မြန်မာပရိသတ်တွေ အမှတ်ရနေမယ့် “ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” (Winter Sonata) ဇာတ်ကားထဲက မင်းသမီး ချွဲဂျီဝူး (Choi Ji-woo) ဟာ ပထမဆုံး ရင်သွေးလေး လွယ်ထားရတဲ့အကြောင်း သူမရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ကနေ တရားဝင် ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ချက်မှာ YG Entertainment က မင်းသမီး ချွဲဂျီဝူးဟာ လက်ရှိမှာ သားဦးလေး ကိုယ်ဝန်ဆောင်ထားရကြောင်းနဲ့ နောက်နှစ် နွေဦးချိန်ဆို မွေးဖွားမယ့်အကြောင်းကို ပြောကြားခဲ့ပါတယ်။ ထုတ်ပြန်ကြေညာချက်မှာတော့ အခုလို ဆိုထားပါတယ်။
“ကျနော်တို့ ပရိသတ်တွေအတွက် သတင်းကောင်းလေး ဝေမျှပေးချင်လို့ပါ။ ပရိသတ်တို့ရဲ့ အချစ်တော် မင်းသမီး ချွဲဂျီဝူးဟာ ကိုယ်ဝန်ဆောင်ထားရပါပြီ။ နောက်နှစ် မေလလယ်လောက်မှာ မွေးဖွားပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ အမေရော၊ ကလေးပါ ကျန်းမာပါတယ်။ မင်းသမီးတို့ ဇနီးမောင်နှံကတော့ ဘုရားကပေးတဲ့ ဆုလာဘ်အဖြစ် အရမ်းကို ဝမ်းသာနေတာပါ”
“နောက်ပိုင်းလည်း မင်းသမီးဟာ အိမ်ထောင်သည်တယောက် အဖြစ်ရော၊ မိခင်တယောက် အဖြစ်နဲ့ပါ အနုပညာအလုပ်တွေကိုလည်း ဟန်ချက်ညီညီ လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။ အခုချိန်ထိ ချစ်ပေးကြတဲ့ ပရိသတ် တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။
မင်းသမီး ချွဲဂျီဝူးဟာ ၁၉၉၄ ခုနှစ်က အနုပညာလောကထဲ စတင်ပွဲထွက်ခဲ့ပြီး နာမည်ကြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ မြန်မာပရိသတ်တွေကတော့ “ဟေမန်ဆောင်းရဲ့ ချစ်သံစဉ်” (Winter Sonata) ဇာတ်ကားကို မင်းသား ဘေယောင်ဂျွန်းနဲ့အတူတူ အမှတ်ရနေကြဦးမှာပါ။
ချွဲဂျီဝူးဟာ “Winter Sonata” အပြင် “Stairway to Heaven”, “The Suspicious Housemaid”, “Temptation”, “Twenty Again”, “Woman with a Suitcase” နဲ့ ဇာတ်ကား အများအပြားမှာ လူကြိုက်များခဲ့တဲ့ မင်းသမီးတလက်ပါ။
၂၀၁၈ ခုနှစ်မှာ IT နယ်ပယ်က အမျိုးသားနဲ့ အိမ်ထောင်ပြုခဲ့ကတည်းက အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရာက ခုချိန်မှာတော့ ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာဖြစ်ပါတယ်။
Ref: Soompi
You may also like these stories:
ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်မယ့် “Parasite” ရုပ်ရှင်ကားထဲက မင်းသမီး နှစ်ဦး
၅ နှစ်အကြာမှာ ဇာတ်လမ်းတွဲသစ် ပြန်လည် ရိုက်ကူးတော့မယ့် မင်းသမီး ကင်တေဟီး
ပရိသတ်အချစ်တော် “Mulan” မင်းသမီး Liu Yifei ရဲ့ အကြောင်း