Entertainment

နှစ်သစ်အတွက် ဆုတောင်းစကားပြောကြတဲ့ ပြည်သူချစ်အနုပညာရှင်များ

၂၀၁၉ခုနှစ်ကလည်း မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ နှစ်သစ် ၂၀၂၀ ကို ကူးပြောင်းတော့မှာ ဖြစ်ပြီး နှစ်သစ်မှာ ပြုလုပ်ကြမယ့် အနုပညာအလုပ်များအကြောင်းနဲ့ နှစ်သစ်အတွက် ဆုတောင်းစကားများကို ပြည်သူချစ်အနုပညာရှင်များက အခုလိုပဲ အသီးသီးဆိုထားကြပါတယ်။

အဆိုတော် ဝေလ

၂၀၂၀မှာ တကိုယ်တော်ပွဲလေးလုပ်ဖို့ရှိတယ်။ ဒီနှစ်တော့ ရန်ကုန် MCC မှာ လုပ်မယ့် Rock Party မှာ ကျနော်ရှိပါမယ်။ မနှစ်ကတော့ ပုဂံမှာပါ။ ပုဂံမှာဆိုလည်း ပုဂံအရာပေါ့။ ရန်ကုန်မှာဆိုလည်း ရန်ကုန်အရသာပေါ့။ ကျနော်ငယ်ငယ်ကတည်းက အားကျရတဲ့ အဆိုတော်တွေနဲ့ တူတူဆိုရမှာဆိုတော့ ဝမ်းသာပါတယ်။ နှစ်သစ်မှာတော့ ကျန်းမာရေးကောင်းကောင်း မွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ။

သရုပ်ဆောင် ယဉ်လက်

၂၀၁၉ခုနှစ် မှာ မိန်းမဆန်လာတယ်။ တနှစ်လုံး ကြည့်ရင်ဆော့ ၂၀၁၉ က ကောင်းတာတွေလည်း များခဲ့တယ်။ ဆိုးတာတွေလည်းများခဲ့တယ်။ ပျော်ရွှင်ရတဲ့ အမှတ်တရတွေလည်း ရှိခဲ့သလို ဝမ်းနည်းရတာတွေလည်းရှိခဲ့တယ်။ ၂၀၁၉ မှာအသိမပေးခဲ့တာတွေ ၂၀၂၀မှာ အသိပေးဖို့ရှိတယ်။ New Year တိုင်းအိမ်မှာ မိသားစုနဲ့ ဖြတ်သန်းတယ်။ မနှစ်ကတော့ သီချင်းဆိုပြီး ဖြတ်သန်းတယ်။ ဒီနှစ်တော့ မသိသေးဘူး။

နေခြည်ဦး

နှစ်သစ်ဆုတောင်းကတော့ ပရိသတ်တွေအကုန်လုံးကျန်းမာပါစေ။ ချမ်းသာပါစေ။ အထူးသဖြင့် အထူးသဖြင့် နေခြည်ဘယ်လိုပဲ ဂယက်တွေဖြစ်ဖြစ် နေခြည့်ဘေးနားမှာ အမြဲတမ်းနေပေးတဲ့ Chillies တွေ နေခြည်က ပြန်မတုန့်ပြန်ပါနဲ့လို့ပြောရင် ကြိတ်မှိတ်ပြီးမတုန့်ပြန်ဘဲနဲ့ ရပ်တည်ပေးတဲ့ Chillies တွေကိုကျေးဇူးတင်ပါတယ်။ နေခြည် ၂၀၂၀ကျရင် ပုံစံအသစ်တွေနဲ့ပြန်လာဦးမှာပါ။ နေခြည့်ကို အားပေးတဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။

You may also like these stories:

၂၀၁၉ခုနှစ်အတွင်း ကြွေလွင့်ခဲ့ရတဲ့ အနုပညာရှင်များ

၂၀၁၉ ခုနှစ်မှာ ပရိသတ်ရင်ထဲ စွဲထင်ကျန်ရစ်စေခဲ့တဲ့ ကိုရီးယားအနုပညာရှင်များ

 

Loading