Entertainment

လက်ထပ်မယ့်သူ တယောက်တည်းကိုပဲ တွဲချင်တယ်လို့ ပြောတဲ့ ယဉ်လက်ရဲ့ အချစ်ရေး

Want create site? Find Free WordPress Themes and plugins.

အက်ရှင် ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်တဲ့ ဖိုက်တင်မင်းသမီး ယဉ်လက်ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ရည်းစား မများချင်ဘဲ ကိုယ်လက်ထပ်မယ့်သူ တယောက်တည်းကိုပဲ တွဲချင်တယ်လို့ ဆိုပါတယ်။

“ချစ်သူဆိုတာ ရှားတယ်၊ ရည်းစားတော့ များကြတယ်။ ပြတ်ကြတယ်။ သမီးက အဲ့လို ရည်းစား မများချင်ဘူး။ တချိန်မှာ ကိုယ်လက်ထပ်မယ့် အမျိုးသားတယောက်ကိုပဲ တွဲချင်တယ်။ ချစ်သူအဖြစ် ရွေးချယ်ချင်တယ်။ တွေ့တဲ့သူ ကောက်တွဲလိုက်တာမျိုး မဖြစ်ချင်တာကြောင့် အခုချိန်ထိ တယောက်တည်း ဖြစ်နေတာပါ။ ရည်းစားတယောက် ကောက်တွဲလိုက်တာ လွယ်တယ်။ တသက်လုံး လက်တွဲမယ့် အမျိုးသားတယောက်ဖြစ်မယ့် ချစ်သူတယောက်ကို ရဖို့ဆိုတာ ခက်တယ်”

“ကိုယ်တိုင်လည်း ကောင်းမွန်တဲ့ ယောကျာ်းတယောက်ပဲ လိုချင်တာမို့ ကိုယ်တိုင်က ကောင်းမွန်တဲ့ မိန်းမတယောက်အဖြစ် နေရမယ်။ ကိုယ့်ကိုယ်ကိုယ် အရင် ကောင်းမွန်အောင် နေတယ်။ အဘက်ဘက်က ပြည့်စုံတယ်လို့ ထင်ရလောက်တဲ့ မိန်းမတယောက်ဖြစ်ပြီဆိုရင်၊ နောက်ပြီး ကိုယ့်ကိုယ်လည်း တကယ်ချစ်တဲ့သူ တွေ့ရင်တော့ အိမ်ထောင်ပြုဖြစ်မှာပါ”လို့ ယဉ်လက်က ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးတဲ့ ယဉ်လက်က အခုလက်ရှိမှာလည်း ချစ်ရမယ့်သူ မရှိသေးဘူးလို့ ဆိုပါတယ်။


“လူတယောက်ကို ချစ်မိသွားလို့ရှိရင် အဲဒီလူ စိတ်ချမ်းသာဖို့အတွက် ဘာဖြစ်ဖြစ်လုပ်ရဲတယ်ဆိုတဲ့ စကားက မှန်တယ်။ ချစ်ရတဲ့သူဆိုတာကလည်း ရည်းစားမှ၊ ချစ်သူမှ မဟုတ်ဘူး။ လူတယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူ စိတ်ချမ်းသာဖို့အတွက်ပဲ တကယ်အရေးကြီးတာ။ ရည်းစားဖြစ်ဖြစ်၊ ချစ်သူဖြစ်ဖြစ် ရှိလာရင်လည်း အဲဒီလို စိတ်မျိုးဖြစ်လာမှာပါ။ ချစ်သူအဖြစ်တော့ မကြုံခဲ့ဖူးဘူး”

“ချစ်ရတဲ့သူဆိုတာ မိန်းကလေးလည်းရှိတာပဲ၊ မိသားစုလည်း ရှိတာပဲ။ လူတယောက်က တသမတ်တည်း တယောက်တည်းတော့ နေမှာ မဟုတ်ဘူး။ တချိန်ချိန်မှာ တယောက်ယောက်များ ပိုင်ဆိုင်ခဲ့သည်ရှိသော် ဘယ်လို ပူလောင်တဲ့ ခံစားချက်မျိုးမှ မခံစားချင်ဘူး ။ အခုလက်ရှိမှာလည်း ချစ်မယ့်လူ မရှိသေးပါဘူး။ တချိန်ချိန်မှာတော့ ရှိလာမှာပါ”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင် ယဉ်လက်ကတော့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး၊ အက်ရှင် ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်သူပါ။ သူ့ရဲ့ ဖိုက်တင် သရုပ်ဆောင်မှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading