• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Vanguard” ရုပ်ရှင်ရိုက်ကွင်းမှာ ရေနစ် သေဆုံးလုနီးပါး ဖြစ်ခဲ့ရတဲ့ ဂျက်ကီချန်း

by မစ်ကီ
24 December 2019
in Entertainment
A A
မင်းသားကြီး ဂျက်ကီချန်း

မင်းသားကြီး ဂျက်ကီချန်း

5.3k
VIEWS
Share on FacebookShare on Twitter

မင်းသားကြီး ဂျက်ကီချန်းဟာ သူ့ရဲ့ရိုက်ကွင်း တခုမှာ ရေနစ်ပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့ရပြီး သေဘေးကနေ သီသီလေး လွတ်ခဲ့ရတယ်လို့် သိရပါတယ်။ မကြာမီ ရုံတင်တော့မယ့် “Vanguard” ရုပ်ရှင်ရိုက်ကွင်းတခုမှာ အခုလိုမျိုး ဘေးအန္တရာယ်နဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

China.org.cn ရဲ့အဆိုအရ ပင်လယ်ပြင်ရိုက်ကူးရေး အတွင်းမှာ အသက် ၆၅ နှစ်အရွယ် မင်းသားကြီးဟာ ကျောက်တုံး တခုအောက်မှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင် လွတ်မြောက်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် ရေနစ်မှုအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
539
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
777

ဒါပေမယ့် ပေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲမှာတော့ အခုလိုမျိုး အဖြစ်အပျက် အကြောင်းကို ပြောကြားခဲ့ပြီး အဲ့ဒီအချိန်တုန်းက တည်တည်ငြိမ်ငြိမ်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝါရင့် အက်ရှင်မင်းသားကြီးဟာ သူ့ရဲ့ အနုပညာသက်တမ်း တလျှောက် ရိုက်ကွင်းပေါ်တွေမှာ ဒဏ်ရာတွေ အများကြီး ရရှိခဲ့ပါတယ်။ အဆောက်အဦ တခုကနေ တခုအပေါ် ခုန်ကူးရာကနေ ပြုတ်ကျတာ၊ ရဟတ်ယာဉ်ပေါ် တွယ်တက်တာ စတဲ့ပြကွက်တွေကနေ ဒဏ်ရာတွေ ရရှိခဲ့ဖူးပါတယ်။

အခု နောက်ဆုံးရိုက်ကွင်းမှာတော့ “Vanguard” ရိုက်ကူးရေးအဖွဲ့သားတွေဟာ ကံကောင်းထောက်မစွာနဲ့ မင်းသားကြီးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဖွဲ့သားတွေဟာ အလျင်အမြန် တုံ့ပြန် ကယ်တင်နိုင်ခဲ့ပြီး မင်းသားကြီးကို အခင်းဖြစ်ရာ နေရာကနေ အမြန်ဆုံး ဆွဲခေါ်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မင်းသားကြီးဟာ ဒါရိုက်တာ Stanley Tong ထံ သူအဆင်ပြေတဲ့အကြောင်း သွားပြောခဲ့တယ်လို့ ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရှိခဲ့တဲ့ ဒါရိုက်တာ Tong ကတော့ မင်းသားကြီးချန်းဟာ ပင်လယ်ထဲမှာ ဒုက္ခရောက်ခဲ့ တာကို သိခဲ့ရပြီးတဲ့နောက် အဆိုးရွားဆုံး ထိတ်လန့် ကြောက်ရွံ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ရေထဲကနေ ပေါ်လာခဲ့တဲ့ မင်းသားကြီးကိုတွေ့ခဲ့ရပြီးတဲ့နောက် ဒါရိုက်တာ Tong ဟာ မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

မင်းသားကြီး ချန်းက “ကျနော် ရုတ်တရက် အရမ်းကြောက်လာခဲ့ပြီး ကျနော့်ခန္ဓာကိုယ်ကလည်း တုန်ရီလာခဲ့တယ်။ ကျနော် အလွယ်တကူပဲ သေသွားခဲ့နိုင်တယ်” လို့ ဆိုပါတယ်။

မင်းသားကြီးဟာ ဒါရိုက်တာနဲ့အတူ ၁၉၉၂ ခုနှစ်မှာ “Police Story 3: Super Cop”၊ ၂၀၁၂ ခုနှစ်မှာ “CZ12” ရုပ်ရှင်နဲ့ ၂၀၁၇ ခုနှစ်မှာ “Kung Fu Yoga” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့ဖူးပါတယ်။ မင်းသားကြီး ဂျက်ကီချန်းဟာ သူ့ရဲ့ ရိုက်ကွင်းတိုင်းမှာ ကိုယ်စားသရုပ်ဆောင်ပေးမယ့်သူကို အသုံးမပြုဘဲ ကိုယ်တိုင် ဝင်ရောက် ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

မင်းသားကြီးက “ကျနော်က ပရိသတ်တွေကို စိတ်မပျက်စေချင်ဘူး”လို့ ပြောဆိုခဲ့ဖူးပါတယ်။ “Vanguard” ရုပ်ရှင်ကို တရုတ်နိုင်ငံမှာတော့ နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကစလို့ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: thestar

You may also like these stories:

