Entertainment

အပိုင်းသစ် ထုတ်လွှင့်မှု ခေတ္တ ရပ်နားမယ့် “Crash Landing On You” ဇာတ်လမ်းတွဲ

Want create site? Find Free WordPress Themes and plugins.

vN ရုပ်သံဇာတ်လမ်းတွဲ တခုဖြစ်တဲ့ “Crash Landing On You” ကို ပုံမှန်ထုတ်လွှင့်နေကျ ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်တွေမှာ အပိုင်းသစ် မပြဖြစ်ဘဲ ခေတ္တရပ်နားထားမယ်လို့ ဆိုပါတယ်။ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆိုယဲဂျင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားသစ်ဟာ စပြသချင်း ပထမပတ်ကစလို့ ကြည့်ရှုနှုန်းဆက်တိုက် မြင့်တက်နေခဲ့တာပါ။

နားရက် မရှိလောက်အောင် ဆက်တိုက် ရိုက်ကူးရေး အစီအစဉ်တွေကြောင့် သရုပ်ဆောင်တွေနဲ့ အဖွဲ့သားတွေ အဆင်ပြေအောင် ထုတ်လုပ်ရေးအဖွဲ့က ရိုက်ကူးရေးအစီအစဉ်တွေကို ခဏရပ်နားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

“ဒီဇင်ဘာလဆိုတော့ ရာသီဥတုကလည်း အရမ်းအေးပါတယ်။ ဒါကြောင့် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး အဖွဲ့သားတွေ ကျန်းမာရေးအတွက် ဒီတပတ်ကို ရိုက်ကူးရေးနားဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ရိုက်ကူးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

နောက်တပတ် ထုတ်လွှင့်မယ့် အကြောင်းကိုတော့ ပြောကြားသွားခြင်း မရှိပါဘူး။ “Crash Landing On You” ဇာတ်ကားကို ဒီတပတ်အပိုင်းသစ် မပြတော့တာကြောင့် ထုတ်လွှင့်နေကျအချိန်မှာ tvN ရုပ်သံလိုင်းကနေ ပြပြီးသားတွေထဲက တည်းဖြတ်ထားတဲ့ အခန်းတွေကို ရွေးထုတ်ပြီး အထူးအစီအစဉ်အဖြစ် ထုတ်လွှင့်သွားဖို့ ရှိပါတယ်။

ဒီဇင်ဘာ ၁၄ ရက်ကစလို့ အပတ်စဉ် စနေ-တနင်္ဂနွေ ထုတ်လွှင့်ပြသနေတဲ့ “Crash Landing On You” ဇာတ် လမ်းတွဲဟာ ဒီဇင်ဘာအတွင်း ပြသဆဲ ဇာတ်ကားတွေထဲမှာ ကြည့်ရှုနှုန်း ၂၂ ဒဿမ ၄၅ နဲ့ ထိပ်ဆုံးနေရာက ရပ်တည် နေပါတယ်။

ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆိုယဲဂျင်းတို့ကလည်း ရှာဖွေမှု အများဆုံး သရုပ်ဆောင်တွေအဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါသေးတယ်။

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ “Crash Landing On You” ဇာတ်ကား ကြည့်ရှုနှုန်းဟာ ၉ ရာခိုင်နှုန်းကျော်ရှိခဲ့တာမို့ ထုတ်လွှင့်ပြီး ၃ ပတ်အတွင်းမှာ ကြည့်ရှုနှုန်း အများဆုံး စံချိန်တင်နိုင်တဲ့ ဇာတ်ကားဖြစ်လာခဲ့ပါတယ်။

“Crash Landing On You” ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ စီးပွားရေး လုပ်ငန်းစုကြီးကို အမွေ ဆက်ခံထားတဲ့ အငယ်ဆုံးသမီးလေး ယွန်ဆယ်ရီ (မင်းသမီး ဆိုယဲဂျင်း) ဟာ Paragliding စီးရင်း လေဆင် နှာမောင်းဒဏ်ကြောင့် မြောက်ကိုရီးယားပိုင်နက်ထဲရောက်သွားရာက မြောက်ကိုရီးယားစစ်တပ်ဗိုလ်ကြီး ရီဂျွန် ဟော့ (မင်းသား ဟွန်ဘင်း) နဲ့ တွေ့ဆုံခဲ့ပုံကို ရိုက်ကူးထားတဲ့ အချစ်ဒရာမာ ဇာတ်ကား အမျိုးအစားဖြစ်ပြီး IMDb Rating (8.9) ရရှိထားပါတယ်။

Ref: Soompi

Did you find apk for android? You can find new Free Android Games and apps.
Loading