Entertainment

၂၀၁၉ ခုနှစ်အတွင်း ချစ်သူအဖြစ်မှ လမ်းခွဲခဲ့ကြတဲ့ အနုပညာရှင်များ

Want create site? Find Free WordPress Themes and plugins.

၂၀၁၉ ခုနှစ် ကုန်လွန်သွားပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်အတွင်း ပရိသတ်ချစ်တဲ့ အနုပညာရှင် စုံတွဲများထဲမှ ချစ်သူအဖြစ်ကနေ လမ်းခွဲ ပြတ်စဲခဲ့ကြတဲ့ အနုပညာရှင်များလည်း ရှိခဲ့ပါတယ်။ သူတို့တွေကို ပရိသတ်တွေက တဦးချင်းစီ ချစ်ခင်အားပေးခဲ့ကြသလို စုံတွဲအဖြစ်လည်း ပရိသတ်များက ချစ်ခင်အားပေးခဲ့ကြပါတယ်။

(၁) သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ

အရမ်းချစ်ကြတဲ့ စုံတွဲတတွဲအဖြစ် ပရိသတ်ရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိကာ နှစ်ဖက်မိဘ သဘောတူညီမှုနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ပြီး သူရိယဘက်မှ မီဒီယာတခုရဲ့အင်တာဗျူးမှာ ဆုအိမ့်စံနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်း ဖြေလိုက်ရာမှ နှစ်ဦးသား ပြတ်စဲမှု စတင်ခဲ့တာ ဖြစ်ပါတယ်။ သူရိယရဲ့ ဖြေကြားမှုကြောင့် ဆုအိမ့်စံဘက်မှ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး တရားစွဲဆိုဖို့အထိ ဖြစ်ခဲ့ကာ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။

(၂) အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုး

မောင်လေးနဲ့ မမ စုံတွဲအဖြစ် သီချင်းများနဲ့ ရိုမန့်တစ်ဖြစ်ခဲ့ကြတဲ့ စုံတွဲ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူ နှစ်ဦးကလည်း ၂၀၁၉ နှစ်ကုန်ခါနီးမှာပဲ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ရဲ့လမ်းခွဲမှုမှာတော့ တဦးနဲ့တဦး အပြစ်မဆိုကြဘဲ နောက်ဆုံးအချိန်အထိ အေးချမ်းစွာ လမ်းခွဲလိုက်ကြတယ်လို့ ပြောလို့ရအောင် တိတ်ဆိတ်စွာ ပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့သီချင်း ၂ ပုဒ်ဖြစ်တဲ့ “အကယ်၍ လက်ထပ်ကြတဲ့အခါ” နဲ့ “ ရူးအောင် ချစ်တဲ့သူ” သီချင်းများကို ဖန်တီးခဲ့ကြပြီး ချစ်သူသက်တမ်း ၂ နှစ်ကျော် အကြာမှာ လမ်းခွဲပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

(၃) သရုပ်ဆောင် မိုးအောင်ရင် နဲ့ ခင်မြတ်နိုး

ပရိသတ် ချစ်ခင်အားပေးရတဲ့ မင်းသားတလက်ဖြစ်တဲ့ မိုးအောင်ရင်ကိုတော့ ပရိသတ်များက သူ မူးယစ်ဆေးဝါး အမှုနဲ့ အကျဉ်းထောင်ကျခဲ့တဲ့အပေါ်ကိုလည်း အပြစ်မမြင်ဘဲ ချစ်မြဲတိုင်း ချစ်ခင်ခဲ့ကြပါတယ်။

အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီး လအနည်းငယ်အတွင်းမှာတော့ မိုးအောင်ရင်ကို သူ့ရဲ့ရည်းစားဖြစ်သူ ခင်မြတ်နိုးက ကာမလိမ်လည်မှုဖြင့် တရားစွဲခဲ့တာကြောင့် မိုးအောင်ရင်ရဲ့ချစ်သူကို လူအများ သိရှိခဲ့ပြီး သူတို့ နှစ်ယောက်နဲ့ ပတ်သက်လို့ စိတ်ဝင်စားခဲ့ကြပါတယ်။

မိုးအောင်ရင်နဲ့ ခင်မြတ်နိုးတို့ ချစ်သူ နှစ်ဦးကတော့ ၂၀၁၆ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး မိုးအောင်ရင် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီးနောက်မှာတော့ ဖခင်ဖြစ်သူနဲ့အတူ မီဒီယာတခုရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ရာမှ ချစ်သူ ကောင်မလေးနဲ့ ပြတ်စဲတာဖြစ်ကြောင်း ပရိသတ်များက သိရှိခဲ့ပြီး ခင်မြတ်နိုးက တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

(၄) သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့ စုံတွဲ

၂၀၁၉ ခုနှစ်အတွင်းမှာ Sexy ဓာတ်ပုံများ ရိုက်ကူးလာခဲ့ပြီး ပရိသတ်ရဲ့စိတ်ဝင်စားမှု မြင့်တက်စေခဲ့တဲ့ သင်ဇာဝင့်ကျော်ကတော့ နိုင်ငံခြားသားတဦးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့ နှစ်ဦးကတော့ မော်လ်ဒိုက် ကမ်းခြေကို အပန်းဖြေခရီးသွားခဲ့ပြီး နောက်ပိုင်းမှာတော့ သင်ဇာဝင့်ကျော်က အနုပညာအလုပ်များနဲ့ အချိန်မပေးနိုင်ဘဲ နားလည် မရနိုင်တဲ့အတွက်ကြောင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြပါတယ်။

(၅) Beauty Blogger နေခြည်ဦးတို့ စုံတွဲ

နေခြည်ဦးလို့ ပြောတာနဲ့ ဆိုရှယ် မီဒီယာမှာ ပရိသတ်များက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ သူမရဲ့ Ex (ရည်းစားဟောင်း) နာမည်ကြီး မင်းသားကို တန်းမြင်ကြမှာဖြစ်ပြီး သူနဲ့ ပြတ်စဲပြီးနောက် ပရိသတ်များရှေ့မှာ အနုပညာလောကက မဟုတ်ဘဲ အပြင်လောက သူနဲ့ တရားဝင် တွဲခဲ့ပါတယ်။

မွေးနေ့ပွဲမှာ ချစ်သူအတွက် Surprise လက်ဆောင် ပေးခဲ့ပြီး နိုင်ငံခြားခရီးစဉ်များ အတူ သွားခဲ့တာကြောင့် လူအများရဲ့ ဝေဖန်မှုများ ရှိခဲ့ပါသေးတယ်။ နေခြည်ဦးအနေနဲ့ အဆိုပါ ချစ်သူ ကောင်လေးနဲ့ အချိန် ၁ နှစ်ကျော်အကြာမှာပဲ လမ်းခွဲခဲ့ပြီး Chillies (နေခြည်ဦး ပရိသတ်များ) က ပြန်တွဲစေချင်ကြတာမျိုး ရှိနေပါတယ်။

You may also like these stories:

နှစ်သစ်အတွက် ဆုတောင်းစကားပြောကြတဲ့ ပြည်သူချစ်အနုပညာရှင်များ

Instagram မှာ ခန္ဓာကိုယ်အသားပေး ဖော်တဲ့ပုံတွေ တင်ဖြစ်တဲ့ နေခြည်ဦး

Fan Meeting က ရတဲ့ ငွေကြေးနဲ့ အလှူလိုက်ရတဲ့အတွက် ပီတိဖြစ်နေတဲ့ ဝတ်မှုံရွှေရည်

Did you find apk for android? You can find new Free Android Games and apps.
Loading