“Birds of Prey” ရုပ်ရှင် Trailer ထွက်ရှိလာခဲ့ချိန်မှာ ပရိသတ်တွေကြား ပွက်လောရိုက်သွားခဲ့တဲ့ ကိစ္စတခုရှိခဲ့ပြီး အဲဒါကတော့ Joker ကို Trailer မှာ မတွေ့လိုက်ရတာကြောင့် ဖြစ်ပါတယ်။ “Suicide Squad” ရုပ်ရှင်မှာတုန်းက Joker နဲ့ Harley Quinn တို့ကို တပေါင်းတစည်း တွေ့မြင်ခဲ့ရတာဖြစ်ပြီး Birds of Prey မှာလည်း Joker ပါဝင်လာဖို့ ရှိ၊ မရှိကို ရုပ်ရှင်ပရိသတ် တော်တော်များများက သိချင်နေကြပါတယ်။
“Birds of Prey” ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းပေါင်းများစွာ ထွက်ပေါ်ခဲ့ဖူးပြီး Joker နဲ့ Harley တို့ ဇာတ်လမ်းဟာ တခန်းရပ်ခဲ့ပြီဖြစ်ပေမယ့် တချို့သော ပရိသတ်တွေကတော့ Joker ကို ဇာတ်ဝင်ခန်း အနည်းအကျဉ်းပဲဖြစ်ဖြစ် တွေ့မြင်ရဖို့ မျှော်လင့်နေကြတာပါ။
တဖက်မှာတော့ မင်းသား Jared Leto ဟာ Joker ဇာတ်ကောင်နေရာကနေ အနားယူလိုက်ပြီဖြစ်တာကြောင့် တခြား သရုပ်ဆောင်အသစ်တယောက်ကို Joker အနေနဲ့ တွေ့မြင်ရဖို့ ရှိမလားလို့လည်း ပရိသတ်တွေက ခန့်မှန်းကာ ဇဝေဇဝါ ဖြစ်ကြရပြန်ပါတယ်။
သိပ်မကြာသေးခင်က အင်တာဗျူးတခုမှာတော့ Harley Quinn သရုပ်ဆောင် မင်းသမီး Margot Robbie ဟာ Joker နဲ့ပတ်သက်တဲ့ အတည်ပြုမှုတခုကို ထည့်သွင်းဖြေဆိုခဲ့ပြီး Birds of Prey ရုပ်ရှင်မှာ Joker ပါဝင်လာဖို့ မရှိဘူးလို့ အတိအလင်း ဖြေကြားခဲ့တာပါ။
DC ရဲ့နာမည်ကျော်ဗီလိန်ဇာတ်ကောင်တဦးဖြစ်တဲ့ Joker ကို နောက်ထပ် ထပ်မံထွက်ရှိလာမယ့် ရုပ်ရှင်တွေမှာ တွေ့မြင်ရဦးမှာလား၊ တကယ်လို့များ တွေ့မြင်ရဖို့ရှိတယ်ဆိုရင်လည်း Joker နေရာမှာ သရုပ်ဆောင်အသစ် ရွေးချယ်ဖို့ အစီအစဉ်ရှိမလားဆိုတာကတော့ Warner Bros. ကုမ္ပဏီကသာ ဖြေကြားပေးနိုင်မယ့် မေးခွန်းတွေဖြစ်ပြီး ပရိသတ်တွေကတော့ ဒါနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Joker Universe မှာ Harley Quinn အဖြစ် သရုပ်ဆောင်ဖို့ မင်းသမီး Kate Mara ရေပန်းစားနေ
စူပါဟီးရိုး ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြတဲ့ နာမည်ကျော်များ
Joker နောက်ဆက်တွဲရုပ်ရှင်မှာ တွေ့မြင်ရနိုင်ခြေရှိတဲ့ Superman နဲ့ Lex Luthor