“အခုလို အခွေထွက်တော့ အရမ်းလည်း စိတ်လှုပ်ရှားပါတယ်၊ အရမ်းလည်း ဝမ်းသာပါတယ်။ Title ကို Eleven လို့ ပေးဖြစ်တာက မောင်ချို အယ်လ်ဘမ်ထဲမှာလည်း သီချင်း ၁၁ ပုဒ်ပါတယ်။ မောင်ချို့ကို 11 လို့ တွဲမြင်တဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် Eleven လို့ ပေးဖြစ်တာ”
“ပထမ ၁၁ ရက်၊ ၁၁ လမှာ ထွက်မလို့ အဆင်သင့်မဖြစ်သေးတာရယ်၊ တခြား အဆင်မပြေသေးတာတွေရယ်ရှိလို့ မထွက်ဖြစ်သေးတာ၊ အခုလို ထွက်လိုက်တော့လည်း နှစ်သစ်အတွက် အထွက်လေးကောင်းသွားတာပေါ့။ သီချင်းသစ်တွေလည်းပါတယ်။ သီချင်းဟောင်းကတော့ ၄ ပုဒ်ပါတယ်။ ပြိုင်ပွဲတုန်းက ပြိုင်ခဲ့တဲ့ သီချင်း ၂ ပုဒ်ရယ်၊ မေကြီး သီချင်း ၂ ပုဒ်ရယ်ပေါ့”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။
၂၀၂၀ မှာ ကိုယ်ပိုင်သီချင်းတွေနဲ့ပဲ ဖျော်ဖြေမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချိုက သီချင်းသစ်တွေ ဖျော်ဖြေချင်ပေမယ့် ကိုယ့်မှာလည်း သီချင်းမရှိတော့ အားငယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပထမဆုံး အယ်လ်ဘမ် ဖြစ်တဲ့အတွက် အားနည်းချက်၊ အားသာချက်တွေလည်း ရှိတယ်။ အားနည်းချက်တွေ ရှိရင်လည်း ထောက်ပြပေးပါ။ ဒီအယ်လ်ဘမ် လုပ်တာ အရမ်းပင်ပန်းရသလို၊ အရမ်းလည်း စိတ်ဓာတ်ကျခဲ့တာတွေ ရှိတယ်”
“ပရိသတ်တွေကလည်း Facebook မှာ Live တင်နေကြတာဆိုတော့ Live ကြည့်တဲ့သူတွေက ဒီသီချင်းပဲ ဆိုနေတယ်။ ကိုယ်ကလည်း သီချင်းသစ်တွေ ဖျော်ဖြေချင်ပေမယ့် ကိုယ့်မှာလည်း သီချင်း မရှိတော့ အားလည်း ငယ်ခဲ့ရတယ်။ အခုလို အယ်ဘမ်လ် ထွက်လာနိုင်ခဲ့တော့ အရမ်းပျော်ပါတယ်”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။
အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ အဆိုတော် အိအိရဲ့ သမီးဖြစ်ပြီး Myanmar Idol Season 3 မှာ 1st Runner up ဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။