ရန်ကင်းမြို့နယ်တရားရုံးတွင် လိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အကယ်ဒမီမေသန်းနုကိုတော့ ယနေ့ ဇန်နဝါရီ ၂ရက်နေ့မှာ ထောင်ဒဏ် ၁နှစ်ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် အခုလိုရေးသားထားပါတယ်။
“ကျနော်၏သားဖြစ်သူအတွက် သား၏မိခင်နှင့်ပတ်သက်၍ ရင်နှင့်အမျှ သားရောကျနော်ရောခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျနော်တို့သားအဖ၂ယောက်တွေ့ဆုံမည်ဖြစ်ပါသည်။ ယခုအချိန်အခါ တွင် သားဖြစ်သူ၏မိခင်အတွက် ကျနော်အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး မေတ္တာရပ်ခံအပ်ပါသည်” လို့ စင်ရော်မောင်မောင်က ရေးသားထားပါတယ်။
မေသန်းနုကိုတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် ၂၀၁၆ခုနှစ်ကတရားစွဲထားတာဖြစ်ပြီး မေသန်းနုမှ ငွေကျပ်သိန်း ၄၀၀ဖြင့် အာမခံရယူထားတာ ဖြစ်ပါတယ်။
မေသန်းနုကတော့ မကြာခင်ကရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
You may also like these stories:
“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်မှာ ဝတ်မှုံရွှေရည်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ Ryu Sang Wook
“တိမ်တွေပေါ်ကပန်း”ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ စင်ရော်မောင်မောင်တို့ သားအဖ
ဖခင်ထံကနေ အမွေအကုန်လုံး ရခဲ့တဲ့ မင်းသန့်မောင်မောင်အကြောင်း ပြောပြတဲ့ မေသန်းနု