Entertainment

စူပါမန်းဇာတ်ကောင်အတွက် သရုပ်ဆောင်မှာ မဟုတ်ကြောင်း Michael B.Jordan ရှင်းလင်း

စူပါမန်းဇာတ်ကောင် နေရာအတွက် သင့်တော်တဲ့ သရုပ်ဆောင်တွေ ရွေးချယ်ခဲ့တာဟာ ဆယ်စုနှစ်တခုလောက် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ပရိသတ်လက်ခံ အားပေးမှု ရရှိတဲ့ သရုပ်ဆောင်ကတော့ အနည်းအကျဉ်းလောက်သာ ရှိတာ ဖြစ်ပါတယ်။

လတ်တလော အချိန်မှာတော့ စူပါမန်းဆိုတာနဲ့ မင်းသား Henry Cavill ကိုသာ ရုပ်ရှင်ပရိသတ်တွေ မျက်မှန်းတန်းမိနေတာဖြစ်ပြီး “Man of Steel” ရုပ်ရှင်နဲ့ သူ့ကို လူသိများစေခဲ့တာ ဖြစ်ပါတယ်။ စူပါမန်းဇာတ်ကောင် နေရာအတွက် Henry Cavill ဆက်လက်သရုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဖွင့်ဟဝန်ခံလိုက်ချိန်မှာတော့ သူ့ကိုအားပေးတဲ့ DC Fan တွေနဲ့ ရုပ်ရှင်ပရိသတ်တွေကြား စိုးရိမ်မှု မြင့်တက်လာခဲ့တော့တာပါ။

စူပါမန်းဇာတ်ကောင်အတွက် Henry Cavill နေရာမှာ Michael B.Jordan ဝင်ရောက်သရုပ်ဆောင်မယ်လို့ လွန်ခဲ့တဲ့လ အနည်းငယ်လောက်တည်းက သတင်းတွေထွက်ပေါ်ခဲ့ဖူးတာဖြစ်ပေမယ့် Michael B.Jordan ကတော့ ဒီဇာတ်ကောင် နေရာအတွက် သရုပ်ဆောင်သွားမှာ မဟုတ်ကြောင်း ကောလဟာလ သတင်းတွေကို အတိအလင်းတုံ့ပြန် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

Michael B.Jordan က “စူပါမန်းဇာတ်ကောင် နေရာအတွက်တင် မဟုတ်ပါဘူး။ တခြားဇာတ်ကောင်နေရာတွေမှာပါ ကျနော်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ကျနော်လည်း Comics ပရိသတ်တယောက်ပါဗျာ။ ဒီတော့ စူပါမန်းဇာတ်ကောင်အတွက် Comics ပရိသတ်တွေ စိတ်ပျက်မိကြမှာပါပဲ။ ကျနော်ဆိုရင်လည်း စိတ်ပျက်မိမှာပါပဲ”လို့ အင်တာဗျူးတခုှမှာ ပြောဆိုခဲ့တာပါ။

Henry Cavill ဟာဆိုရင် Man Of Steel ရုပ်ရှင်ကနေစလို့ သူ့ရဲ့သရုပ်ဆောင် စွမ်းရည်နဲ့ ဇာတ်ကောင်နဲ့ တသားတည်းကျမှုကို ပြသခဲ့ပြီးပါပြီ။ စူပါမန်းဇာတ်ကောင်နေရာအတွက် Michael B.Jordan ကလည်း အခုလို အတိအလင်း ဖွင့်ပြောလိုက်ပြီဖြစ်လို့ အချိန်နဲ့ Warner Bros. ကုမ္ပဏီသာ ဒီဇာတ်ကောင်နေရာအတွက် ရွေးချယ်အဆုံးအဖြတ်ပေးဖို့ လိုတော့တာ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

Superman အဖြစ်မှ Henry Cavill မနုတ်ထွက်သေးကြောင်း Jason Momoa ပြော

Superman အဖြစ် မင်းသား Nicolas Cage သရုပ်ဆောင်ဖို့ ပရိသတ်များ လိုလားနေ

Superman အဖြစ် သရုပ်ဆောင်ဖို့ Warner Bros နဲ့ ဆွေးနွေးနေတဲ့ မိုက်ကယ်ဘီဂျော်ဒန်

Loading