ထိုင်ဝမ်သတင်းစာ China Times ရဲ့အဆိုအရ မင်းသမီး ဆောင်းဟေဂိုဟာ လက်ထပ်လက်စွပ်လို့ ယူဆရတဲ့ အရာကို ဝတ်ဆင်ခဲ့ပြီးတဲ့နောက် သူနဲ့ ခင်ပွန်းဟောင်း ဆောင်းဂျွန်ကီတို့ အဆင်ပြေသွားပြီလို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မင်းသမီး ဆောင်းဟာ လက်ထပ်လက်စွပ်ကို ပြန်ဝတ်ထားတယ်လို့ ဆောင်းပါးတပုဒ်မှာ ဖော်ပြခဲ့ပြီးတဲ့နောက် သူတို့စုံတွဲ နှစ်ယောက်ဟာ ပြန်အဆင်ပြေသွားပြီလား ဆိုပြီး တရုတ် အင်တာနက် အသုံးပြုသူတွေက ထင်ကြေးပေး ပြောဆိုခဲ့ကြပါတယ်။
အဲ့ဒီဆောင်းပါးထဲက ဓာတ်ပုံဟာ Baidu လိုမျိုး ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် တရုတ် အင်တာနက် အသုံးပြုသူတွေက အဲ့ဒီဓာတ်ပုံ ဘယ်ကနေလာတာလဲဆိုတာကို ထင်ကြေးပေး ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ အဲ့ဒီဓာတ်ပုံဟာ လက်ဝတ်ရတနာပစ္စည်း ဓာတ်ပုံရိုက်ကွင်း တခုကနေ လာတယ်ဆိုတာ သိရှိခဲ့ရပါတယ်။
China Times ရဲ့အဆိုအရ သူတို့နှစ်ယောက် ပြန်အဆင်ပြေတာကို မြင်ချင်တဲ့သူ တော်တော်များများ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီလက်စွပ်အကြောင်းနဲ့ လက်စွပ်ဝတ်ခဲ့ကြတဲ့ အကြောင်းအရင်းကို ဖော်ထုတ်ခဲ့ကြပြီးတဲ့နောက် မင်းသမီး ဝတ်ထားတဲ့ လက်စွပ်ဟာ သူမော်ဒယ်လုပ်နေတဲ့ Chaumet ပစ္စည်းဖြစ်တယ်ဆိုတာကို ကိုရီးယားနဲ့ တရုတ်အင်တာနက်အသုံးပြုသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မင်းသမီး ဆောင်းဟာ ပွဲတွေ တက်ရောက်တဲ့ အချိန်တွေမှာ Chaumet လက်စွပ်တွေကို မကြာခဏ ဝတ်ဆင်လေ့ရှိပါတယ်။ အဲ့ဒီနောက် လက်ထပ်လက်စွပ်ဟာ လက်သန်းကြွယ်မှာ ဝတ်ရတာဖြစ်ပေမယ့် မင်းသမီး ဆောင်းဟာ အဲ့ဒီလက်စွပ်ကို လက်ညှိုးမှာ ဝတ်ဆင်ခဲ့တာကို မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
Ref: Koreaboo
အသက် ၂၅ နှစ်အရွယ် ချစ်သူနဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အဆိုတော် မက်ဒေါနား
ဂီတဇယား ထိပ်ဆုံးကို ပြန်ရောက်လာတဲ့ “All I Want for Christmas Is You” သီချင်း