Tom Hiddleson ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Marvel ရဲ့ ဗီလိန်ဇာတ်ကောင်တဦးဖြစ်သူ Loki ကို Marvel Fan တွေအပြင် ပရိသတ်တော်တော်များများက နှစ်ခြိုက်အားပေးခဲ့ကြပြီး အမျိုးသမီး ပရိသတ် အများစုကပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလောက်တဲ့အထိ အားပေးခဲ့ကြတာပါ။
Marvel ရဲ့ အစကနဦး ခြေလှမ်းတွေမှာတည်းက Loki ဇာတ်ကောင်အတွက် Tom Hiddleson နဲ့အတူတကွ လက်တွဲပြီး ရုပ်ရှင်တွေရိုက်ကူးခဲ့ကြပြီး ပရိသတ်တွေအနေနဲ့ကလည်း Loki နေရာမှာ Tom Hiddleson ကလွဲပြီး တခြားဘယ်မင်းသားကိုမှာ အစားမထိုးနိုင်ဘူးလို့ ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
Marvel မှာဆိုရင်လည်း Loki ရုပ်ပြတွေ တော်တော်များများရှိနေခဲ့ပြီး နတ်ဘုရားတွေနဲ့ ပတ်သက်လို့ ဒဏ္ဍာရီ ပုံပြင်တွေကလည်း ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ဘယ်တခုကို အခြေခံပြီး Loki ဇာတ်ကောင်အသစ်ကို အသက်သွင်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Loki ကို တီဗီစီးရီးအနေနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Marvel အတွက်တော့ Loki ရဲ့ ငယ်ဘဝကို ပြသဖို့ရှိနေပြီး အခုပရိသတ်တွေ သိရှိထားခဲ့တဲ့ Lokki ရဲ့ ပြောင်းလဲလာပုံတွေအထိ တင်ဆက်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Tom Hiddleson ရဲ့ Loki ကိုတော့ “Thor 4” မှာ ဇာတ်ပို့တယောက်အနေနဲ့ တွေ့မြင်ရနိုင်ခြေ ရှိသလို Loki ပျောက်ဆုံးမသွားခင် အချိန်နဲ့ ပြန်လည် ချိတ်ဆက်သွားနိုင်ပါတယ်။
Marvel ရဲ့ Loki ဇာတ်ကောင်အသစ်ဟာ ကလေးတယောက်ဖြစ်တာကြောင့် ပိုပြီးပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်ဖွယ် ဇာတ်ဝင်ခန်းတွေကို ကြည့်ရှုကြရမှာဖြစ်ပြီး Loki နေရာမှာ သရုပ်ဆောင်မယ့် အရည်အချင်းရှိပြီး အံဝင်ခွင်ကျဖြစ်မယ့် ကလေးသရုပ်ဆောင်အတွက်လည်း Casting ရွေးချယ်မှုတွေ ပြုလုပ်နေပါတယ်။
ဒါကြောင့်မို့လို့ Loki ဇာတ်ကောင်အသစ်အတွက် Marvel အနေနဲ့ ဘယ်လို ပြင်ဆင်အစားထိုးမှုတွေ ပြုလုပ်သွားမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
စူပါဟီးရိုး ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြတဲ့ နာမည်ကျော်များ
“Iron Man” ရုပ်ရှင်ကို ကြည့်ပြီး Marvel မှာ သရုပ်ဆောင်ချင်ခဲ့တာလို့ စကားလက်ဂျိုဟန်ဆန် ပြော
“Captain Marvel 2” မှာ Female Thor အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Natalie Portman