Entertainment

မိသားစုကိုအချိန်ပေးဖို့ ၈ လလောက် အနားယူမယ့် မင်းသား Chris Hemsworth

မင်းသား Chris Hemsworth ဟာ ၆ လကနေ ၈ လအထိ အနားယူမယ်လို့ သိရပါတယ်။ အသက် ၇ နှစ်အရွယ် ကလေးတဦးနဲ့ အသက် ၅ နှစ်အရွယ် အမြွှာနှစ်ဦးကို ပိုင်ဆိုင်ထားတဲ့ အသက် ၃၆ နှစ်အရွယ် မင်းသားဟာ သူ့ရဲ့ မိသားစုကို သြစတြေးလျနိုင်ငံက Byron Bay မှာ ပိုအချိန်ပေးချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသားက “ကျနော်အခု ၆ လကနေ ၈ လအထိ နားပါမယ်။ အိမ်မှာရှိမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ မင်းသားဟာ “Avengers: Endgame” ရဲ့ နယ်လှည့်ပွဲတွေ အဆုံးသတ်ခဲ့ပြီးတဲ့ အခုနှစ်အစောပိုင်းမှာ အခုလို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျ မနက်ခင်း အစီအစဉ်ဖြစ်တဲ့ Sunrise အစီအစဉ်မှာ သူက “Avengers အတွက် သတင်းစာရှင်းလင်းပွဲကနေ ပြန်လာပြီးတဲ့အခါမှာ တကယ့်ကိုပဲ စိတ်ပင်ပန်းခဲ့ရတယ်။ သီတင်း ၃ ပတ်လောက် တောင် ကြာခဲ့တယ်။ အချိန်အကြာကြီးပဲလို့ ထင်ခဲ့တာ”

“အနာဂတ်ကို လှမ်းမျှော်ကြည့်ပြီး ရှေ့မှာရှိတဲ့ အရာနောက်ကို လိုက်ခဲ့တယ်။ အဲ့ဒီနောက် ကျနော် သဘောပေါက် သွားတယ်။ သြော် ဒါပါလားဆိုပြီးတော့။ ကျနော် လုပ်နေတာရယ် စိတ်ကူးရှိတဲ့အရာကတော့ အခုလိုမျိုး အခိုက်အတန့်မှာ ပျော်ရွှင်ရဖို့ပါပဲ”လို့ ဆိုပါတယ်။

မဲလ်ဘုန်းမြို့မှာ မွေးဖွားခဲ့တဲ့ မင်းသား Chris နဲ့ ဇနီး Elsa တို့ဟာ ၂၀၁၅ ခုနှစ်မှာ လော့စ်အင်ဂျလိစ်ကနေ Byron Bay ကို ပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပြီး အဲ့ဒီဒေသမှာရှိတဲ့သူတွေဟာ သူတို့ကို လေးစားကြတဲ့အတွက် နေရတာကို သဘောကျတယ်လို့တော့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။

၂၀၁၇ ခုနှစ်တုန်းက မင်းသားက “Byron မှာ ကျနော်တို့ဟာ တကယ့်ကို ဒေသခံတွေလိုပဲ ခံစားရပါတယ်။ လူတွေက ကျနော်တို့ကို တကယ် လေးစားကြတယ်။ ပြီးတေ့ ဒါကျနော့်ကလေးတွေကို အမြဲပေးချင်နေတဲ့ အရာပါပဲ”လို့ ဆိုပါတယ်။

အခုလ အစောပိုင်းမှာ မင်းသားရဲ့ ဇနီး Elsa က သူတို့ရဲ့ အိမ်ထောင်ရေးဟာ တခြားစုံတွဲတွေလိုပဲ ဖြစ်ပြီးတော့ စိန်ခေါ်မှုတိုင်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Elsa က “တခြားအိမ်ထောင်တွေလိုပါပဲ။ Chris နဲ့ ကျမဟာ လျင်လျင်မြန်မြန်ပဲ လက်ထပ်ခဲ့ကြတယ်။ အစောတလျင်ပဲ ကလေးရခဲ့ကြတယ်။ ကျမတို့ ငယ်ကြသေးတယ်။ ဒါကြောင့် ကျမတို့ရဲ့ အိမ်ထောင်ရေးမှာ စိန်ခေါ်မှုတိုင်းကို ကျော်ဖြတ်ခဲ့ရတယ်”လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်မှာ မင်းသားနဲ့ လက်ထပ်ခဲ့တဲ့ Elsa က ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးတခုရဲ့ လျှို့ဝှက်ချက်ဟာ ရိုးမန့်အချစ်ရေးရေးကို ရှင်သန်ကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: asiaone

You may also like these stories:

နောက်ထပ် Star Terk ရုပ်ရှင်မှာ ပြန်လည်ပါဝင်လာဖို့ ရှိနေတဲ့ Chris Hemsworth

“Star Wars ရုပ်ရှင်မှာ သရုပ်ဆောင်ချင်တယ်”လို့ မင်းသား Chris Hemsworth ပြော

Loading