Marvel စတူဒီယို ဥက္ကဋ္ဌ Kevin Feige က မကြာမီ ပထမဆုံးလိင်ပြောင်း စူပါဟီးရိုး လာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ Marvel Cinematic Universe ထဲမှာ ဂေးနဲ့ နားမကြားဇာတ်ကောင်တွေ ပါဝင်လာဖို့ စီစဉ်ထားတဲ့ Marvel စတူဒီယို ဥက္ကဋ္ဌက လိင်ပြောင်းလဲခံယူထားတဲ့ အသိုင်းအဝန်းကို ကိုယ်စားပြုမယ့် ရုပ်ရှင်တွေလာမယ်လို့ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
နယူးယောက်ရုပ်ရှင် အကယ်ဒမီမှာပြုလုပ်တဲ့ ပွဲတခုမှာ ဥက္ကဋ္ဌ Feige က “လိင်ပြောင်း စူပါဟီးရိုး တယောက်ဟာ ကျနော်တို့ အခုရိုက်ကူးနေတဲ့ ရုပ်ရှင်တခုမှာ ပါဝင်လာမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ပရိသတ်တွေကတော့ အဲ့ဒီ ပထမဆုံးလိင်ပြောင်း စူပါဟီးရိုးဇာတ်ကောင်ဟာ ၂၀၂၁ ခုနှစ်မှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ “Thor: Love and Thunder” ရုပ်ရှင်မှာ စတင်ပါဝင်လာမယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။ Thor ရဲ့ စကြာဝဠာမှာ အမျိုးသားအိန်ဂျယ်တွေကနေ နတ်သက်ကြွေလာခဲ့ပေမယ့် အမျိုးသမီး အသွင် ပြောင်းလဲသွားသူ Sere ဇာတ်ကောင်ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
ဒါ့အပြင် Marvel စတူဒီယိုအနေနဲ့ အဲ့ဒီလိင်ပြောင်း စူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ဖို့ လိင်ပြောင်း မင်းသမီး တယောက်ကို ရှာဖွေနေတယ်လို့လည်း သိရပါတယ်။
Avengers: Endgame နဲ့ Beauty and the Beast ရုပ်ရှင်တွေမှာ ဂေး ဇာတ်ကောင်တွေ ပါဝင်ခဲ့ပေမယ့် အဲ့ဒီက ဇာတ်ကောင်တွေအနေနဲ့ ပါဝင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် တချို့နိုင်ငံတွေမှာ အဲ့ဒီဇာတ်ကောင်တွေ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်ထားတဲ့ ဗားရှင်းကိုသာ ပြသခဲ့ကြပါတယ်။
Marvel စတူဒီယိုဟာ အခုနှစ် နိုဝင်ဘာလမှာ ဖြန့်ချိမယ့် The Eternals ရုပ်ရှင်မှာ ပထမဆုံး ဂေး ဇာတ်ကောင်ကို ပြသဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီရုပ်ရှင်မှာတော့ နာမည်ကျော် မင်းသမီး အင်ဂျလီနာဂျိုလီ၊ မင်းသား Kit Hartington တို့ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် Marvel ရဲ့ ပထမဆုံး နားမကြား ဇာတ်ကောင်ကိုလည်း ပွဲထုတ်ဖို့ ရှိသလို ၂၀၂၁ ခုနှစ်မှာ ထွက်ရှိ လာမယ့် “Shang-Chi and the Legend of the Ten Rings” ရုပ်ရှင်မှာလည်း ပထမဆုံး အာရှနွယ်ဖွား အမေရိကန် စူပါဟီးရိုးကိုလည်း ချပြဖို့ ရှိနေပါတယ်။
Ref: contactmusic
You may also like these stories:
Doctor Strange နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ကောင်အသစ် မိတ်ဆက်မယ့် Marvel
Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော
Tom Hiddleson ရဲ့ Loki ဇာတ်ကောင်နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတဲ့ Marvel