဲ့ ဝင်ငွေအများဆုံး စံချိန်တင်ခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
Ryan Kaji ဟာ ၂၀၁၈ ခုနှစ်မှာလည်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းနဲ့ ဝင်ငွေအများဆုံး ရရှိသူတွေ စာရင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ Ryan Kaji ရဲ့ မိဘတွေ ၂၀၁၅ ခုနှစ်က စတင်ပေးလိုက်တဲ့ Youtube ချန်နယ်ဟာ ကြည့်ရှုသူ များပြားလွန်းတာကြောင့် အခုအချိန်မှာ ဝန်ထမ်း ၂၈ ယောက်နဲ့ လည်ပတ်နေရတဲ့ ကုမ္ပဏီတခုအဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။
Ryan Kaji ရဲ့ ဝင်ငွေဟာ Youtube မှာ Subscribe ပြုလုပ်သူ အများဆုံးဖြစ်တဲ့ PewDiePie ရဲ့ ဝင်ငွေထက် ၂ ဆ များခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Ryan ရဲ့ ချန်နယ်ကို မိဘတွေက ကိုင်တွယ်ထားပေးတာ ဖြစ်ပါတယ်။ Ryan မှာ ချန်နယ် အားလုံးပေါင်း ၉ ခုရှိပြီး ၉ ခုလုံးမှာ Subscribe ပြုလုပ်သူ သန်းနဲ့ချီပြီး ရှိတာဖြစ်ပါတယ်။
Ryan ဟာ ၂၀၁၅ ခုနှစ်မှာ အရုပ်တွေကို ဖောက်ပြီးကြည့်တဲ့ ချန်နယ်တခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ချန်နယ်ရဲ့ အမည် ကတော့ Ryan Toys Review ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က စတင်ပြီး Ryan ရဲ့ ချန်နယ်တွေ နာမည်ကြီးလာပြီးနောက် Nickelodeon စတဲ့ နာမည်ကျော် ရုပ်သံလိုင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
Ryan ရဲ့ ဗီဒီယိုအားလုံးနီးပါးမှာ ကြည့်ရှု့သူ သန်းချီရှိတာပြီး ဗီဒီယိုတိုင်းက ကစားစရာဘူးများကို ဖွင့်လှစ်ပြပြီး အရုပ်များနဲ့ ကစားပြတဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်။
ဝင်ငွေအများဆုံးဖြစ်တဲ့ Ryan ရဲ့ နောက်မှာ တက္ကဆက်ပြည်နယ်က သူငယ်ချင်းအုပ်စုတစုက တည်ထောင်ထားတဲ့ Dude Perfect ဆိုတဲ့ ချန်နယ်က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။
Ref;variety.com
You may also like these stories:
၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”
ကျောင်းကပွဲမှာ ပရိသတ်တွေကို လက်ခလယ် ထောင်ပြခဲ့လို့ နာမည်ကြီးနေတဲ့ ကလေး
ဂီတဇယား ထိပ်ဆုံးကို ပြန်ရောက်လာတဲ့ “All I Want for Christmas Is You” သီချင်း