မင်းသားကြီး Tom Hanks ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဂုဏ်ထူးဆောင် ဂရိနိုင်ငံသားအဖြစ် ဆုချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အတည်ပြုလိုက်ကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းကို ဂရိသမ္မတ Prokopis Pavlopoulos က လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၆၃ နှစ်အရွယ် မင်းသားကြီး Hanks နဲ့ ဇနီး ထုတ်လုပ်သူ Rita Wilson တို့ဟာ ဂရိနွယ်ဖွားတွေ ဖြစ်ကြပါတယ်။ ဟောလိဝုဒ် အနုပညာလောကမှာ အအောင်မြင်ဆုံး စတားတယောက်ဖြစ်တဲ့ မင်းသားကြီး Hanks ဟာ သာယာလှပတဲ့ Antiparos ကျွန်းပေါ်မှာ နွေရာသီ စံအိမ်တလုံးကို ပိုင်ဆိုင်ထားပြီး နှစ်တိုင်း အဲ့ဒီကို လာရောက် လည်ပတ်လေ့ ရှိပါတယ်။
မင်းသားကြီးက ဇနီးသည် Wilson ကို လက်ထပ်လိုက်ခြင်းဖြင့် ဂရိလူမျိုး တယောက်ထက် ဂရိပိုဆန်တဲ့ ၁၁၀ ရာခိုင်နှုန်းပြည့် ဂရိနိုင်ငံသားဖြစ်တယ်လို့ ခံစားရတဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။
မင်းသားဟာ ဂရိနိုင်ငံ တခုတည်းကိုပဲ ချစ်မြတ်နိုးတယ်လို့ ပြောခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ သူဟာ အိုင်ယာလန်နိုင်ငံကို ချစ်တဲ့အကြောင်း ပြောခဲ့ဖူးသလို သူဟာ တက်သစ်စ မင်းသားဘဝတုန်းက ကွယ်လွန်သူ အိုင်းရစ်မင်းသား Vincent Dowling ရဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့တယ်လု့ိလည်း ဆိုပါတယ်။
မင်းသားကြီးဟာ အသက် ၂၀ အရွယ်မှာ “The Taming of The Shrew” ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့သူဖြစ်ပါတယ်။ အခုနှစ် အစောပိုင်းတုန်းကလည်း မင်းသားကြီးဟာ ၁၉၉၈ ခုနှစ်မှာ အထူးအောင်မြင်ကျော်ကြားခဲ့တဲ့ “Saving Private Ryan” ရုပ်ရှင်မှာ ရရှိခဲ့တဲ့ ထူးခြားတဲ့ အတွေ့အကြုံအကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ Curracloe ကမ်းခြေမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ ထူးခြား အံ့သြဖွယ်ကောင်းတယ်လို့ ဆိုပါတယ်။
ဂရိ ဥပဒေအရ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို တိုင်းပြည်အတွက် ထူးခြားပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သူတွေနဲ့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်တဲ့ နိုင်ငံသားတွေထံ ပေးအပ်ခွင့်ရှိတာ ဖြစ်ပါတယ်။ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis နဲ့ မင်းသားကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလိုမျိုး ကနဦး အစီအစဉ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အော်စကာဆုရမင်းသားကြီးဟာ ၂၀၁၈ ခုနှစ်မှာ မီးဘေးသင့်ခဲ့တဲ့ Mati မြို့က ဒုက္ခသည်တွေကို ကူညီတာအပါအဝင် ဂရိနိုင်ငံအတွက် ထူးခြားတဲ့ ဆောင်ရွက်မှုတွေကို တိတ်တဆိတ် ထောက်ပံ့ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
Ref: rte
You may also like these stories:
၂၀၂၀ ခုနှစ် အော်စကာဆုပေးပွဲအတွက် ခန့်မှန်းအမျိုးသားဇာတ်ပို့ဆုစာရင်း ထွက်ပေါ်
လာမယ့်နှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Cecil B DeMille ဆုချီးမြှင့်ခံရမယ့် မင်းသားကြီး Tom Hanks
အသက် ၆၃ နှစ်ပြည့် မွေးနေ့ကို ထူးထူးခြားခြား ဖြတ်သန်းခဲ့တဲ့ မင်းသားကြီး Tom Hanks