ဓာတ်ပုံ တပုံတည်းမှာ အတူတွဲမြင်တွေ့ရတဲ့ အက်ရှင် မင်းသားကြီး အာနိုးနဲ့ ဂျက်ကီချန်း

ဟောင်ကောင်မှာ မင်းသား ဘရုစ်စလီရဲ့ နေအိမ်ဟောင်းကို ဖြိုချ ဖျက်ဆီး

Bruce Lee နဲ့အတူ တွဲသရုပ်ဆောင်ခဲ့တဲ့အကြောင်း ပြန်ပြောပြခဲ့တဲ့ ဂျက်ကီချန်း

Your Thoughts …
Tags: Vanguardဂျက်ကီချန်းရေနစ်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

"The Karate Kid" ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ မင်းသား ဂျက်ကီချန်းနဲ့ Jaden Smith

“The Karate Kid 2” ရုပ်ရှင်မှာ ပြန်လည်ပါဝင်ဖို့ စိတ်အားထက်သန်နေတဲ့ ဂျက်ကီချန်း

by ဟယ်လ်သင်
10 October 2019
7k

"The Karate Kid" ရုပ်ရှင်ဟာ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာ Harald Zwart က ရိုက်ကူးထားတဲ့ Action, Drama, Family အမျိုးအစား ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။

တသက်တာအောင်မြင်မှုဂုဏ်ထူးဆောင်အကယ်ဒမီဆု သရုပ်ဆောင် ဂျက်ကီချန်းရရှိ

တသက်တာအောင်မြင်မှုဂုဏ်ထူးဆောင်အကယ်ဒမီဆု သရုပ်ဆောင် ဂျက်ကီချန်းရရှိ

by သဲသဲ
3 September 2016
4.3k

ဟောင်ကောင်နိုင်ငံသား အသက် ၆၂ နှစ်အရွယ် ဟောလီးဝုဒ်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းဟာ Kung Fu Panda ၊ The Karate Kid ၊ Rush Hour စတဲ့ ဇာတ်ကားတွေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်

မင်းသား ဂျက်ကီချန်း

ဂျက်ကီချန်းဆီက ကလေးစရိတ် မရခဲ့ကြောင်း ဟောင်ကောင်မင်းသမီး ပြော

by မစ်ကီ
28 July 2020
13.6k

အသက် ၄၆ နှစ်အရွယ် မင်းသမီး Ng ဟာ မင်းသား ချန်းနဲ့ ရခဲ့တဲ့ ကိုယ်ဝန်ကို လျှို့ဝှက်ထားခဲ့ကြောင်း အဲ့ဒီနှစ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ သမီး Etta ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

ဂျက်ကီချန်းသမီး အက်တာနှင့် သူမ၏ လိင်တူချစ်သူ အန်ဒီအော်သန် / Youtube

မိဘများ လိင်တူကိစ္စအကြောက်လွန်မှုက အိုးမဲ့အိမ်မဲ့ဖြစ်ရဟု ဂျက်ကီချန်းသမီးပြော

by ဧရာဝတီ
3 May 2018
23.9k

နာမည်ကျော် ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏ သမီး အသက်၁၈နှစ် အရွယ်ရှိ Etta Ng မှာ ၎င်း၏ မိန်းကလေးအဖော်နှင့် အတူ အိမ်ခြေရာမဲ့ ဖြစ်နေကြောင်း Youtube တွင် ပြောဆိုထားသည့် ရုပ်သံဖိုင် ထွက်ပေါ်နေသည်။

သေဆုံးသူတပ်မတော်သား ရုပ်အလောင်းအား သယ်ဆောင်လာစဉ်

ရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် တပ်မတော်သားတဦး ရေနစ် သေဆုံး

by ထက်နိုင်ဇော်
13 August 2019
23.3k

သဘာဝ ဘေးအန္တရာယ်များ ဖြစ်သော ရေကြီး၊ ရေလျှံ မြေပြိုမှုများကို ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ရန် တပ်မတော်သားများ အနေဖြင့် အထက်အမိန့် စောင့်ရန် မလိုဘဲ ပြီးမှ အကြောင်းကြားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းသိရသည်။

မင်းသမီး Fan Bingbing နဲ့ ဂျက်ကီချန်း

အမေရိကန်မှာ ခိုလှုံခွင့်တောင်းဖို့ Fan Bingbing ကို ဂျက်ကီချန်း အကြံပေးခဲ့ခြင်း မဟုတ်ဟုဆို

by မစ်ကီ
3 September 2018
13.3k

မင်းသမီး Fan ဟာ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မနက်တုန်းက လော့စ်အင်ဂျလိစ် လူဝင်မှုကြီးကြပ်ရေးရုံးကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

Next Post
မင်းသား Michael B.Jordan

စူပါမန်းဇာတ်ကောင်အတွက် သရုပ်ဆောင်မှာ မဟုတ်ကြောင်း Michael B.Jordan ရှင်းလင်း

ဥရောပတိုက်မှာ အကောင်းဆုံးအဖြစ် ရပ်တည်နေတဲ့ ဒိန်းမတ်နိုင်ငံ

ဥရောပတိုက်ရဲ့ အညံ့ဆုံးနိုင်ငံများနဲ့ အကောင်းဆုံး နိုင်ငံများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate