နှစ်တနှစ်ရဲ့ နောက်ဆုံးလ ဒီဇင်ဘာရောက်ပြီဆိုရင် တနှစ်ပတ်လုံး အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေကို ပရိသတ်တွေ မဲပေးလေ့ ရှိကြပါတယ်။ သူတို့ စိုက်ထူနိုင်ခဲ့တဲ့ နာမည်ကျော် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေနဲ့ ၂၀၁၉ ခုနှစ်မှာ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူတွေက ဘယ်သူတွေ ဖြစ်မလဲ။ ကိုရီးယားနိုင်ငံတွင်းက ပရိသတ် တွေကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ ၂၀၁၉ ရဲ့ ထိပ်တန်း အနုပညာရှင်စာရင်းကို ဝေမျှပေးလိုက်ပါတယ်။
Gallup Korea ကနေ စစ်တမ်း ကောက်ယူချက်အရ ၂၀၁၉ ခုနှစ်မှာ အနုပညာ အရည်အသွေးတွေ အကောင်းဆုံး ချပြနိုင်ခဲ့တဲ့ ဒရမ်မာ စတားတွေနဲ့ ရုပ်ရှင်စတား Top 10 List ဖော်ပြထားပါတယ်။
၂၀၀၇ ခုနှစ်ကတည်းက နှစ်စဉ် တနှစ်တာရဲ့ အကောင်းဆုံး အနုပညာရှင်တွေ၊ အဆိုတော်တွေနဲ့၊ သီချင်းတွေကို စစ်တမ်းကောက်ယူ ဖော်ပြလေ့ရှိတဲ့ Gallup Korea မှာ အခုတခါလည်း ၂၀၁၉ ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အနုပညာရှင်တွေကို သိရဖို့ နိုဝင်ဘာ တလလုံးနီးပါး ပရိသတ်တွေကို မေးမြန်းခဲ့ကြပါတယ်။
အသက် ၁၃ နှစ်ကနေစပြီး ကိုရီးယားနိုင်ငံ တဝန်းလုံးက ပရိသတ် ၁,၇၀၀ ကျော်ကို မေးမြန်းခဲ့ရာ သူတို့ အနှစ်သက်ဆုံး အနုပညာရှင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဇာတ်လမ်းတွဲတွေထဲက ပရိသတ် အကြိုက်ဆုံး အနုပညာရှင်တွေကတော့ —
၁။ ဂုံဟိုဂျင်း
၂။ ဂန်ဟာနူး
၃။ ဂိုဒူရှင်း
၄။ ပတ်ဘိုဂမ်
၅။ ဂေါင်ယိုး / ဂျန်ဟာအင်
၇။ IU
၈။ ယန်ဂျွန်အာ
၉။ ကင်ဆိုမီ
၁၀။ လီဆောင်ဂီ / ချွဲဘူအမ် တို့ပဲ ဖြစ်ပါတယ်။
ထွက်ရှိလာတဲ့ စာရင်းအရ ဒီနှစ်အတွင်း အအောင်မြင်ဆုံး ဇာတ်လမ်းတွဲကတော့ “When the Camellia Blooms” လို့ ညွှန်းဆိုပေးရမှာပါ။ တကယ်လည်း ပြသချိန်တလျှောက်လုံး ကြည့်ရှုနှုန်းအမြင့်ဆုံး စံချိန်တင်ခဲ့သလို အခုထိပ်တန်းစာရင်းထဲမှာလည်း အဓိကသရုပ်ဆောင် သုံးဦးလုံး Top 3 မှာ ပါဝင်လာပါတယ်။
မင်းသား ပတ်ဘိုဂမ်ကလည်း ၄ နှစ်ဆက်တိုက် အဆင့် ၄ နေရာမှာ ရှိနေခဲ့ပြန်ပါတယ်။ ထူးခြားမှုအနေနဲ့ မင်း သား ဂေါင်ယိုး၊ ချွဲဘူအမ်နဲ့ ကင်ဆိုမီတို့ဟာ ၂၀၁၉ ခုနှစ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ မရှိပေမယ့် ပရိသတ်တွေကတော့ ကြိုက်နှစ်သက်ဆဲပါ။
ရုပ်ရှင်တွေထဲက ပရိသတ် အကြိုက်ဆုံး အနုပညာရှင်တွေကတော့ —
၁။ ဆောင်ဂန်ဟို
၂။ မက်ဒုံဆော့
၃။ ဂေါင်ယိုး
၄။ ဂျိုဂျင်ဝန်
၅။ လီဗြောင်ဟွန်း / ဟာဂျန်းဝူး
၇။ ဂျန်ဝူဆန်း
၈။ ယူဟေဂျင်း
၉။ ဟွမ်ဂျောင်မင်း
၁၀။ ဟန်နီလီတို့ပဲ ဖြစ်ပါတယ်။
“Parasite” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသားကြီး ဆောင်ဂန်ဟိုကတော့ မဲပေးသူ ၃၀ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရပ်တည်သွားပါတယ်။
မနှစ်က ပထမနေရာမှာ ရှိနေခဲ့တဲ့ မင်းသား မက်ဒုံဆော့ကတော့ ဒုတိယနေရာကို ဆင်းပေးလိုက်ရပြီး Top 10 ဆယ်ယောက်မှာ မင်းသမီး ဟန်နီလီ တယောက်ပဲ အမျိုးသမီး အနုပညာရှင်အဖြစ် ပါဝင်လာခဲ့ပါတယ်။
Ref: Soompi
You may also like these stories:
၂၀၁၉ခုနှစ်မှာ ထွက်ရှိမယ့် ဇာတ်ကားကောင်းများ
၂၀၁၉ ခုနှစ်မှာ ပရိသတ်ရင်ထဲ စွဲထင်ကျန်ရစ်စေခဲ့တဲ့ ကိုရီးယားအနုပညာရှင်များ