Entertainment

Joker Universe မှာ Harley Quinn အဖြစ် သရုပ်ဆောင်ဖို့ မင်းသမီး Kate Mara ရေပန်းစားနေ

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကမှ Joker နောက်ဆက်တွဲရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် Harley Quinn အဖြစ် Rooney Mara သရုပ်ဆောင်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ လူမှုကွန်ရက်နဲ့ အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့ပါတယ်။

Batman ရဲ့ စူပါဗီလိန်တချို့ကိုတော့ Joker Universe မှာ တွေ့မြင်ရဖို့ ဖြစ်နိုင်ခြေ မြင့်တက်နေပြီး အဲဒီထဲကမှ Harley Quinn နေရာမှာ သရုပ်ဆောင်ဖို့ Warner Bros. ကုမ္ပဏီဘက်ကနေ မျက်စိကျနေတဲ့ အမျိုးသမီးသရုပ်ဆောင်တဦး ရှိနေပါတယ်။

အဲဒီအမျိုးသမီး သရုပ်ဆောင်ကတော့ Rooney Mara ရဲ့အစ်မ တော်စပ်သူ Kate Mara ဖြစ်ပြီး “Fantastic Four (2015)” မှာ အဓိကဇာတ်ကောင် Sue Storm အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူတဦးလည်း ဖြစ်ပါတယ်။

Warner Bros. ကုမ္ပဏီအနေနဲ့ Harley Quinn ဇာတ်ကောင်အတွက် Kate Mara ကို မျက်စိကျနေကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပြီး Harley Quinn ဟာ သူမရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ သင့်လျော်တဲ့ ဇာတ်ကောင်တခု ဖြစ်တယ်လို့လည်း ထင်မြင် ယူဆနေကြပါတယ်။

Harley Quinn ဇာတ်ကောင်နေရာအတွက် ရေပန်းစားနေတဲ့ Kate Mara အပြင် တခြားသော သရုပ်ဆောင်ပေါင်း များစွာ ပါဝင်နေပေမယ့် ကုမ္ပဏီဘက်ကနေတော့ အတိအလင်း ဖော်ပြထားခြင်း မရှိသေးပါဘူး။

ရုပ်ပြ ဇာတ်လမ်းရဲ့ မူရင်းဇာတ်အိမ်တည်ဆောက်မှုအတိုင်း ပြန်လည်ရိုက်ကူးမယ်ဆိုရင်တော့ Harley ကို အာခမ် စိတ္တဇဆေးရုံမှာ Arthur Fleck (joker) ကို ကုသပေးနေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတဦးအဖြစ် တွေ့မြင်ရဖို့ ရှိနေပါတယ်။

Gotham မြို့ဟာ Joker နဲ့ Harley အတွက် စိတ်ကြိုက်မွှေနှောက် ကစားနိုင်မယ့် ကစားကွင်းတခုအဖြစ် တည်ရှိနေမှာဖြစ်ပြီး နောက်ဆက်တွဲ ရုပ်ရှင်ဖန်တီးသူတွေ ဘက်ကနေ ဘယ်လိုအဆင့်မြင့် ဇာတ်ညွှန်းတွေ၊ ဇာတ်လမ်း တည်ဆောက်ပုံတွေနဲ့ ဖန်တီးမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

Rating တဖြည်းဖြည်း ကျလာတဲ့ “Joker” ရုပ်ရှင်

Harry Potter ရုပ်ရှင်အသစ်ကို မူလသရုပ်ဆောင်တွေနဲ့အတူ ထုတ်လုပ်တော့မယ့် Warner Bros.

Green Lantern အဖြစ် သရုပ်ဆောင်ဖို့ မင်းသား Bradley Cooper ကို Warner Bros. မျက်စိကျနေ

Loading