Entertainment

စူပါဟီးရိုး ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြတဲ့ နာမည်ကျော်များ

Want create site? Find Free WordPress Themes and plugins.

စူပါဟီးရိုးရုပ်ရှင် ဇာတ်ကား တော်တော်များများဟာ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်မှုရရှိကြသလို ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ အနုပညာကြေးဟာလည်း များပြားလှတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တချို့သော နာမည်ကျော် သရုပ်ဆောင်တွေကတော့ စူပါဟီးရိုး ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

(၁) Tom Cruise (Iron Man)

Iron Man မင်းသား Robert Downey Jr. နဲ့ မရိုက်ကူးခင်တည်းက မင်းသား Tom Cruise ကို “Iron Man” နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး Tom Cruise က ဒီကမ်းလှမ်းမှုတွေကို ငြင်းဆိုခဲ့တာပါ။ Iron Man အနေနဲ့ ထူးထူးခြားခြားသရုပ်ဆောင်မှုတွေ မလုပ်နိုင်ဘူးလို့ ယုံကြည်လို့ ငြင်းလိုက်တာပါလို့ Tom Cruise က အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

(၂) Joaquin Phoenix (Doctor Strange)

Joker မင်းသားကြီး Joaquin Phoenix ဟာဆိုရင်လည်း Doctor Strange ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် Marvel Studio နဲ့နောက်ဆုံးညှိနှိုင်းမှုတွေ အထိ ပြုလုပ်ခဲ့ပေမယ့် အပြီးသတ်အနေနဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

(၃) Heath Ledger (Batman)

Joker မင်းသားဟောင်း Heath Ledger ကိုတော့DC fanတွေရော Joker ပရိသတ်တွေပါ မေ့နိုင်မယ် မထင်ပါဘူး။ Heath Ledger ကို Batman ဇာတ်ကောင်နေရာအတွက် ကမ်းလှမ်းခဲ့ဖူးပြီး သူ့အနေနဲ့ကတော့ ဇာတ်ရုပ်ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

(၄) Matt Damon (Daredevil)

၂၀၀၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Daredevil ရုပ်ရှင်အတွက် မင်းသား Matt Damon ကို ကမ်းလှမ်းခဲ့ဖူးပြီး သူ့အနေနဲ့ကတော့ ခါးခါးသီးသီးကိုပဲ ငြင်းဆန်ခဲ့တာပါ။ Comics တွေကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတာကို သူ့ တကိုယ်ရည်ဆန္ဒအရ မနှစ်သက်တာကြောင့် ငြင်းဆိုခဲ့တာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

(၅) Kate Beckinsale (Wonder Woman)

Kate Beckinsale ကို Wonder Woman ဇာတ်ကောင်နေရာအတွက် ကမ်းလှမ်းခဲ့စဉ်တုန်းက ရုပ်ရှင်မအောင်မြင်မှာကို စိုးရိမ်မိတဲ့အတွက်ကြောင့် ငြင်းဆိုခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ Wonder Woman ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိနေတာပဲ ဖြစ်ပါတယ်။

Ref. www.thetalko.com

You may also like these stories:

နောက်ထပ် “Venom” ရုပ်ရှင်မှာ ထပ်မံမြင်တွေ့ရမယ့် မင်းသား Tom Hardy

Iron Man ကို ပြန်အသက်သွင်းပေးရန် Marvel ပရိသတ်များ တောင်းဆို

“Mission-Impossible” စတန့်ပြကွက်တွေကို တကြိမ်တည်းအပြီးလုပ်ခဲ့တဲ့ မင်းသား Tom Cruise

Did you find apk for android? You can find new Free Android Games and apps.
Loading