Entertainment

“Chhapaak” ရုပ်ရှင်ဟာ ဘဝမှာ အခက်ခဲဆုံးရုပ်ရှင် ဖြစ်တယ်လို့ Deepika Padukone ပြော

မင်းသမီး Deepika Padukone က သူပါဝင်ထားတဲ့ “Chhapaak” ရုပ်ရှင်ဟာ သူ့ဘဝအတွက် အခက်ခဲဆုံး ရုပ်ရှင်ဖြစ်ပြီး ရုပ်ရှင်ရဲ့ ပထမဆုံး အမြည်းဗီဒီယိုကို ကြည့်ရှုနေချိန်မှာတောင် တော်တော်လေး စိတ်အားငယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းသမီးဟာ အဲ့ဒီရုပ်ရှင်မှာ အမှန်တရားအတွက် ရင်ဆိုင်ခဲ့တဲ့ အက်ဆစ်နဲ့ တိုက်ခိုက်ခံရသူ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ထောက်ခံအားပေးသူ ဖြစ်သူ မင်းသမီးက စိတ်ကျရောဂါ ခံစားခဲ့ရတဲ့အကြောင်း အင်တာဗျူးတခုမှ ပြောဆိုခဲ့ပြီး အဲ့ဒီ စိတ်ဓာတ်ကျမှုကြောင့် Chhapaak ရုပ်ရှင် ရိုက်ကူးနေစဉ် ကာလမှာ အခက်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းသမီး Deepika က “အဲ့ဒီရုပ်ရှင်ရိုက်ကွင်းမှာ ကျမနဲ့အတူ အကြံပေး ထားဖို့ လိုအပ်ခဲ့ပါတယ်။ ကျမ လမ်းပျောက်ခဲ့ပါတယ်။ ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ပါတယ်။ အဲ့ဒီခံစားချက်ကို ကျော်ဖြတ်ဖို့ စတင်ခဲ့တယ်။ ပြီးတော့ နာရီတော်တော်ကြာလောက် ပင်ပန်းခဲ့ရတယ်”

“ပြီးတော့ တော်တော်လေး ဆိုးရွား ကြမ်းတမ်းတဲ့ အခြေအနေဖြစ်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာအရ ကျမအတွက် တော်တော်လေးကို ကြမ်းတမ်းခဲ့တယ်။ အဲ့ဒီနေ့တွေ အကြောင်း ပြန်တွေးမိရင် ခံစားချက်တွေ ပြင်းထန်လာတယ်”လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာ မင်းသား Ranveer Singh နဲ့ လက်မထပ်မီ “Chhapaak” ရုပ်ရှင်အတွက် စတင်ပြင်ဆင်ခဲ့တာ ဖြစ်ပြီး လက်ထပ်ပွဲအတွက် ခေတ္တအနားယူချိန်မှာတော့ စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ရုပ်ရှင် စတင်ရိုက်ကူးမယ့်အချိန်မှာ စိတ်ခံစားချက်တွေ မဲ့နေခဲ့တာကြောင့် အလျင်အမြန်ပဲ ကုထုံးခံယူမှုတွေ လုပ်ဆောင်ခဲ့ရတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မင်းသမီးက “လက်ထပ်ပွဲ မတိုင်ခင်မှာ ရိုက်ကူးမှုတွေကို စတင်ခဲ့ပြီး အလုပ်တွေ ပတ်လည်မှာ နေထိုင်ခဲ့ရပါတယ်။ လက်ထပ်ပွဲအတွင်းမှာတော့ ကျမအတွက် နောက်ဆံတင်းရတဲ့ကိစ္စ ဖြစ်ခဲ့ရပြီး အားစိုက်လုပ်ဆောင်ခဲ့ရပါတယ်။ ကျမနေထိုင်ချင်တဲ့ပုံစံမျိုးနဲ့ လုပ်ဖို့ အဲ့ဒီလမ်းကို ရွေးချယ်ခဲ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတော့ ရှိခဲ့ပေမယ့် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကတော့ လွယ်ကူခဲ့ပါတယ်”လို့ ဆိုပါတယ်။

“Chhapaak” ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

ကြင်စဦး ဇနီးမောင်နှံနှစ်ဦး Ranveer နဲ့ Deepika တို့ အိန္ဒိယကို ပြန်ရောက်လာ

အီတလီမှာ စေ့စပ်လက်စွပ်လဲလှယ်ခဲ့ကြတဲ့ Ranveer Singh နဲ့ Deepika Padukone

တတိယမြောက် မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပခဲ့တဲ့ Ranveer Singh နဲ့ Deepika Padukone

Loading